၁ ရာချုပ် 3:19 - Common Language Bible ပေဒါယတွင်ဇေရုဗဗေလနှင့် ရှိမိဟူသော သားတော်နှစ်ပါးရှိ၏။ ဇေရုဗဗေလတွင် မေရှုလံနှင့်ဟာနနိဟူသောသားတော်နှစ် ပါးနှင့် ရှေလောမိတ်ဟူသောသမီးတော် တစ်ပါးရှိ၏။- Garrad Bible ပေ ဒါ ယ သား များ ကား ဇေ ရု ဗ ဗေ လ နှင့် ရှိ မိ တို့ တည်း။ ဇေ ရု ဗ ဗေ လ သား များ ကား၊ မေ ရှု လံ၊ ဟာ န နိ၊ နှ မ ရှေ လော မိတ် တို့ နှင့် တ ကွ Judson Bible ရှာလသေလသားကား ဇေရုဗဗေလနှင့် ရှိမိတည်း။ ဇေရုဗဗေလသားကား မေရှုလံ၊ ဟာနနိ၊ နှမရှေလောမိတ်နှင့်တကွ၊ မြန်မာ့စံမီသမ္မာကျမ်း ပေဒါယ၏သားများမှာ ဇေရုဗဗေလနှင့် ရှိမိ တို့ဖြစ်ကြ၏။ ဇေရုဗဗေလ၏သားများမှာ မေရှုလံ၊ ဟာနနိယနှင့် သူတို့၏နှမရှေလောမိတ် တို့ဖြစ်ကြ၏။ |
ထို့ပြင်ဟရှုဘ၊ သြဟေလ၊ ဗေရခိ၊ ဟသဒိ၊ ယုရှဿေသက်ဟူ၍အခြားသားတော်ငါး ပါးလည်းရှိ၏။
သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံနှင့်ဗာနာတို့ဖြစ်ကြ၏။ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူသားချင်းစုအလိုက် လူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်၏။
ယောဇဒက်၏သားယောရှုနှင့်အဖော်ယဇ်ပုရော ဟိတ်များ၊ ရှာလသေလ၏သားဇေရုဗဗေလ နှင့်တကွ သူ၏ဆွေမျိုးသားချင်းများသည် ဘုရားသခင်၏အစေခံမောရှေစီရင်သည့် ပညတ်ကျမ်းတွင်ပါရှိသောညွှန်ကြားချက် များအတိုင်း ယဇ်များကိုမီးရှို့ပူဇော်နိုင် ရန်ယဇ်ပလ္လင်ကိုတည်ဆောက်ကြ၏။-
ပေရသိပြည်ဧကရာဇ်ဒါရိမင်းနန်းစံ ဒုတိယနှစ်ဆဋ္ဌမလတစ်ရက်နေ့၌ ထာဝရ ဘုရားသည်ပရောဖက်ဟ္ဂဲအားဗျာဒိတ် ပေးတော်မူပါ၏။ ထိုဗျာဒိတ်တော်သည်ယုဒ ဘုရင်ခံရှာလသေလ၏သားဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ်မင်းယောဇဒတ်၏သား ယောရှုတို့အတွက်ဖြစ်၏။
ကိုယ်တော်ကဟ္ဂဲအားဤသို့ပြောကြားစေ တော်မူပါ၏။ ကိုယ်တော်က၊ သင်သည်ယုဒ ဘုရင်ခံဇေရုဗဗေလ၊ ယဇ်ပုရောဟိတ် မင်းယောဇဒတ်၏သားယောရှုနှင့်ကျန် ကြွင်းသောပြည်သူတို့အား၊-
သို့ရာတွင် အို ပြည်သူအပေါင်းတို့၊ စိတ်အား မငယ်ကြနှင့်။ ငါသည်သင်တို့နှင့်အတူရှိ သည်ဖြစ်၍မိမိတို့လုပ်ဆောင်ရန်ရှိသည့် အမှုကိုသာသင်တို့လုပ်ဆောင်ကြလော့''ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့် တော်မူ၏။-
ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရပြီးနောက်၊ ယေခေါနိရသောသား သည်ရှာလသေလ၊ ရှာလသေလ၏သားမှာဇေရုဗ ဗေလဖြစ်၏။-