၁ ရာချုပ် 23:17 - Common Language Bible ဧလျေဇာတွင်ရေဟဘိဟူသောသားတစ်ယောက် တည်းရှိ၏။ သို့ရာတွင်ရေဟဘိတွင်မူကား သားမြေးများစွာရှိသတည်း။ Judson Bible ဧလျေဇာသားအကြီး ရေဟဘိ တစ်ယောက်တည်းရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။ မြန်မာ့စံမီသမ္မာကျမ်း ဧလျေဇာ၏သားတို့တွင် ရေဟဘိသည် သားဦးဖြစ်၏။ သို့သော် ဧလျေဇာတွင် အခြားသားမရှိ။ ရေဟဘိတွင် သားအများအပြားရှိ၏။ |
ကောဟတ်၏ဒုတိယသားဣဇဟာတွင် ရှေလောမိတ်ဟူသောသားတစ်ယောက်ရှိ၏။ သူသည်သားချင်းစုဦးစီးဖြစ်၏။-
မောရှေ၏သားဂေရရှုံသားချင်းစုမှ ရှေဗွေလ သည်ဗိမာန်တော်ဘဏ္ဍာတိုက်၏တာဝန်ခံအုပ် ချုပ်ရေးမှူးဖြစ်၏။-
သူသည်ဂေရရှုံ၏ညီ၊ ဧလျာဇာနှင့်ဆက်စပ် ၍ရှေလောမိတ်၏ဆွေမျိုးဖြစ်လာလေသည်။ ဧလျာဇာ၏သားသည်ရေဟဗိ၊ ရေဟဗိ၏ သားမှာယေရှာယ၊ ယေရှာယ၏သားကား ယောရံဖြစ်၏။ ယောရံ၏သားသည်ဇိခရိ ဖြစ်၍ဇိခရိ၏သားမှာရှေလောမိတ်ဖြစ် သတည်း။-
တစ်ဖန်``ငါ့အဖ၏ထာဝရဘုရားသည်ငါ့ ကိုအီဂျစ်ဘုရင်၏ဋ္ဌားဘေးမှကယ်တင်တော် မူ၏'' ဟုဆို၍အခြားသောသားတစ်ယောက် ကိုဧလျေဇာဟုနာမည်ပေးခဲ့၏။-)