အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ​ချုပ် 20:6 - Common Language Bible

ဂါ​သ​မြို့​တွင်​အ​ခြား​တိုက်​ပွဲ​တစ်​ရပ်​ဖြစ် ပွား​ပြန်​၏။ ထို​တိုက်​ပွဲ​တွင်​လက်​တစ်​ဖက် လျှင်​လက်​ချောင်း​ခြောက်​ချောင်း​နှင့် ခြေ​တစ် ဖက်​လျှင်​ခြေ​ချောင်း​ခြောက်​ချောင်း​ရှိ​၍ အ​လွန်​ထွား​ကြိုင်း​ကြီး​မား​သူ​လူ​တစ် ယောက်​ပါ​ဝင်​၏။ သူ​သည်​ကိုယ်​လက်​ကြီး ထွား​သည့်​ရှေး​လူ​မျိုး​မှ​ဆင်း​သက်​လာ သူ​ဖြစ်​သတည်း။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဂါ သ မြို့ တွင် တစ် ဖန် စစ် တိုက် ပြန် ရာ အ ရပ် အ မောင်း ကြီး မြင့်၍ လက် ခြေ ခြောက် ချောင်း စီ၊ နှစ် ရပ် ပေါင်း နှစ် ဆယ့် လေး ချောင်း ရှိ သော ရေ ဖိမ့် အ နွယ် တစ် ယောက် က၊

အခန်းကိုကြည့်ပါ။

Judson Bible

နောက်​တစ်​ဖန် ဂါ​သ​မြို့​မှာ စစ်​တိုက်​ကြ​စဉ်၊ အ​ရပ်​မြင့်၍ လက်​တစ်​ဖက်၌ လက်​ခြောက်​ချောင်း​စီ၊ ခြေ​တစ်​ဖက်၌ ခြေ​ခြောက်​ချောင်း​စီ၊ ပေါင်း​နှစ်​ဆယ်​လေး​ချောင်း​ရှိ​သော ရေ​ဖိမ်​အ​မျိုး​သား​တစ်​ယောက်​သည်၊

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက်တွင် ဂါသ​မြို့​၌ တိုက်ပွဲ​ထပ်​ဖြစ်ပြန်​ရာ လက်​တစ်ဖက်​တွင်​လက်ချောင်း​ခြောက်​ချောင်း​၊ ခြေ​တစ်ဖက်​တွင်​ခြေချောင်း​ခြောက်​ချောင်း စုစုပေါင်း​လက်ချောင်း​ခြေချောင်း နှစ်ဆယ့်​လေး​ချောင်း​ရှိ​ပြီး ခန္ဓာထွားကျိုင်း​သော ရေဖိမ်​အနွယ်ဝင် လူ​တစ်ဦး​က

အခန်းကိုကြည့်ပါ။



၁ ရာ​ချုပ် 20:6
4 ပူးပေါင်းရင်းမြစ်များ  

ဣ​ရှ​ဗိ​ဗေ​နုပ်​ဟု​နာ​မည်​တွင်​သော​အ​လွန် ထွား​ကြိုင်း​သူ​လူ​တစ်​ယောက်​သည် ဒါ​ဝိဒ် အား​လုပ်​ကြံ​မည်​ပြု​၏။ သူ​သည်​ဋ္ဌား​တစ် လက်​ကို​ကိုင်​ဆောင်​ထား​၏။ သူ​၏​ကြေး​ဝါ လှံ​သည်​ခု​နစ်​ပေါင်​လေး​၏။ ဇေ​ရု​ယာ​သား အ​ဗိ​ရှဲ​သည်​ဒါ​ဝိဒ်​ကို​ကူ​ညီ​၍​ဖိ​လိတ္တိ လူ​ကို​တိုက်​သတ်​လေ​၏။-


ထို​နောက်​တစ်​ဖန်​ဂါ​သ​မြို့​၌​ပင်​တိုက်​ပွဲ တစ်​ခု​ဖြစ်​ပြန်​၏။ ထို​တိုက်​ပွဲ​တွင်​စစ်​တိုက် ဝါ​သ​နာ​ပါ​၍​အ​လွန်​ထွား​ကျိုင်း​သူ​လူ တစ်​ယောက်​ပါ​ရှိ​၏။ သူ​၏​လက်​များ​တွင် လက်​ချောင်း​ခြောက်​ချောင်း​စီ​နှင့်​ခြေ​များ တွင်​ခြေ​ချောင်း​ခြောက်​ချောင်း​စီ​ရှိ​၏။-


ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ခြား​တိုက်​ပွဲ တစ်​ရပ်​ဖြစ်​သေး​၏။ ထို​တိုက်​ပွဲ​တွင်​ယာ​ဣ​ယ ၏​သား​ဧ​လ​ဟာ​နန်​သည် ဂါ​သ​မြို့​မှ ဂေါ​လျက်​၏​ညီ​လာ​ခ​မိ​အား​လုပ်​ကြံ လိုက်​၏။ ဧ​လ​ဟာ​နန်​လှံ​ရိုး​သည်​ရက်​ကန်း လက်​လိပ်​တ​မျှ​ကြီး​မား​သ​တည်း။


သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား စစ်​ထိုး​ရန် ကြုံး​ဝါး​ဖိတ်​ခေါ်​လိုက်​သော​အ​ခါ ဒါ​ဝိဒ်​၏​အစ်ကို​ဖြစ်​သူ​ရှိ​မာ​၏​သား ယော​န​သန်​က​သူ့​အား​သတ်​ပစ်​လေ​သည်။