သူတို့သည်ထူးချွန်သောစစ်သူရဲများဖြစ် သဖြင့် ဒါဝိဒ်၏တပ်သားတို့ကိုအုပ်ချုပ်သူ အရာရှိများအဖြစ်ဖြင့်အမှုထမ်းရကြ ၏။ နောင်အခါ၌သူတို့သည်ဣသရေလ တပ်မတော်တွင်အရာရှိများဖြစ်လာကြ လေသည်။-
၁ ရာချုပ် 5:24 - Common Language Bible သူတို့သားချင်းစုခေါင်းဆောင်များမှာဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟော ဒဝိနှင့်ယာဒျေလတို့ဖြစ်ကြ၏။ ထိုသူတို့ အားလုံးသည်ထူးချွန်သောစစ်သူရဲများ ဖြစ်၍ မိမိတို့၏သားချင်းစုများပေါ်တွင် ထင်ပေါ်ကျော်စောသူများဖြစ်ကြ၏။ Garrad Bible အိမ် ထောင် များ တွင် အ အုပ် အ ချုပ် ဖြစ် လျက် ကျော် စော ကိ တ္တိ ရှိ သော စစ် ခေါင်း မာ သူ များ ကား ဧ ဖေ ရ၊ ဣ ရှိ၊ ဧ လျေ လ၊ အာ ဇ ရေ လ၊ ယေ ရ မိ၊ ဟော ဒ ဝိ၊ ယာ ဒျေ လ တို့ တည်း။ Judson Bible အဆွေအမျိုးသူကြီးများဟူမူကား၊ ခွန်အားကြီး၍ ကျော်စောသော စစ်သူရဲဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလတည်း။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏အိမ်ထောင်စုခေါင်းဆောင်များမှာ ဧဖေရ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလ တို့ဖြစ်ပြီး သူတို့သည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ၊ နာမည်ကျော်ကြားသူများ၊ အိမ်ထောင်စုခေါင်းဆောင်များ ဖြစ်ကြ၏။ |
သူတို့သည်ထူးချွန်သောစစ်သူရဲများဖြစ် သဖြင့် ဒါဝိဒ်၏တပ်သားတို့ကိုအုပ်ချုပ်သူ အရာရှိများအဖြစ်ဖြင့်အမှုထမ်းရကြ ၏။ နောင်အခါ၌သူတို့သည်ဣသရေလ တပ်မတော်တွင်အရာရှိများဖြစ်လာကြ လေသည်။-
အပ္ပိမ်၏သားသည်ဣရှိ၊ ဣရှိ၏သားမှာရှေရှန်၊ ရှေရှန်၏သားကားအာလဲဖြစ်၏။
အရှေ့ပိုင်းမနာရှေမှလူတို့သည်ဗာရှန် ပြည်တွင်မြောက်သို့လားသော်ဗာလဟေရ မုန်မြို့၊ စနိရမြို့နှင့်ဟေရမုန်တောင်ပိုင်း တိုင်အောင်ပြန့်နှံ့လျက်အခြေစိုက်နေထိုင် ကြလေသည်။ သူတို့၏လူဦးရေသည် လည်းများစွာတိုးတက်၍လာ၏။-
သို့ရာတွင်သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားကိုသစ္စာဖောက်ကြ၏။ သူတို့ သည်မိမိတို့၏တိုင်းပြည်မှဘုရားသခင် နှင်ထုတ်ထားတော်မူသောသူတို့၏ဘုရား ကိုကိုးကွယ်ဝတ်ပြုရန်ကိုယ်တော်ကိုစွန့် ပစ်ကြ၏။-
သြဇိတွင်ဣဇရဟိဟူသောသားတစ် ယောက်ရှိ၏။ ဣဇရဟိနှင့်သူ၏သားများ ဖြစ်ကြသောမိက္ခေလ၊ သြဗဒိ၊ ယောလ၊ ဣရှယတို့သည်အိမ်ထောင်ဦးစီးများ ဖြစ်ကြ၏။-