အခြားတပ်သားများကိုမူမိမိ၏ညီအဘိရှဲ အားကွပ်ကဲစေ၏။ အဘိရှဲသည်လည်းသူတို့အား အမ္မုန်ပြည်သားတို့ဘက်သို့မျက်နှာမူ၍နေရာ ယူစေ၏။-
၁ ရာချုပ် 18:12 - Common Language Bible ဇေရုယာ၏သားအဘိရှဲသည်ဆားချိုင့်ဝှမ်း တွင် ဧဒုံအမျိုးသားလူတစ်သောင်းရှစ်ထောင် ကိုလုပ်ကြံလေသည်။- Garrad Bible ဇေ ရု ယာ့ သား အ ဘိ ရှဲ သည် ဆား ချိုင့် တွင် ဧ ဒုံ တပ် သား တစ် သောင်း ရှစ် ထောင် တို့ ကို လုပ် ကြံ သော အ ခါ ဧဒုံ ပြည် တွင် မြို့ စောင့် တပ် များ ကို ထား ၍၊ Judson Bible ထိုမှတစ်ပါး၊ ဇေရုယာသားအဘိရှဲသည် ဆားချိုင့်တွင် ဧဒုံလူတစ်သောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဇေရုယာ၏သားအဘိရှဲသည်လည်း ဧဒုံလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး |
အခြားတပ်သားများကိုမူမိမိ၏ညီအဘိရှဲ အားကွပ်ကဲစေ၏။ အဘိရှဲသည်လည်းသူတို့အား အမ္မုန်ပြည်သားတို့ဘက်သို့မျက်နှာမူ၍နေရာ ယူစေ၏။-
ဤသို့ရှုရိပြည်သားတို့ဆုတ်ပြေးကြသည် ကိုအမ္မုန်ပြည်သားတို့မြင်သောအခါ အဘိ ရှဲထံမှထွက်ပြေးကာမြို့ထဲသို့ပြန်၍ဝင် သွားကြ၏။ ထိုအခါယွာဘသည်အမ္မုန်ပြည် သားနှင့်တိုက်ပွဲမှတပ်ခေါက်၍ယေရုရှလင် မြို့သို့ပြန်လေ၏။
ထို့ကြောင့်မင်းကြီးသည်အဘိရှဲအား``ရှေဘ သည်အဗရှလုံထက်ပင်ပို၍ငါတို့အား ဒုက္ခပေးလိမ့်မည်။ ငါ၏လူတို့ကိုခေါ်၍သူ့ နောက်သို့လိုက်လော့။ သို့မဟုတ်လျှင်သူသည် မြို့ရိုးအခိုင်အမာရှိသည့်မြို့များကိုသိမ်း ယူကာငါတို့လက်မှလွတ်မြောက်သွားလိမ့် မည်'' ဟုမိန့်တော်မူ၏။-
ဒါဝိဒ်၏လူတို့သည်မင်းကြီးအား နောက် တစ်ဖန်မိမိတို့နှင့်အတူစစ်ပွဲသို့လိုက် တော်မမူရန်ကတိပြုစေကြ၏။ သူတို့ က``အရှင်သည်ဣသရေလအမျိုးသား တို့၏မျှော်လင့်ရာဖြစ်တော်မူပါ၏။ အကျွန်ုပ် တို့သည်အရှင့်အားဘေးမရောက်စေလိုပါ'' ဟုလျှောက်ထားကြ၏။
ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်ခဲ့သ ဖြင့်ရဲဘော်သုံးကျိပ်တွင်နာမည်ကြီးလာ ၏။-
သို့ဖြစ်၍ယွာဘနှင့်ညီအဘိရှဲတို့သည် ဂိဗောင်စစ်ပွဲတွင် မိမိတို့၏ညီအာသဟေလ အားအာဗနာသတ်ခဲ့သည့်အတွက်အာ ဗနာကိုလက်စားချေလိုက်ကြသတည်း။
သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
ဤအရေးအခင်းမပေါ်ပေါက်မီကာလအတော် ကြာက ဧဒုံပြည်ကိုဒါဝိဒ်နှိမ်နင်းအောင်မြင်ပြီး နောက် တပ်မတော်ဗိုလ်ချုပ်ယွာဘသည်စစ်ပွဲတွင် ကျဆုံးသူတို့ကိုသင်္ဂြိုဟ်ရန်ထိုပြည်သို့သွား၍ မိမိ၏တပ်သားများနှင့်အတူခြောက်လမျှ နေထိုင်ကာဧဒုံပြည်သားယောကျာ်းမှန်သမျှ ကိုသတ်လေသည်။-
အာမဇိသည်ပင်လယ်သေ၏တောင်ဘက်ရှိ ဆားချိုင့်ဝှမ်းတွင် ဧဒုံစစ်သည်တစ်သောင်း ကိုသုတ်သင်တော်မူ၏။ သူသည်သေလမြို့ ကိုသိမ်းယူပြီးလျှင် မြို့၏နာမည်ကိုပြောင်း သဖြင့် ယုဿေလမြို့ဟုယနေ့တိုင်အောင် ခေါ်တွင်သတည်း။
ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်တိုက် ခိုက်ခဲ့သဖြင့်ရဲဘော်သုံးကျိပ်တို့တွင် နာမည်ကြီး၍လာ၏။-
ဒါဝိဒ်မင်းသည်ထိုပစ္စည်းတို့ကိုမိမိစစ်ပွဲနိုင် သည့်ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိ ပြည်နှင့်အာမလက်ပြည်ရှိလူမျိုးတကာတို့ ထံမှရရှိခဲ့သောရွှေ၊ ငွေများနှင့်အတူဝတ်ပြု ကိုးကွယ်ရာ၌အသုံးပြုရန်ဆက်ကပ်ပူဇော် တော်မူ၏။
သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်တပ်စခန်း များချ၍ထားသဖြင့် ထိုအရပ်ရှိလူတို့သည် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာကြလေ၏။ ထာဝရဘုရားသည်ဒါဝိဒ်အားအရပ် တကာတွင်အောင်ပွဲကိုပေးတော်မူသတည်း။
ကြွင်းသောသူတို့ကိုမူမိမိ၏ညီအဘိရှဲ အားကွပ်ကဲစေ၏။ အဘိရှဲသည်လည်းသူ တို့အားအမ္မုန်တပ်သားတို့ကိုမျက်နှာမူ ၍နေရာယူစေ၏။-
အာမဇိသည်အားခဲ၍မိမိ၏တပ်မတော် ကိုဦးဆောင်ကာ ပင်လယ်သေတောင်ဘက်ရှိ ဆားချိုင့်ဝှမ်းသို့ချီတက်တော်မူ၏။ ထို အရပ်တွင်တိုက်ပွဲဖြစ်၍ဧဒုံတပ်သား တစ်သောင်းကျဆုံးလေသည်။-
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စွန့်ပစ်တော်မူ၍အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အမျက်ထွက်တော်မူပါပြီ။ သို့ရာတွင်ယခုကျွန်တော်မျိုးတို့ထံသို့ ပြန်၍ကြွတော်မူပါ။
ကိုယ်တော်ရှင်သည်ပြည်တော်ကိုသိမ့်သိမ့်တုန် စေ၍ ကွဲအက်စေတော်မူပါပြီ။ ပြည်တော်သည်ပြိုကွဲလျက်ရှိသဖြင့် ကွဲအက်ရာများကိုပြုပြင်တော်မူပါ။
ထိုနောက်ဒါဝိဒ်သည်ဟိတ္တိအမျိုးသားအဟိ မလက်နှင့်ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား``သင်တို့နှစ်ဦးအနက် အဘယ်သူသည်ရှောလု၏တပ်စခန်းသို့ ငါနှင့်အတူ လိုက်ပါမည်နည်း'' ဟုမေး၏။ အဘိရှဲက``အကျွန်ုပ်လိုက်ပါမည်'' ဟုဆို၏။
အဘိရှဲကဒါဝိဒ်အား``ဘုရားသခင်သည် အရှင်၏ရန်သူကိုယနေ့အရှင့်လက်သို့အပ် တော်မူပြီ။ သို့ဖြစ်၍သူ့အားသူ့လှံဖြင့်ပင် တစ်ချက်တည်းမြေတွင်စိုက်နေအောင်ထိုး သတ်ခွင့်ပေးတော်မူပါ။ နှစ်ချက်ထိုးရန် လိုမည်မဟုတ်ပါ'' ဟုလျှောက်၏။