(အဗရှလုံသည်အာမသအားယွာဘ၏ နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့် ထား၏။ အာမသကားဣရှမေလအမျိုး သားယေသာ၏သားဖြစ်၏။ သူ၏မိခင်မှာ နာဟတ်၏သမီး၊ ယွာဘ၏မိခင်ဇေရုယာ ၏ညီမအဘိဂဲလဖြစ်သတည်း။-)
၁ ရာချုပ် 2:17 - Common Language Bible သူ၏အခြားသမီးအဘိဂဲလသည် ဣရှမေလ မှဆင်းသက်လာသူယေသာနှင့်အိမ်ထောင်ပြု၏။ သူတို့မှာအာမသနာမည်တွင်သောသားတစ် ယောက်ရှိ၏။ Garrad Bible အ ဘိ ဂဲ လ သား ကား အာ မ သ။ အာ မ သ အ ဘ မှာ ဣ ရှ မေ လ အ မျိုး ယေ သာ တည်း။ Judson Bible အဘိဂဲလသားကား အာမသ၊ အာမသအဘကား ဣရှမေလအမျိုး ယေသာတည်း။ မြန်မာ့စံမီသမ္မာကျမ်း အဘိဂဲလသည် အာမသကို မွေးဖွား၏။ အာမသ၏ဖခင်မှာ ဣရှမေလလူမျိုး ယေသာ ဖြစ်၏။ |
(အဗရှလုံသည်အာမသအားယွာဘ၏ နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့် ထား၏။ အာမသကားဣရှမေလအမျိုး သားယေသာ၏သားဖြစ်၏။ သူ၏မိခင်မှာ နာဟတ်၏သမီး၊ ယွာဘ၏မိခင်ဇေရုယာ ၏ညီမအဘိဂဲလဖြစ်သတည်း။-)
ထို့ပြင်အာမသအား``သင်သည်ငါ၏ဆွေမျိုး ဖြစ်၏။ ယခုအချိန်မှစ၍သင့်အားယွာဘ ၏နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ငါ ခန့်ထားပြီ။ ယင်းသို့ငါမပြုပါမူဘုရားသခင်သည်ငါ့အားအဆုံးစီရင်တော်မူပါ စေသော'' ဟုပြောကြားရန်လည်းမှာတော်မူ လိုက်၏။-
ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
``ထို့ပြင်သင့်အားမှာကြားရန်ကိစ္စတစ်ခု ရှိသေး၏။ ယွာဘသည်ဣသရေလတပ်မ တော်ဗိုလ်ချုပ်နှစ်ဦးဖြစ်သောနေရ၏သား အာဗနာနှင့်ယေသာ၏သားအာမသတို့ ကိုသတ်ခြင်းအားဖြင့် ငါ့အားအဘယ်သို့ ပြုခဲ့ကြောင်းသင်မှတ်မိပါလိမ့်မည်။ စစ် ဖြစ်ချိန်ကသတ်ဖြတ်မှုများအတွက် လက်စားချေသည့်အနေဖြင့် သူသည်ထို သူတို့အားငြိမ်းချမ်းနေချိန်၌အဘယ် သို့သတ်ဖြတ်ခဲ့သည်ကိုလည်းသင်မှတ်မိ ပါလိမ့်မည်။ သူသည်အပြစ်မဲ့သူများ အားသတ်ခဲ့သည်။ သူပြုခဲ့သည့်အမှု အတွက်ယခုငါ့မှာတာဝန်ရှိသဖြင့် သူ၏ဆိုးမွေကိုငါခံရ၏။-
ဘုရားသခင်ထံတော်မှဝိညာဉ်တော်သည် အာမသဲအပေါ်သို့သက်ရောက်ကာနောင် အခါ၌ ရဲဘော်သုံးကျိပ်တို့၏တပ်မှူး ဖြစ်လာသူအာမသဲက၊ ``ယေရှဲ၏သားဒါဝိဒ်မင်း၊ကျွန်တော်တို့သည် အရှင်၏ဘက်တော်သားများဖြစ်ကြပါ၏။ ဘုရားသခင်သည်အရှင်၏ဘက်၌ရှိပါ၏။ အရှင်နှင့်တကွအရှင့်အားကူညီကြသူတို့ သည် အောင်မြင်ကြပါစေသော'' ဟုဟစ်အော် လျှောက်ထား၏။ ဒါဝိဒ်သည်ထိုသူတို့ကိုလက်ခံလျက် မိမိ တပ်တွင်အရာရှိများအဖြစ်ခန့်အပ်လေ၏။
ဟေဇရုံ၏သားကာလက်သည် အဇုဘနှင့်အိမ် ထောင်ပြု၍ယေရုတ်နာမည်တွင်သောသမီးတစ် ယောက်ကိုရ၏။ ယေရုတ်တွင်ယေရှာ၊ ရှောဗပ်နှင့် အာဒုန်ဟူသောသားသုံးယောက်ရှိ၏။-