ဤသူအပေါင်းတို့နှင့်သူတို့၏ညီအစ်ကို လေဝိအနွယ်ဝင်တို့သည် လေ့ကျင့်ထားသော ဂီတပညာသည်များဖြစ်၍အထူးကျွမ်း ကျင်သူများတည်း။ သူတို့၏ဦးရေမှာစုစု ပေါင်းနှစ်ရာရှစ်ဆယ့်ရှစ်ယောက်ဖြစ်၏။
ဆို ခဲ့ သော သူ တို့ သည် ထာ ဝ ရ ဘု ရား အား ထော မ နာ သီ ချင်း ကျွမ်း ကျင် လေ့ ကျက် သူ ဂိုဏ်း သား ချင်း အ ပေါင်း ပါ နှစ် ရာ့ ရှစ် ကျိပ် ရှစ် ယောက် တို့ တည်း။
ထိုသူတို့နှင့်တကွ ထာဝရဘုရား၏သီချင်းကို သင်၍လေ့ကျက်သော ညီအစ်ကိုပေါင်းကား နှစ်ရာရှစ်ကျိပ်ရှစ်ယောက်တည်း။
သူတို့နှင့် သူတို့၏ညီအစ်ကိုအားလုံးတို့သည် ထာဝရဘုရားထံချီးမွမ်းသီဆိုရာတွင် လေ့ကျင့်ထားပြီးသူများ၊ ကျွမ်းကျင်ပြီးသူများ ဖြစ်ကြ၏။ သူတို့အားလုံး နှစ်ရာရှစ်ဆယ့်ရှစ်ယောက် ရှိ၏။
ထောမနာသီချင်းများကိုသီဆိုချိန်၌ဟေမန် နှင့်ယေဒုသုန်တို့သည်တံပိုးခရာ၊ လင်းကွင်းနှင့် အခြားတူရိယာများကိုတီးမှုတ်ရာ၌လည်း တာဝန်ယူရကြ၏။ ယေဒုသုန်၏သားချင်းစု မှလူတို့သည် တံခါးများကိုတာဝန်ယူ၍ စောင့်ရသူများဖြစ်ကြ၏။
လူလေးထောင်တို့အားတံခါးစောင့်တာဝန်ကို အပ်နှင်းလျက် အခြားလေးထောင်တို့ကိုမင်း ကြီးပေးအပ်ထားသည့်တူရိယာများဖြင့် ထာဝရဘုရားအားထောမနာပြုကြရန် ခွဲခန့်သတ်မှတ်၍ပေးတော်မူ၏။
ဤအလုပ်ကိုလုပ်ဆောင်သူတို့သည်လုံးဝ စိတ်ချယုံကြည်ရသူများဖြစ်၏။ ထိုသူတို့ အားလေဝိအနွယ်ဝင်မေရာရိသားချင်းစု မှယာဟပ်နှင့်သြဗဒိ၊ လေဝိအနွယ်ဝင် ကောဟပ်သားချင်းစုမှဇာခရိနှင့်မေရှုလံ တို့ကြီးကြပ်အုပ်ချုပ်ရကြ၏။ (လေဝိ အနွယ်ဝင်အပေါင်းတို့သည်ဂီတပညာ တွင်ကျွမ်းကျင်သူများဖြစ်သတည်း။-)