ဟေဇရုံသေလွန်ပြီးနောက်သူ၏သားကာလက် သည် ဖခင်၏ဇနီးမုဆိုးမဖြစ်သူဧဖရတ်ကို သိမ်းပိုက်လိုက်၏။ သူတို့တွင်အာရှုရနာမည်တွင် သောသားတစ်ယောက်ကိုရရှိကြ၏။ အာရှုရ ကားတေကောမြို့ကိုတည်ထောင်သူတည်း။
၁ ရာချုပ် 2:25 - Common Language Bible ဟေဇရုံ၏သားအကြီးဆုံးဖြစ်သူယေရ မေလတွင်သားငါးယောက်ရှိ၏။ သူတို့အနက် အကြီးဆုံးမှာအာရံဖြစ်၍အခြားသား များမှာဗုန၊ သြရင်၊ သြဇင်နှင့်အဟိယ တို့ဖြစ်၏။- Garrad Bible ဟေ ဇ ရုံ့ သား ဦး ယေ ရ မေ လ၏ သား များ ကား၊ သား ဦး အာ ရံ၊ ဗု န၊ သြ ရင်၊ သြ ဇင်၊ အ ဟိ ယ တို့ တည်း။ Judson Bible ဟေဇရုံ၏ သားဦးယေရမေလသားကား သားဦးအာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဟေဇရုန်၏သားဦးဖြစ်သောယေရမေလ၏သားများမှာ သားဦးရာမ၊ ဗုန၊ ဩရင်၊ ဩဇင်နှင့် အဟိယ တို့ဖြစ်ကြ၏။ |
ဟေဇရုံသေလွန်ပြီးနောက်သူ၏သားကာလက် သည် ဖခင်၏ဇနီးမုဆိုးမဖြစ်သူဧဖရတ်ကို သိမ်းပိုက်လိုက်၏။ သူတို့တွင်အာရှုရနာမည်တွင် သောသားတစ်ယောက်ကိုရရှိကြ၏။ အာရှုရ ကားတေကောမြို့ကိုတည်ထောင်သူတည်း။
အာရံတွင်မာဇ၊ ယာမိန်၊ ဧကာဟူ၍သားသုံး ယောက်ရှိ၏။ ယေရမေလတွင်အာတရနာမည် တွင်သောအခြားဇနီးတစ်ယောက်ရှိ၏။ ထို ဇနီးဖြင့်သြနံဟူသောသားတစ်ယောက်ကို ရ၏။-
ဧဟုဒ်၏သားများမှာနေမန်၊ အဟိယနှင့် ဂေရဖြစ်၏။-သူတို့သည်ဂေဗမြို့တွင်နေထိုင် သူတို့၏အိမ်ထောင်ဦးစီးများဖြစ်ကြ၏။ သို့ရာတွင်ထိုမြို့မှနှင်ထုတ်ခြင်းခံရကြ သောအခါသူတို့သည်မာနဟက်မြို့သို့ သွားရောက်နေထိုင်ကြလေသည်။ ယင်းသို့ ပြောင်းရွှေ့ရာတွင်သြဇနှင့်အဟိဟုဒ်တို့၏ အဖဖြစ်သူဂေရသည်သူတို့အား ဦးစီးခေါင်းဆောင်ပြု၏။
အာခိတ်ကလည်းသူ့အား``ယခုအကြိမ်သင် သည်အဘယ်အရပ်သို့သွားရောက်တိုက်ခိုက်ခဲ့ ပါသနည်း'' ဟုမေးမြန်းလေ့ရှိ၏။ ထိုအခါ ဒါဝိဒ်ကယုဒပြည်တောင်ပိုင်းယေရမေလ အနွယ်ဝင်တို့နယ်မြေ၊ ကေနိအမျိုးသားတို့ ၏နယ်မြေစသည်တို့ကိုသွားရောက်ခဲ့ကြောင်း လျှောက်ထားလေ့ရှိ၏။-