၁ ရာချုပ် 6:1 - Common Language Bible လေဝိတွင်ဂေရရှုံ၊ ကောဟတ်၊ မေရာရိဟူ၍ သားသုံးယောက်ရှိ၏။ Garrad Bible လေ ဝိ သား များ ကား ဂေ ရ ရှုံ၊ ကော ဟတ်၊ မေ ရာ ရိ တို့ တည်း။ Judson Bible လေဝိသားကား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ မြန်မာ့စံမီသမ္မာကျမ်း လေဝိ၏သားများမှာ ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။ |
ဒါဝိဒ်သည်လေဝိအနွယ်ဝင်တို့အားမိမိတို့ သားချင်းစုများအလိုက်ဂေရရှုံ၊ ကောဟတ် နှင့်မေရာရိဟူ၍အစုသုံးစုခွဲတော်မူ၏။
အဖနှင့်သားနာမည်များအစဉ်လိုက် အတိုင်း ဂေရရှုံ၏သားမြေးစာရင်းမှာ ဂေရရှုံ၊ လိဗနိ၊ ယာဟတ်၊ ဇိမ္မ၊-
ထိုသူတို့သည်ဘုရားသခင်၏ကျေးဇူးတော် ကြောင့် မဟာလိသားချင်းစုမှလေဝိအနွယ် ဝင်၊ အရည်အချင်းကောင်းမွန်သူရှေရဘိကို ငါတို့ထံသို့စေလွှတ်လေသည်။ သူ၏သားနှင့် ညီအစ်ကိုတစ်ဆယ့်ရှစ်ယောက်တို့သည်လည်း အတူလိုက်ပါလာကြ၏။-
လေဝိ၏သားသုံးယောက်မှာဂေရရှုံ၊ ကော ဟတ်၊ မေရာရိတို့ဖြစ်ကြ၏။ ဤသူတို့သည် မိမိတို့၏နာမည်များကိုခံယူသောအဆက် အနွယ်များ၏ဖခင်များဖြစ်ကြ၏။ လေဝိ သည်တစ်ရာသုံးဆယ့်ခုနစ်နှစ်အထိအသက် ရှည်၏။-
လေဝိအနွယ်တွင်ဂေရရှုံသားချင်းစု၊ ကော ဟတ်သားချင်းစုနှင့်မေရာရိသားချင်းစု တို့ပါဝင်ကြသည်။-
လေဝိတွင်ဂေရရှုန်၊ ကောဟတ်၊ မေရာရိဟူ ၍သားသုံးယောက်ရှိ၏။ သူတို့သည်မိမိတို့ နာမည်ခံသားချင်းစုတို့၏ဘိုးဘေးများ ဖြစ်ကြသည်။ ဂေရရှုန်တွင်လိဗနိနှင့်ရှိမိ ဟူ၍သားနှစ်ယောက်၊ ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလဟူ၍သား လေးယောက်၊ မေရာရိတွင်မဟာလိနှင့် မုရှိ ဟူ၍သားနှစ်ယောက်အသီးသီးရှိကြ၏။ သူတို့သည်မိမိတို့နာမည်ခံမိသားစု များ၏ဘိုးဘေးများဖြစ်ကြ၏။