ဒါဝိဒ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက် ဂဒ်စေခိုင်းသည်အတိုင်းသွား လေသည်။-
၁ ရာချုပ် 21:20 - Common Language Bible အရောနနှင့်သူ၏သားလေးယောက်တို့သည် ဂျုံစပါးများကိုနယ်၍နေကြ၏။ သူတို့ သည်ကောင်းကင်တမန်ကိုမြင်သောအခါ အရောန၏သားတို့သည်ထွက်ပြေးပုန်း ရှောင်ကြ၏။- Garrad Bible ဂျုံ စပါး နယ် နေ သော သြ ရ နန် လှည့် ကြည့်၍ စေ တ မန် တော် ကို မြင် ရ လျှင် ပါ ရှိ သော သား လေး ယောက် တို့ သည် ပုန်း ရှောင် ကြ ၏။ Judson Bible အရောနသည် စပါးကိုနယ်စဉ်တွင်၊ လှည့်ကြည့်၍ ရှင်ဘုရင်ကို မြင်သောအခါ၊ သားလေးယောက်နှင့် တကွ ပုန်းရှောင်၍နေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဩရနန်သည် လှည့်ကြည့်၍ ကောင်းကင်တမန်ကိုမြင်၏။ ထိုအခါ သူနှင့်အတူရှိနေသော သားလေးယောက်သည် ပုန်းနေကြ၏။ သြရနန်မူကား ဂျုံစပါးကိုနင်းနယ်လျက်နေ၏။ |
ဒါဝိဒ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက် ဂဒ်စေခိုင်းသည်အတိုင်းသွား လေသည်။-
အရောနသည်ချဉ်းလာသောဒါဝိဒ်မင်း ကိုမြင်လျှင် ကောက်နယ်ရာမှထွက်လာ၍ မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လေ၏။-
ထိုနောက်ထာဝရဘုရား၏ကောင်းကင်တမန် သည်သြဖရရွာသို့လာ၍ အဗျေဇာသားချင်း စုဝင်တစ်ဦးဖြစ်သူ၊ ယောရှ၏သပိတ်ပင် အောက်၌ထိုင်လေသည်။ ယောရှ၏သားဂိဒေါင် သည် မိမိအားမိဒျန်အမျိုးသားတို့မတွေ့ မမြင်နိုင်စေရန် စပျစ်သီးနယ်ရာကျင်းတွင် ဂျုံစပါးနယ်လျက်နေ၏။-