ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊-
၁ ရာချုပ် 28:18 - Common Language Bible နံ့သာပေါင်းကိုမီးရှို့ရာယဇ်ပလ္လင်အတွက် နှင့်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကို အတောင်ဖြင့်လွှမ်းမိုးထားသော ခေရုဗိမ်များကသည့်ရထားအတွက် ရွှေစင်မည်မျှအသုံးပြုရမည်ကိုညွှန် ကြားတော်မူ၏။- Garrad Bible နံ့ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် တော် အ ဖို့ ချွတ် ပြီး ရွှေ ချိန် ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို အ တောင် ဖြင့် ဖုံး လွှမ်း သော စီး နင်း တော် မူ ရာ ခေ ရု ဗ အ ဖို့ ရွှေ ချိန် ကို လည်း ကောင်း အပ် ပေး ၏။ Judson Bible နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဖို့ ရွှေစင်ကိုလည်းကောင်း၊ အတောင်တို့ကိုဖြန့်၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံအဖို့ ရွှေကိုလည်းကောင်း ချိန်၍အပ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်အတွက် ရွှေစင်အလေးချိန်အလိုက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို အုပ်မိုးထားသော၊ အတောင်ပံဖြန့်ထားသော ခေရုဗိမ်ရထားပုံစံအတွက်ရွှေအလေးချိန်အလိုက် ပေးအပ်ပြီးလျှင် |
ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊-
အမဲသားချိတ်များ၊ ဖလားများ၊ အိုးများ အတွက်ရွှေစင်မည်မျှအသုံးပြု၍ ပန်းကန် များအတွက်ငွေနှင့်ရွှေမည်မျှအသုံးပြု ရမည်၊-
ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်၊ လေ၏အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
ထာဝရဘုရားသည်အင်အားကြီးမားသည့် စစ်ရထားထောင်ပေါင်းများစွာနှင့် သိနာတောင်မှသန့်ရှင်းမြင့်မြတ်သည့် အရပ်သို့ ကြွလာတော်မူ၏။
ဣသရေလအမျိုးသားတို့၏သိုးထိန်းတော် ကြီး၊ ကျွန်တော်မျိုးတို့၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ သိုးစုတော်ကိုရှေ့ဆောင်လမ်းပြတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့လျှောက်ထားချက်ကို နားညောင်းတော်မူပါ။ ခေရုဗိမ်ရုပ်အထက်စံတော်မူသောအရှင်၊
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
သေတ္တာတော်ပေါ်တွင်ခေရုဗိမ်ရုပ်များရှိ၏။ ခေရု ဗိမ်တို့သည်ဘုရားသခင်ကိန်းဝပ်တော်မူခြင်းကို သရုပ်ဆောင်ကြ၏။ သူတို့၏အတောင်များသည် အပြစ်ဖြေရာပလ္လင်ကိုဖြန့်လျက်နေ၏။ ထိုအရာ များကိုယခုအသေးစိတ်ဖော်ပြရန်မလိုပေ။
ထို့ကြောင့်သူတို့သည်ရှိလောမြို့သို့စေတမန် များကိုလွှတ်၍ ခေရုဗိမ်အထက်စံတော်မူ သောအနန္တတန်ခိုးရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုယူဆောင်လာစေ ၏။ ဧလိ၏သားများဖြစ်ကြသောဟောဖနိ နှင့်ဖိနဟတ်တို့သည် ပဋိညာဉ်သေတ္တာတော် နှင့်အတူလိုက်ပါလာကြ၏။