ဒါဝိဒ်သည်လေဝိအနွယ်ဝင်တို့အားမိမိတို့ သားချင်းစုများအလိုက်ဂေရရှုံ၊ ကောဟတ် နှင့်မေရာရိဟူ၍အစုသုံးစုခွဲတော်မူ၏။
၁ ရာချုပ် 28:13 - Common Language Bible ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အား မိမိတို့တာဝန်ဝတ္တရား များကိုထမ်းဆောင်မှု၊ ဗိမာန်တော်ဝေယျာ ဝစ္စများကိုဆောင်ရွက်မှုနှင့်၊ ဗိမာန်တော် ခွက်ဖလားများကိုထိန်းသိမ်းမှုတို့ အတွက်စည်းရုံးဖွဲ့စည်းခြင်းဆိုင်ရာ အစီအစဉ်များကိုလည်းပေးအပ် တော်မူ၏။- Garrad Bible ခွဲ ထား သော ပ ရော ဟိတ် များ၊ လေ ဝိ ဂိုဏ်း သား များ တို့ နေ ရာ နှင့် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် လုပ် ကိုင် မှု မှ စ၍ ဆိုင် ရာ အ ဆောင် အ ရွက် တော် ရှိ သ မျှ ပုံ စံ များ နှင့် တ ကွ၊ Judson Bible ယဇ်ပုရောဟိတ်၊ လေဝိသားသင်းဖွဲ့ခြင်း၊ ထာဝရဘုရား၏ အိမ်တော်၌ အမှုတော်ကို ဆောင်ရွက်ခြင်း၊ ဆောင်ရွက်စရာ တန်ဆာရှိသမျှတို့ကိုလည်း စီရင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အဖွဲ့၊ လေဝိလူမျိုးအဖွဲ့နှင့် ထာဝရဘုရား၏အိမ်တော်တွင်ထမ်းဆောင်ရမည့်အမှုအားလုံး၊ ထာဝရဘုရား၏အိမ်တော်၌အမှုတော်ထမ်းဆောင်ရာတွင်အသုံးပြုသော အသုံးအဆောင်များအားလုံး၊ |
ဒါဝိဒ်သည်လေဝိအနွယ်ဝင်တို့အားမိမိတို့ သားချင်းစုများအလိုက်ဂေရရှုံ၊ ကောဟတ် နှင့်မေရာရိဟူ၍အစုသုံးစုခွဲတော်မူ၏။
မင်းကြီးသည်ခွက်ဖလားများအတွက်၊ မီးခွက်နှင့်မီးတင်ခုံတစ်ခုစီအတွက်၊ ရွှေ စားပွဲများအတွက်နှင့် ထာဝရဘုရား အားပူဇော်ရာမုန့်များတင်သည့်ရွှေစား ပွဲတစ်ခုစီအတွက်ငွေချိန်၊ ရွှေချိန်မည် မျှအသုံးပြုရမည်ကိုညွှန်ကြားတော် မူ၏။-
ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့အား ဗိမာန်တော်တွင်ဆောင်ရွက်ရန် တာဝန်ဝတ္တရားများကိုခွဲခန့်သတ်မှတ် ပေးပြီးဖြစ်လေပြီ။ အဘက်ဘက်မှကျွမ်း ကျင်သူအလုပ်သမားတို့သည် သင့်အား ကူညီရန်စိတ်အားထက်သန်လျက်ရှိကြ ၏။ လူအပေါင်းနှင့်သူတို့၏ခေါင်းဆောင် များသည်လည်းသင်၏အမိန့်ကိုလိုက် နာဆောင်ရွက်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
အချို့သူတို့မှာသန့်ရှင်းရာဌာနတော်ဆိုင် ရာအသုံးအဆောင်တန်ဆာများ၊ မုန့်ညက်၊ စပျစ်ရည်၊ သံလွင်ဆီ၊ လော်ဗန်နှင့်နံ့သာ မျိုးတို့ကိုကြည့်ရှုသိမ်းဆည်းရန်တာဝန် ယူရကြ၏။-
ထိုနောက်စတုတ္ထနေ့၌ဗိမာန်တော်သို့သွား၍ ရွှေငွေနှင့်အသုံးအဆောင်များကိုချိန်တွယ် ကာ ဥရိယ၏သားယဇ်ပုရောဟိတ်မေရမုတ် လက်သို့ပေးအပ်ကြ၏။ သူနှင့်အတူဖိနဟတ် ၏သား ဧလာဇာနှင့်လေဝိအနွယ်ဝင်နှစ်ဦး ဖြစ်ကြသော ယောရှု၏သားယောဇဗဒ်နှင့် ဗိနွိ၏သားနောဒိတို့လည်းရှိကြ၏။-