ထမ်းပိုးအဖျားများကိုသန့်ရှင်းရာဌာနတော် အဝင်ဝတစ်နေရာမှတွေ့မြင်နိုင်သော်လည်း အခြားမည်သည့်နေရာကမျှမတွေ့မမြင် နိုင်။ ထိုထမ်းပိုးများသည်ယနေ့တိုင်အောင်ထို နေရာတွင်ရှိပေသေး၏။-
၁ ရာချုပ် 4:43 - Common Language Bible သူတို့သည်အာမလက်အမျိုးသားအကြွင်း အကျန်တို့ကိုလုပ်ကြံသတ်ဖြတ်ပြီးလျှင် ထိုအရပ်တွင်ယနေ့တိုင်အောင်နေထိုင် လျက်ရှိကြ၏။ Garrad Bible စိ ရ တောင် သို့ ချီ တက်၍ အ ထက် စစ် ဘေး လွတ် သူ အာ မ လက် အ မျိုး သား အ ကျန် အ ကြွင်း တို့ ကို လုပ် ကြံ သ ဖြင့် ယ နေ့ တိုင် အောင် နေ ရာ ကျ ကြ၏။ Judson Bible အရင်လွတ်သော အာမလက်အမျိုးသား အကျန်အကြွင်းကိုလုပ်ကြံ၍ ထိုအရပ်၌ ယနေ့တိုင်အောင်နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်၌ လွတ်မြောက်၍ကြွင်းကျန်နေသောအာမလက်လူမျိုးတို့ကို သုတ်သင်ပြီး ထိုအရပ်တွင် နေထိုင်ခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်၏။ |
ထမ်းပိုးအဖျားများကိုသန့်ရှင်းရာဌာနတော် အဝင်ဝတစ်နေရာမှတွေ့မြင်နိုင်သော်လည်း အခြားမည်သည့်နေရာကမျှမတွေ့မမြင် နိုင်။ ထိုထမ်းပိုးများသည်ယနေ့တိုင်အောင်ထို နေရာတွင်ရှိပေသေး၏။-
သို့ဖြစ်၍ငါသည်ယုဒမြို့များနှင့်ယေရု ရှလင်လမ်းများအပေါ်သို့ ငါ၏ဒေါသ အမျက်တော်ကိုသွန်းလောင်း၍ ထိုမြို့တို့ကို မီးလောင်စေတော်မူ၏။ ထိုမြို့များသည်ယို ယွင်းပျက်စီးလျက်ကျန်ရစ်ပြီးလျှင် ယနေ့ တွေ့မြင်နေရသည့်အတိုင်းလူတို့ရှေ့တွင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေ၏။
စစ်သားတို့သည်ငွေကိုယူ၍ယဇ်ပုရောဟိတ်ကြီး များသင်ကြားပေးလိုက်သည့်အတိုင်းပြောကြ၏။ စစ်သားတို့ပြောကြားသည့်သတင်းကိုယနေ့တိုင် အောင်ယုဒအမျိုးသားတို့သည်အနှံ့အြုပားပြောဆို ကြ၏။
ထာဝရဘုရားသည်မောဘပြည်၊ ဗက်ပေ ဂုရမြို့တစ်ဘက်ရှိချိုင့်ဝှမ်း၌ မောရှေ၏ အလောင်းကိုသင်္ဂြိုဟ်တော်မူ၏။ သို့ရာတွင် ယနေ့တိုင်အောင်မောရှေ၏သင်္ချိုင်းနေရာ အတိအကျကိုမည်သူမျှမသိရချေ။-
ထိုသူသည်ဟိတ္တိပြည်သို့သွားပြီးလျှင် မြို့ တစ်မြို့ကိုတည်ထောင်ကာ ထိုမြို့ကိုလုဇမြို့ ဟုခေါ်ဝေါ်သမုတ်သဖြင့် ထိုမြို့သည်ယနေ့ တိုင်အောင်လုဇမြို့ဟူ၍နာမည်တွင်လျက် ရှိသတည်း။
ဒါဝိဒ်ကိုထိုသူတို့ထံသို့ခေါ်ဆောင်သွားလေသည်။ ထိုသူတို့သည်ဖိလိတ္တိပြည်နှင့်ယုဒပြည်တို့မှ ပစ္စည်းဥစ္စာအမြောက်အမြားကို သိမ်းယူရရှိခဲ့ သဖြင့် နေရာအနှံ့အပြားတွင်စားသောက်ကာ အောင်ပွဲခံလျက်နေကြ၏။-
ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။-