မပ္ပေလဂူကိုငါ့အားရောင်းချရန်ကျေးဇူးပြု၍သူ့ကိုတိုက်တွန်းပေးကြပါ။ သင်္ချိုင်းမြေတစ်ကွက်ငါအပိုင်ရရန်ထိုမြေကိုတန်ရာတန်ဖိုးဖြင့်ငါ့အားသင်တို့ရှေ့မှောက်တွင်ရောင်းချစေပါ'' ဟုဆိုလေ၏။
၁ ရာချုပ် 21:22 - Common Language Bible ဒါဝိဒ်က``ကပ်ရောဂါဘေးမှငြိမ်းစေရန် ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် နိုင်ရန်သင်၏ကောက်နယ်တလင်းကိုငါ့ အားရောင်းလော့။ တန်ဖိုးအပြည့်အဝ ငါပေးမည်'' ဟုအရောနအားဆို၏။ Garrad Bible ဒါ ဝိဒ် မင်း က၊ လူ မျိုး တွင် ကပ် ရော ဂါ ရပ် စဲ စေ ခြင်း ငှါ ဤ ကောက် နယ် တ လင်း ၌ ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် လို သော ကြောင့် မ ယုတ် သော တန် ဖိုး နှင့် ရောင်း ချ လော့ ဟု မိန့် ဆို သော်၊ Judson Bible ဒါဝိဒ်ကလည်း၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း၊ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို ငါတည်လိုသည်ဖြစ်၍၊ ဤကောက်နယ်တလင်းအရပ်ကို အဖိုးထိုက်သည်အတိုင်း ရောင်းပါဟု အမိန့်ရှိသော်၊ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဒါဝိဒ်မင်းကြီးက ဩရနန်အား “လူတို့တွင်ကျရောက်သောဘေးဒဏ် ငြိမ်းမည့်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်ဖြစ်၍ သင့်ကောက်နယ်တလင်းကို ငါ့အား ရောင်းပေးလော့။ ကျသင့်ငွေအတိုင်း ငါဝယ်ယူပါမည်”ဟု မိန့်ဆိုလျှင် |
မပ္ပေလဂူကိုငါ့အားရောင်းချရန်ကျေးဇူးပြု၍သူ့ကိုတိုက်တွန်းပေးကြပါ။ သင်္ချိုင်းမြေတစ်ကွက်ငါအပိုင်ရရန်ထိုမြေကိုတန်ရာတန်ဖိုးဖြင့်ငါ့အားသင်တို့ရှေ့မှောက်တွင်ရောင်းချစေပါ'' ဟုဆိုလေ၏။
သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာတဒ် အမည်ရှိကောက်နယ်တလင်းသို့ရောက်ရှိကြ သောအခါ ဟစ်အော်၍ငိုကြွေးမြည်တမ်းကြ ၏။ ထိုအရပ်တွင်ယောသပ်သည် ယာကုပ်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းသည့်ပွဲ ကိုကျင်းပလေ၏။-
``အရှင်မင်းကြီးအဘယ်ကြောင့်ဤအရပ်သို့ ကြွလာတော်မူပါသနည်း'' ဟုလျှောက်၏။ ဒါဝိဒ်က``ကပ်ရောဂါဘေးငြိမ်းအေးသွားစေ ခြင်းငှာ ထာဝရဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်လိုသဖြင့် သင်၏ကောက်နယ်တလင်း ကိုဝယ်ယူရန်ငါလာသည်'' ဟုမိန့်တော်မူ၏။
အာဟပ်သည်နာဗုတ်အား``သင်၏ဥယျာဉ် ကိုငါအလိုရှိသည်။ ထိုဥယျာဉ်သည်ငါ့နန်း တော်အနီးတွင်ရှိသဖြင့် ထိုမြေကိုယာခင်း ပြုလုပ်လိုသည်။ သင့်အားထိုဥယျာဉ်ထက် ပို၍ကောင်းသည့်စပျစ်ဥယျာဉ်ကိုငါပေး မည်။ သို့မဟုတ်သင်အလိုရှိလျှင်သင့်လျော် သောအဖိုးငွေကိုငါပေးမည်'' ဟုဆို၏။
အရောနသည်ချဉ်းလာသောဒါဝိဒ်မင်း ကိုမြင်လျှင် ကောက်နယ်ရာမှထွက်လာ၍ မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လေ၏။-
အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။
ထိုအခါရောဂါအန္တရာယ်ပပျောက်သွား သဖြင့် သူသည်သေသူနှင့်ရှင်သူတို့၏ အလယ်တွင်ရပ်လျက်ရှိ၏။-
ထိုအမျိုးသားနှင့်အမျိုးသမီးတို့ရှိရာ တဲထဲသို့လိုက်သွားပြီးလျှင် သူတို့နှစ်ယောက် စလုံးအားလှံဖြင့်ထိုးသတ်လေ၏။ ဤနည်း အားဖြင့်ဣသရေလအမျိုးသားတို့ကို သေကြေပျက်စီးစေသည့်ကပ်ရောဂါ ဖြစ်ပွားမှုကိုရပ်စေသည်။-