ယခုအခါဒါဝိဒ်မင်းသည်နန်းတော်တွင် ငြိမ်းချမ်းစွာနေရသောအခါ ထာဝရ ဘုရားသည်ဒါဝိဒ်မင်းအားရန်သူအပေါင်း တို့ဘေးမှကင်းဝေးစေတော်မူသဖြင့်၊-
၁ ရာချုပ် 23:25 - Common Language Bible ဒါဝိဒ်က``ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားသည် မိမိ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကို ပေးတော်မူ၍ မိမိကိုယ်တော်တိုင်ယေရု ရှလင်မြို့တွင်ထာဝစဉ်ကိန်းဝပ်တော်မူ လိမ့်မည်။- Garrad Bible စာ ရင်း ဝင် ခြင်း ကား ဒါ ဝိဒ် မင်း က၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် အား ငြိမ်း ချမ်း ခွင့် ပေး တော် မူ လျက် ယေ ရု ရှ လင် မြို့ တွင် အ စဉ် စံ တော် မူ သော ကြောင့်၊ Judson Bible ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့၌ အစဉ်နေတော်မူသောကြောင့်၊ မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးက “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်တို့အား အေးချမ်းသာယာစွာနေစေမည်။ ကိုယ်တော်သည်လည်း ဂျေရုဆလင်မြို့တွင် အစဉ်စံနေတော်မူမည်။ |
ယခုအခါဒါဝိဒ်မင်းသည်နန်းတော်တွင် ငြိမ်းချမ်းစွာနေရသောအခါ ထာဝရ ဘုရားသည်ဒါဝိဒ်မင်းအားရန်သူအပေါင်း တို့ဘေးမှကင်းဝေးစေတော်မူသဖြင့်၊-
ယခုအခါကျွန်ုပ်သည်ကိုယ်တော်၏အတွက် ဗိမာန်တော်၊ကိုယ်တော်ထာဝစဉ်စံတော်မူရန်၊ ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟု ဆုတောင်းပတ္ထနာပြုတော်မူ၏။
``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-
မင်းကြီးက``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိနေတော်မူ လျက် သင်တို့အားအရပ်တကာတွင်ငြိမ်း ချမ်းသာယာမှုကိုပေးတော်မူပြီ။ ကိုယ်တော် သည်ယခင်ကဤပြည်တွင်နေထိုင်ကြသူ တို့အားငါ၏လက်သို့အပ်တော်မူ၍ ငါ သည်သူတို့အားထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အတွက်နှိမ် နင်းခဲ့၏။-
ယောယဒသည်ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်တို့အား ဗိမာန်တော်ဆိုင်ရာအမှု များကိုဆောင်ရွက်ရန်တာဝန်ပေးအပ်လေသည်။ သူတို့သည်ဒါဝိဒ်မင်းခွဲဝေသတ်မှတ်ပေးခဲ့ သည့် တာဝန်ဝတ္တရားများကိုဆောင်ရွက်၍ မောရှေ၏ပညတ်ကျမ်းအရမီးရှို့ရာယဇ် များကိုထာဝရဘုရားအားပူဇော်ကြ၏။ သူတို့သည်ဂီတသီဆိုတီးမှုတ်မှုများနှင့် ပွဲကျင်းပမှုများအတွက်လည်းတာဝန် ယူရကြမည်။-
ဇိအုန်တောင်တော်ပေါ်တွင်လည်းကောင်း၊ ကိုယ်တော်ကိန်းဝပ်တော်မူရာ ယေရုရှလင်မြို့တွင်လည်းကောင်းကိုယ်တော် အား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။
ကြီးမားသည့်တောင်ထိပ်များမှသင်သည် အဘယ်ကြောင့်ဘုရားသခင်ကိန်းဝပ်တော် မူရန် ရွေးချယ်ထားသည့်တောင်တော်ကိုမထီလေးစား စိတ်ဖြင့်ကြည့်ပါသနည်း။ ထာဝရဘုရားသည်ထိုတောင်ပေါ်တွင်ထာဝစဉ် ကိန်းဝပ်တော်မူမည်။
ကိုယ်တော်သည်သုံ့ပန်းများကိုခေါ်ဆောင်၍ မြင့်သောအရပ်သို့တက်ကြွတော်မူ၏။ ကိုယ်တော်သည်ပုန်ကန်သူတို့၏ထံမှ လက်ဆောင်ပဏ္ဏာများကိုခံယူတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည်ထိုအရပ် တွင် ကိန်းဝပ်တော်မူမည်။
ဇိအုန်မြို့တော်တွင်စိုးစံတော်မူသော ထာဝရဘုရားကိုထောမနာသီချင်းဆို ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုအရာများကို လူမျိုးတကာတို့အားဖော်ပြကြလော့။
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
မြို့ကိုကာရံထားသည့်မြို့ရိုးအလျားစုစုပေါင်းမှာကိုက်တစ်သောင်းရှစ်ဆယ်ဖြစ်၏။ ထိုမြို့ကိုယခုမှအစပြု၍``ထာဝရဘုရားဤတွင်စံတော်မူသည်'' ဟုသမုတ်လိမ့်မည်။ ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့်မြို့ တော်ယေရုရှလင်သို့ပြန်လာမည်။ ထိုမြို့ တွင်ကျိန်းဝပ်တော်မူမည်။ ထိုမြို့သည်သစ္စာ ရှိသောမြို့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုး ရှင်ထာဝရဘုရား၏တောင်တော်သည်သန့် ရှင်းမြင့်မြတ်သည့်တောင်ဟူ၍လည်းကောင်း နာမည်တွင်လိမ့်မည်။-''
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''
လူ့ဇာတိအဖြစ်နှင့်လောကတွင်သက်တော် ထင်ရှားရှိတော်မူစဉ်အခါက ခရစ်တော်၌ ဘုရားဇာတိတော်အပြည့်အဝကိန်းအောင်း တော်မူပေသည်။-
ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။-