မင်းကြီးသည်ခွက်ဖလားများအတွက်၊ မီးခွက်နှင့်မီးတင်ခုံတစ်ခုစီအတွက်၊ ရွှေ စားပွဲများအတွက်နှင့် ထာဝရဘုရား အားပူဇော်ရာမုန့်များတင်သည့်ရွှေစား ပွဲတစ်ခုစီအတွက်ငွေချိန်၊ ရွှေချိန်မည် မျှအသုံးပြုရမည်ကိုညွှန်ကြားတော် မူ၏။-
ရွှေ အ သုံး အ ဆောင် တော် အ မျိုး မျိုး အ ဖို့ ရွှေ ချိန် ကို လည်း ကောင်း၊ ငွေ အ သုံး အ ဆောင် တော် အ မျိုး မျိုး အ ဖို့ ငွေ ချိန် ကို လည်း ကောင်း၊
အမှုတော်အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေတန်ဆာရှိသမျှတို့အဖို့ ရွှေကိုလည်းကောင်း၊ ငွေတန်ဆာရှိသမျှတို့အဖို့ ငွေကိုလည်းကောင်း ချိန်၍ အပ်တော်မူ၏။
အမှုတော်ထမ်းဆောင်ရာတွင်လိုအပ်သောရွှေထည်အသုံးအဆောင်အားလုံးအတွက် ရွှေအလေးချိန်အလိုက်၊ အမှုတော်ထမ်းဆောင်ရာတွင်လိုအပ်သောငွေထည်အသုံးအဆောင်အားလုံးအတွက် ငွေအလေးချိန်အလိုက်၊
ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အား မိမိတို့တာဝန်ဝတ္တရား များကိုထမ်းဆောင်မှု၊ ဗိမာန်တော်ဝေယျာ ဝစ္စများကိုဆောင်ရွက်မှုနှင့်၊ ဗိမာန်တော် ခွက်ဖလားများကိုထိန်းသိမ်းမှုတို့ အတွက်စည်းရုံးဖွဲ့စည်းခြင်းဆိုင်ရာ အစီအစဉ်များကိုလည်းပေးအပ် တော်မူ၏။-
ငါသည်ဗိမာန်တော်တည်ဆောက်ရန်ပစ္စည်း များဖြစ်သည့်ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်၊ ကျောက်မျက်ရတနာ၊ ကျောက်စီပန်းဖော် ကျောက်များနှင့် မြောက်မြားစွာသောကျောက် ဖြူတို့ကိုစုဆောင်းပြင်ဆင်ထားရန်အစွမ်း ကုန်ကြိုးစားအားထုတ်ခဲ့၏။-
သူတို့သည်ပြဋ္ဌာန်းသတ်မှတ်ထားသည့်ပုံစံ နှင့်အညီရွှေမီးတင်ခုံဆယ်ခုနှင့်စားပွဲဆယ် လုံးကိုပြုလုပ်၍ ဗိမာန်တော်ခန်းမဆောင်တွင် လက်ယာဘက်၌ငါးလုံး၊ လက်ဝဲဘက်၌ငါး လုံးထားကြ၏။ ရွှေဖလားတစ်ရာကိုလည်း ပြုလုပ်ကြ၏။
ထိုနောက်စတုတ္ထနေ့၌ဗိမာန်တော်သို့သွား၍ ရွှေငွေနှင့်အသုံးအဆောင်များကိုချိန်တွယ် ကာ ဥရိယ၏သားယဇ်ပုရောဟိတ်မေရမုတ် လက်သို့ပေးအပ်ကြ၏။ သူနှင့်အတူဖိနဟတ် ၏သား ဧလာဇာနှင့်လေဝိအနွယ်ဝင်နှစ်ဦး ဖြစ်ကြသော ယောရှု၏သားယောဇဗဒ်နှင့် ဗိနွိ၏သားနောဒိတို့လည်းရှိကြ၏။-