ဗိမာန်တော်သို့ပင့်ဆောင်သွားကြ၏။ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်နှင့်တဲတော် တန်ဆာများကိုလည်း ဗိမာန်တော်သို့သယ် ဆောင်ကြ၏။-
၁ ရာချုပ် 23:32 - Common Language Bible သူတို့သည်ထာဝရဘုရားကိန်းဝပ်တော်မူ ရာတဲတော်နှင့် ဗိမာန်တော်ကိုကြည့်ရှုစောင့် ရှောက်ကြရန်လည်းကောင်း၊ မိမိတို့၏ဆွေမျိုး များဖြစ်သောအာရုန်၏သားမြေးယဇ်ပုရော ဟိတ်တို့အား ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှု၌ကူညီကြရန်လည်းကောင်းတာဝန်ယူရ ကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား ဗိ မာန် တော် ဝတ် ကို ပြု လျက် တွေ့ ဆုံ ရာ တဲ တော်၊ သန့် ရှင်း ရာ ဌာ န တော် နှင့် ဆွေ မျိုး သား ချင်း ဖြစ် သော အာ ရုန်၏ သား စဉ် မြေး ဆက် တို့ ဝေ ယျာ ဝ စ္စ ကို ဆောင် ရွက် ခြင်း တာ ဝန် များ ရှိ ကြ သ တည်း။ Judson Bible ပရိသတ်စည်းဝေရာ တဲတော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်ကိုလည်းကောင်း၊ ထာဝရဘုရားအိမ်တော်၌ အမှုတော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကိုလည်းကောင်း စောင့်ရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ဆောင်ရွက်ရမည့်အမှုများ၊ သန့်ရှင်းရာဌာန၌ဆောင်ရွက်ရမည့်အမှုများ၊ အာရုန်၏သားမြေးနှင့် သူတို့၏ဆွေမျိုးသားချင်းတို့အတွက်ဆောင်ရွက်ရမည့်အမှုများ စသည်ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို လိုက်နာဆောင်ရွက်ကြရ၏။ |
ဗိမာန်တော်သို့ပင့်ဆောင်သွားကြ၏။ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်နှင့်တဲတော် တန်ဆာများကိုလည်း ဗိမာန်တော်သို့သယ် ဆောင်ကြ၏။-
သူတို့၏တာဝန်ဝတ္တရားမှာဗိမာန်တော်ကို စောင့်ရန်နှင့် တံခါးများကိုနံနက်တိုင်းဖွင့် ပေးရန်ဖြစ်သဖြင့် သူတို့သည်ဗိမာန်တော် အနီးတွင်နေထိုင်ရကြ၏။
ဗိမာန်တော်တွင်အစေခံများသာလုပ်ဆောင် အပ်သောအမှုခပ်သိမ်းကိုဆောင်ရွက်ရန်သူ တို့အားငါခန့်ထားမည်'' ဟုမိန့်တော်မူ၏။
တစ်စုံတစ်ယောက်သည်တဲတော်အနီးသို့ချဉ်းကပ်မိလျှင် ငါသည်အမျက်ထွက်၍တစ်မျိုးသားလုံးကိုဒဏ်ခတ်မည်ဖြစ်သည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုစောင့်ကြပ်ရန်တဲတော်ပတ်လည်တွင်စခန်းချရမည်'' ဟုမိန့်တော်မူ၏။-
သင်နှင့်သင်၏သားများသာလျှင်သန့်ရှင်း ရာဌာနတော်နှင့်ယဇ်လ္လင်ဆိုင်ရာတာဝန် များကိုထမ်းဆောင်ရမည်။ သို့မှသာလျှင် ငါသည်နောက်တစ်ဖန်ဣသရေလအမျိုး သားတို့အားအမျက်ထွက်တော်မူမည် မဟုတ်။-
မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။-
အသက်ငါးဆယ်အရွယ်လွန်သူသည်တဲ တော်နှင့်ဆိုင်သောအလုပ်တွင် ဆွေမျိုးသား ချင်းတို့အားကူညီနိုင်သော်လည်း မိမိကိုယ် တိုင်တာဝန်ယူ၍မဆောင်ရွက်ရ။ သင်သည် ဤစည်းကမ်းချက်များနှင့်အညီ လေဝိ အနွယ်ဝင်တို့အားတာဝန်ပေးရမည်'' ဟု မိန့်တော်မူ၏။
ထိုဌာနတော်တွင်အမှုတော်ကိုထမ်းဆောင် လျက်ရှိသည့် အခြားလေဝိအမျိုးသားများ နည်းတူအမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိ သည်။-