ထို့ကြောင့်သူငယ်၏ကိုယ်စားကျွန်တော်သည် အရှင့်ထံ၌ကျွန်ခံနေရစ်ပါရစေ။ သူငယ် ကိုသူ၏အစ်ကိုများနှင့်ပြန်ခွင့်ပြုရန်တောင်း ပန်ပါသည်။-
၁ ရာချုပ် 21:17 - Common Language Bible ဒါဝိဒ်က``အို ဘုရားသခင်၊ အမှားကိုပြု သူမှာကျွန်တော်မျိုးဖြစ်ပါ၏။ သန်းခေါင် စာရင်းကောက်ယူရန်အမိန့်ပေးသူမှာ ကျွန်တော်မျိုးဖြစ်ပါ၏။ ဤသနားစရာ ကောင်းသောသူတို့သည်အဘယ်အမှုကို ပြုမိကြပါသနည်း။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အိမ်ထောင်စုကိုဒဏ်ခတ် တော်မူ၍ကိုယ်တော်ရှင်၏လူစုတော်အား ချမ်းသာပေးတော်မူပါ'' ဟုဆုတောင်း ပတ္ထနာပြု၏။ Garrad Bible ဒါ ဝိဒ် မင်း က၊ လူ မျိုး ကို စာ ရင်း ကောက် ရန် အ မိန့် ပေး သူ သည် အ ကျွန်ုပ် မ ဟုတ် ပါ လော။ ပြစ် မှား ၍ ဒု စ ရိုက် ပြု မိ သူ ကား အ ကျွန်ုပ် ပါ တည်း။ ဤ သိုး စု မှာ မူ မည် သို့ ပြု ဘိ သ နည်း။ အို အ ကျွန်ုပ် ဘု ရား သ ခင် ထာ ဝ ရ ဘုရား အ ကျွန်ုပ် နှင့် ဆွေ သား မျိုး ချင်း တို့ အ ပေါ် တွင် သာ လက် တော် သင့် ရောက် ပါ စေ သော။ လူ မျိုး တော် ကို ဒဏ် ခတ် ရန် သင့် ရောက် တော် မ မူ ပါ စေ လင့် ဟု ဘု ရား သ ခင် အား တောင်း လျှောက် သည့် ကာ လ၊ Judson Bible ဒါဝိဒ်ကလည်း၊ ပြည်သားတို့ကို ရေတွက်စေခြင်းငှာ စီရင်သောသူကား အကျွန်ုပ်ဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ် ပြစ်မှားပါပြီ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ ပြုမိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ကို ဒဏ်ခတ်ခြင်းငှာ လက်တော်ကို သူတို့အပေါ်သို့ ရောက်စေတော်မမူပါနှင့်။ အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးအပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဒါဝိဒ်မင်းကြီးက ဘုရားသခင်အား “လူဦးရေစာရင်းကောက်ယူရန် စေခိုင်းခဲ့သူမှာ အကျွန်ုပ်ပင် ဖြစ်သည်မဟုတ်လော။ ဆိုးညစ်မှုကိုပြုပြီး အပြစ်ရှိသူမှာ အကျွန်ုပ်ပင်ဖြစ်သည် မဟုတ်လော။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့ကိုသာ ကိုယ်တော်၏လက်သို့ ကျရောက်စေပါ။ ကိုယ်တော်၏လူမျိုးတော်တို့အပေါ်သို့ ဘေးဒဏ်မကျရောက်ပါစေနှင့်”ဟု လျှောက်တင်လေ၏။ |
ထို့ကြောင့်သူငယ်၏ကိုယ်စားကျွန်တော်သည် အရှင့်ထံ၌ကျွန်ခံနေရစ်ပါရစေ။ သူငယ် ကိုသူ၏အစ်ကိုများနှင့်ပြန်ခွင့်ပြုရန်တောင်း ပန်ပါသည်။-
သင်သည်ငါ့အမိန့်တော်ကိုမနာခံဘဲ ဥရိယ၏ဇနီးကိုသိမ်းယူသောကြောင့် သင်၏ဆွေစဉ်မျိုးဆက်တိုင်း၌သေခြင်း ဆိုးဖြင့်သေရသူများရှိလိမ့်မည်။-
တစ်ဖန်ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ်တွင်အမျက်ထွက်တော်မူသဖြင့် သူတို့ကိုဒဏ်ခတ်ရန်ဒါဝိဒ်အားအပြစ်ကူး မိစေတော်မူ၏။ ထာဝရဘုရားက``သင်သည် သွား၍ဣသရေလနှင့်ယုဒပြည်တွင်သန်း ခေါင်စာရင်းကောက်ယူလော့'' ဟုဒါဝိဒ်အား မိန့်တော်မူ၏။-
လူတို့အားဒဏ်ခတ်သောကောင်းကင်တမန် ကိုဒါဝိဒ်မြင်သောအခါ``အပြစ်ရှိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဒုစရိုက်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသူတို့သည်အဘယ် ပြစ်မှုကိုပြုမိကြပါသနည်း။ ကိုယ်တော် ရှင်သည်အကျွန်ုပ်နှင့်အိမ်ထောင်စုကိုသာ အပြစ်ပေးတော်မူသင့်ပါ၏'' ဟုထာဝရ ဘုရားအားလျှောက်၏။
သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်မိမိ၏အစေခံဒါဝိဒ်အား`ငါသည်သင့် ကိုငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏ဘုရင်ဖြစ်စိမ့်သောငှာသိုးကျောင်းရာ ကွင်းထဲမှခေါ်ယူခဲ့၏။-
ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့ သည်သိုးထိန်းမဲ့သည့်သိုးများကဲ့သို့ တောင် ကုန်းများပေါ်တွင်ကွဲလွင့်လျက်နေသည်ကို ငါမြင်၏။ ထာဝရဘုရားက`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့ဧချမ်းစွာပြန်ခွင့်ပြုကြလော့' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆိုလေ၏။
ဒါဝိဒ်က``ကျွန်တော်မျိုးသည် ဤကြောက်မက် ဖွယ်ကောင်းသောအပြစ်ကိုကူးလွန်မိပါပြီ။ ကျွန်တော်မျိုးအား အပြစ်ဖြေလွှတ်တော် မူပါ။ ကျွန်တော်မျိုးသည် မိုက်မဲစွာပြုမိ ပါပြီ'' ဟုဘုရားသခင်အားလျှောက် ထား၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသိုးများ သဖွယ် အသတ်ခံစေတော်မူလျက်တစ်ကျွန်းတစ်နိုင်ငံသို့ ကွဲလွင့်သွားစေတော်မူပါ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုး၏အသက်ကိုချမ်းသာပေး တော်မူပါ။ ကျွန်တော်မျိုးကိုကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် တရားမျှတတော်မူကြောင်းကိုဝမ်းမြောက်စွာ ထုတ်ဖော်ကြေညာပါမည်။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှား ပါပြီ။ ကိုယ်တော်ရှင်ကိုသာလျှင်ပြစ်မှားပါပြီ။ ကိုယ်တော်ရှင်၏ရှေ့တော်၌ဒုစရိုက်ကို ပြုပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးအားကိုယ်တော်ရှင် တရားစီရင်တော်မူသည်မှာလျော်ကန်ပါ၏။ ကျွန်တော်မျိုးအားအပြစ်ဒဏ်ပေးတော်မူ သည်မှာ တရားပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
သင်ပြုခဲ့သမျှသောအမှားတို့ကိုငါခွင့် လွှတ်သောအခါ သင်သည်ယင်းအမှားတို့ ကိုသတိရလျက်ရှက်သဖြင့် နှုတ်ကိုပင် မဖွင့်နိုင်သည်တိုင်အောင်အရှက်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
ယောနက``ငါ့ကိုပင်လယ်ထဲသို့ပစ်ချကြလော့။ သို့ပြုလျှင်လေမုန်တိုင်းသည်ငြိမ်သွားလိမ့်မည်။ သင်တို့လေပြင်းမုန်တိုင်းမိရကြသည်မှာငါ၏အပြစ်ကြောင့်ဖြစ်ကြောင်းငါသိပါ၏'' ဟုဖြေ၏။
ကိုယ်တော်ကိုယခုပစ်ပယ်ကြမည်လော။ သင် တို့သည်ထာဝရဘုရားအားယနေ့ပုန်ကန် လျှင်နက်ဖြန်နေ့၌ကိုယ်တော်သည် ဣသရေလ တစ်မျိုးသားလုံးကိုအမျက်ထွက်တော်မူ လိမ့်မည်။-
ခရစ်တော်သည်ငါတို့အတွက်အသက်တော် ကိုစွန့်တော်မူသောကြောင့်မေတ္တာအကြောင်း ကိုငါတို့သိရကြ၏။ ငါတို့သည်လည်းမိမိ တို့၏ညီအစ်ကိုများအတွက်အသက်စွန့် သင့်ကြပေသည်။-