ဒါဝိဒ်မင်းသည်ဘုရားသခင်မိန့်တော်မူသည် အတိုင်းပြု၍ ဖိလိတ္တိအမျိုးသားတို့ကိုဂိ ဗောင်မြို့မှသည်ဂါဇေရမြို့သို့တိုင်အောင် နှင်ထုတ်တော်မူ၏။-
၁ ရာချုပ် 14:17 - Common Language Bible ဒါဝိဒ်မင်း၏ဂုဏ်သတင်းသည်အရပ်တကာ သို့ပြန့်နှံ့၍သွား၏။ မင်းကြီးအားလူမျိုး တကာတို့ကြောက်လန့်လာကြစေရန် ထာဝရ ဘုရားသည်စီရင်တော်မူသတည်း။ Garrad Bible ဒါ ဝိဒ် မင်း ကျော် စော ကိ တ္တိ သည် အ တိုင်း တိုင်း အ ပြည် ပြည် သို့ ရောက် သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား သည် ထို မင်း အား လူ အ မျိုး မျိုး တို့ ထိတ် လန့် စေ တော် မူ၏။ Judson Bible ဒါဝိဒ်သတင်းသည် အတိုင်းတိုင်း အပြည်ပြည်တို့၌ နှံ့ပြား၍၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကိုကြောက်ရွံ့စေခြင်းငှာ ထာဝရဘုရား စီရင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဒါဝိဒ်မင်းကြီး၏ဂုဏ်သတင်းသည် တိုင်းပြည်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လူမျိုးတကာတို့သည် သူ့ကို ကြောက်ရွံ့ရိုသေလာအောင် ထာဝရဘုရား ပြုတော်မူလေ၏။ |
ဒါဝိဒ်မင်းသည်ဘုရားသခင်မိန့်တော်မူသည် အတိုင်းပြု၍ ဖိလိတ္တိအမျိုးသားတို့ကိုဂိ ဗောင်မြို့မှသည်ဂါဇေရမြို့သို့တိုင်အောင် နှင်ထုတ်တော်မူ၏။-
သင်သွားလေရာရာသို့သင်နှင့်အတူငါရှိ ခဲ့၏။ သင်၏လမ်းမှရန်သူအပေါင်းတို့ကို သုတ်သင်ဖျက်ဆီးခဲ့၏။ ကမ္ဘာမြေပေါ်တွင် အကြီးမြတ်ဆုံးသူများနည်းတူသင့်ကို ငါထင်ပေါ်ကျော်ကြားစေမည်။-
အမ္မုန်အမျိုးသားတို့သည်သြဇိအားလက် ဆောင်ပဏ္ဏာများဆက်သရကြ၏။ သူသည် အလွန်တန်ခိုးကြီးမားလာသဖြင့်သူ၏ ဂုဏ်သတင်းသည်အီဂျစ်ပြည်သို့ပင်ပျံ့နှံ့ သွားလေ၏။
လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည့်အတိုင်း သင်တို့ရောက်ရာ အရပ်တွင်ရှိသောလူအပေါင်းတို့သည် သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ မည်သူကမျှ သင်တို့ကိုမခုခံနိုင်။''
ယနေ့တွင်အရပ်ရပ်ရှိလူအပေါင်းတို့သည် သင်တို့ကိုကြောက်ရွံ့ထိတ်လန့်စေရန်ငါစီရင် မည်။ သင်တို့နာမည်ကိုကြားရရုံမျှနှင့် လူ တိုင်းကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်' ဟုမိန့် တော်မူ၏။''
ထာဝရဘုရားသည်ယောရှုနှင့်အတူရှိ တော်မူ၍သူ၏နာမည်သည်တစ်ပြည်လုံး တွင်ထင်ရှားကျော်စောလေ၏။
ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။-