၁ ရာချုပ် 29:8 - Common Language Bible ကျောက်မျက်ရတနာများရှိကြသူတို့သည် ယင်းတို့ကိုလေဝိအနွယ်ဝင်ဂေရရှုံသား ချင်းစုမှယေဟေလအုပ်ချုပ်သည့်ဗိမာန် တော်ဘဏ္ဍာတိုက်သို့ပေးလှူကြ၏။- Garrad Bible ကျောက် မျက် ရှိ သူ တို့ လည်း ဂေ ရ ရှုံ အ နွယ် ယ ဟေ လ ကြည့် ကြပ် ရ သော ဘ ဏ္ဍာ တိုက် သို့ သွင်း လှူ ကြ၏။ Judson Bible ကျောက်မြတ်ရှိသော သူတို့သည်လည်း ဂေရရှုံအမျိုးသား ယေဟေလလက်ဖြင့် ထာဝရဘုရား၏ အိမ်တော်ဘဏ္ဍာထဲသို့ သွင်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ကျောက်မျက်ရတနာရှိသူများက ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ကို တာဝန်ယူရသူ ဂေရရှုန်အမျိုး ယေဟေလလက်သို့ ပေးအပ်ကြ၏။ |
မင်းကြီးသည်ဗိမာန်တော်ကိုလှပသော ကျောက်မျက်ရတနာများဖြင့်ချယ်လှယ်၍ ပါရဝိမ်ပြည်မှတင်သွင်းသောရွှေဖြင့်မွမ်း မံတော်မူ၏။-
ထာဝရဘုရားအားလှူဖွယ်ဝတ္ထုဆက်ကပ် ရန် စိတ်စေတနာရှိသူအပေါင်းတို့သည်၊ ထာ ဝရဘုရားစံတော်မူရာတဲတော်အတွက်၊ လှူ ဖွယ်ဝတ္ထုများကိုယူဆောင်လာကြ၏။ သူတို့ သည်ဘုရားဝတ်ပြုရာ၌လိုအပ်သောပစ္စည်း၊ ယဇ်ပုရောဟိတ်တို့၏အဝတ်အထည်များ ပြုလုပ်ရန်ပစ္စည်းများကိုယူဆောင်ခဲ့ကြ၏။-