ဒါဝိဒ်သည်ဟေဗြုန်မြို့မှပြောင်းရွှေ့သွားပြီး နောက်ယေရုရှလင်မြို့တွင်မောင်းမများနှင့် မိဖုရားများကို ထပ်မံသိမ်းပိုက်တော်မူ သဖြင့်သားသမီးများကိုထပ်မံရရှိ တော်မူပြန်၏။-
၁ ရာချုပ် 3:9 - Common Language Bible ဤသားများအပြင်မောင်းမတော်များနှင့်ရရှိ သည့်သားများရှိသေးသည်။ သူ့မှာတာမာနာ မည်တွင်သောသမီးတော်တစ်ပါးလည်းရှိ၏။ Garrad Bible ထို သူ အ ပေါင်း တို့ သည် မောင်း မ ကိုယ် လုပ် တော် များ တွင် ရ သော သား တို့ ကို ချန် လှပ်၍ ဒါ ဝိဒ် မင်း သား တော် များ ဖြစ် ကြ ကုန်၏။ နှ မ တာ မာ လည်း ရှိ၏။ Judson Bible ဤရွေ့ကား မယားငယ်တွင် ရသောသားတို့ကိုမဆိုဘဲ ဒါဝိဒ်၏သားများတည်း။ နှမတာမာလည်းရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသားများအပြင် မောင်းမများနှင့်ရသော ဒါဝိဒ်မင်းကြီး၏သားများလည်း ရှိသေး၏။ သူတို့တွင် တာမာဟူသောနှမတော်တစ်ဦးလည်း ရှိ၏။ |
ဒါဝိဒ်သည်ဟေဗြုန်မြို့မှပြောင်းရွှေ့သွားပြီး နောက်ယေရုရှလင်မြို့တွင်မောင်းမများနှင့် မိဖုရားများကို ထပ်မံသိမ်းပိုက်တော်မူ သဖြင့်သားသမီးများကိုထပ်မံရရှိ တော်မူပြန်၏။-
ကိုယ်တော်သည်ငါ့အားသားများထွန်းကား စေတော်မူ၍ထိုသားတို့အနက်ရှောလမုန် ကိုထာဝရဘုရား၏နိုင်ငံတည်းဟူသော ဣသရေလပြည်ကိုအုပ်စိုးရန်ရွေးချယ် တော်မူ၏။''
အဖအမည်နှင့်သားအမည်မျိုးရိုးစဉ်ဆက်မှာ ရှောလမုန်၊ ရောဗောင်၊ အဘိယ၊ အာသံ၊ ယောရှဖတ်၊ ယောရံ၊ အာခဇိ၊ ယောရှ၊ အာမဇိ၊ သြဇိ၊ ယောသံ၊ အာခတ်၊ ဟေဇကိ၊ မနာရှေ၊ အာမုန်၊ ယောရှိတည်း။-