တစ်ထပ်လျှင်ခုနစ်ပေခွဲမြင့်သည့်သုံးထပ် အခန်းငယ်များကိုဗိမာန်တော်အပြင်နံရံ များနှင့်ကပ်၍ဆောက်လုပ်ပြီးလျှင် သစ်ကတိုး ယက်မများဖြင့်နံရံနှင့်ဆက်စပ်၍ထား လေသည်။
၁ ရာချုပ် 28:11 - Common Language Bible ဒါဝိဒ်သည်ဗိမာန်တော်ဆိုင်ရာအဆောက် အအုံရှိသမျှတို့၏ပုံစံများကိုလည်း ကောင်း၊ ပစ္စည်းသိုလှောင်ရာမှစ၍အခြား အခန်းအပေါင်းနှင့်အပြစ်ဖြေလွှတ်ရာ မြင့်မြတ်သန့်ရှင်းရာဌာနတော်၏ပုံစံကို လည်းကောင်းရှောလမုန်အားပေးအပ်တော် မူ၏။- Garrad Bible ထို အ ခါ ဒါ ဝိဒ် မင်း သည် သား တော် ရှော လ မုန် အား ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် မုတ် ဆောင်၊ ဘ ဏ္ဍာ တိုက်၊ အ ထက် ခန်း၊ အ တွင်း ခန်း၊ အ ပြစ် ဖြေ ရာ ပ လ္လင် တော် ခန်း များ မှ စ သော အ ဆောင် ဆောင် ၏ ပုံ စံ ကို လည်း ကောင်း၊ Judson Bible ထိုအခါ အိမ်တော်ဦး၊ အဆောင်ကြီး၊ ဘဏ္ဍာတိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ ကရုဏာပလ္လင်ထားရာအခန်း၏ပုံကိုလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်အား ဆင်ဝင်အပါအဝင် အိမ်တော်အဆောက်အအုံ၊ ဘဏ္ဍာတိုက်များ၊ အထက်ခန်းများ၊ အတွင်းခန်းများ၊ ကရုဏာတော်ပလ္လင်အခန်း စသည်တို့၏ပုံစံများကို ပေးအပ်၏။ |
တစ်ထပ်လျှင်ခုနစ်ပေခွဲမြင့်သည့်သုံးထပ် အခန်းငယ်များကိုဗိမာန်တော်အပြင်နံရံ များနှင့်ကပ်၍ဆောက်လုပ်ပြီးလျှင် သစ်ကတိုး ယက်မများဖြင့်နံရံနှင့်ဆက်စပ်၍ထား လေသည်။
မျက်နှာစာမုဒ်ဦးဆောင်သည်ဗိမာန်တော်ကဲ့သို့ ပင် အလျားတစ်ဆယ့်ငါးပေ၊ အနံပေသုံးဆယ် ရှိလေသည်။-
မင်းကြီးသည်မိမိကြံစည်ထားတော်မူ သည့်အတိုင်း ဗိမာန်တော်တံတိုင်းများနှင့် တံတိုင်းပတ်လည်ရှိအခန်းများ၊ ဗိမာန် တော်ပစ္စည်းတန်ဆာများသိုမှီးရာနှင့် ထာဝရဘုရားအား ဆက်ကပ်ထားသည့် လှူဖွယ်ပစ္စည်းသိုလှောင်ခန်းတို့၏ပုံစံ များကိုလည်းပေးအပ်တော်မူ၏။-
ဒါဝိဒ်မင်းက``ဤအရာအားလုံးတို့သည် ထာဝရဘုရားကိုယ်တော်တိုင် ငါ့အားဆောင် ရွက်ရန်ညွှန်ကြားတော်မူသည်အတိုင်းရေး ဆွဲထားခြင်းဖြစ်သည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုဗိမာန်တော်ထဲသို့ပင့်ဆောင် လာပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ၌ခေရုဗိမ်များ၏အကြားတွင်ထားကြ၏။-
ဘောဇဉ်ပူဇော်သကာများ၊ နံ့သာပေါင်း၊ ဗိမာန်တော်အသုံးအဆောင်များမှစ၍ ယဇ်ပုရောဟိတ်များအတွက်လှူရသော အလှူများနှင့်လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည်များ၊ ဗိမာန် တော်အစောင့်တပ်သားများအတွက် ဆယ် ဖို့တစ်ဖို့ပေးလှူသောဆန်စပါး၊ စပျစ် ရည်နှင့်သံလွင်ဆီကိုသိုလှောင်ရန်အတွက် သာလျှင် အသုံးပြုသောအခန်းကြီးကို တောဘိအားအသုံးပြုခွင့်ပေးထားလေ သည်။-
တဲတော်နှင့်အသုံးအဆောင်ရှိသမျှတို့ကို ငါပြမည့်ပုံစံအတိုင်းပြုလုပ်ရမည်။
``သင်သည်ရေခပ်သားချင်းစုအပေါင်းတို့ ထံသို့သွား၍စကားစမြည်ပြောပြီးလျှင် သူတို့အားဗိမာန်တော်အခန်းတစ်ခုသို့ ခေါ်ဆောင်ကာစပျစ်ရည်ကိုတိုက်လော့'' ဟုမိန့်တော်မူ၏။-
မုခ်ပေါက်ဝမှနေ၍အစွန်ဆုံးအခန်းအထိ စုစုပေါင်းရှစ်ဆယ့်ငါးပေရှိသတည်း။-
ကိုယ်တော်သည်မော်၍ကြည့်လိုက်ရာချမ်းသာ ကြွယ်ဝသူများဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ အလှူဒါနထည့်ဝင်နေကြသည်ကိုမြင်တော် မူ၏။-
ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-