၁ ရာချုပ် 23:14 - Common Language Bible သို့ရာတွင်ဘုရားသခင်၏လူမောရှေ၏ သားများသည် လေဝိအနွယ်ဝင်များအဖြစ် ဖြင့်စာရင်းသွင်းခြင်းကိုခံရကြ၏။-) Garrad Bible လေ ဝိ အ နွယ် စာ ရင်း တွင် ပါ ဝင် သော ဘု ရား သ ခင့် လူ ယုံ တော် မော ရှေ ၏ သား များ ကား၊ Judson Bible ဘုရားသခင့်လူ မောရှေ၏သားကိုကား၊ လေဝိအမျိုးသားတို့၏စာရင်း၌သွင်းရ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏လူမောရှေ၏သားမြေးများမှာ လေဝိမျိုးနွယ်အဖြစ် စာရင်းသွင်းခံရ၏။ |
သူတို့သည်ဘုရားသခင်၏အစေခံမောရှေ စီရင်သည့်ပညတ်ကျမ်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီဗိမာန်တော်တွင် နေရာယူကြ၏။ လေဝိအနွယ်ဝင်တို့က ယဇ်ကောင်များ၏သွေးကိုယဇ်ပုရောဟိတ် တို့အားပေးအပ်၍ ယဇ်ပုရောဟိတ်တို့က ထိုသွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်း ကြလေသည်။-
ယောဇဒက်၏သားယောရှုနှင့်အဖော်ယဇ်ပုရော ဟိတ်များ၊ ရှာလသေလ၏သားဇေရုဗဗေလ နှင့်တကွ သူ၏ဆွေမျိုးသားချင်းများသည် ဘုရားသခင်၏အစေခံမောရှေစီရင်သည့် ပညတ်ကျမ်းတွင်ပါရှိသောညွှန်ကြားချက် များအတိုင်း ယဇ်များကိုမီးရှို့ပူဇော်နိုင် ရန်ယဇ်ပလ္လင်ကိုတည်ဆောက်ကြ၏။-
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ကာလအစဉ်အဆက် ကျွန်တော်မျိုးတို့၏ခိုလှုံရာဖြစ်တော်မူပါ၏။
ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။
တစ်နေ့သ၌ယုဒအနွယ်ဝင်အချို့တို့သည် ဂိလဂါလမြို့တွင်ရှိသော ယောရှုထံသို့ရောက် ရှိလာကြလေသည်။ သူတို့အနက်မှကေနက် အမျိုးယေဖုန္နာ၏သားကာလက်ကယောရှု အား``ကာဒေရှဗာနာအရပ်တွင်ထာဝရ ဘုရားသည် မိမိ၏အစေခံမောရှေအား ကိုယ်တော်နှင့်အကျွန်ုပ်ကိုရည်ဆောင်၍မိန့် တော်မူသောစကားကိုကိုယ်တော်သတိရ ပါလိမ့်မည်။-