ထိုမြို့တွင်လက်ဦးနေထိုင်ခဲ့ကြသောလူ တို့သည်ဂိတ္တိမ်မြို့သို့ထွက်ပြေးကာ ယနေ့တိုင် အောင်နေထိုင်လျက်ရှိသတည်း။)
၁ ရာချုပ် 13:13 - Common Language Bible သေတ္တာတော်ကိုမိမိနှင့်အတူယေရုရှလင်မြို့ သို့မယူဆောင်တော့ချေ။ ယင်းသို့ယူဆောင်မည့် အစားသေတ္တာတော်ကိုဂိတ္တိမြို့သားသြဗ ဒေဒုံနာမည်ရှိသူတစ်ဦး၏အိမ်၌ထားခဲ့၏။- Garrad Bible ထို ကာ လ ဘု ရား သ ခင် အား ကြောက် ရွံ့၍ ကိုယ့် နေ ရာ မြို့ တော် တွင်း သို့ သေ တ္တာ တော် ကို မ ပင့် မ သွင်း ဘဲ၊ Judson Bible မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကိုမဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ၍ ဆောင်သွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် သေတ္တာတော်ကို မိမိနှင့်အတူ ဒါဝိဒ်မြို့သို့ မသယ်ဆောင်သွားဘဲ ဂိတ္တိလူမျိုး ဩဗဒေဒုံ၏အိမ်သို့ သယ်ဆောင်သွား၏။ |
ထိုမြို့တွင်လက်ဦးနေထိုင်ခဲ့ကြသောလူ တို့သည်ဂိတ္တိမ်မြို့သို့ထွက်ပြေးကာ ယနေ့တိုင် အောင်နေထိုင်လျက်ရှိသတည်း။)
ဒါဝိဒ်သည်ဣသရေလပြည်မှလက်ရွေး စင်စစ်သည်ပေါင်းသုံးသောင်းကိုစုရုံးကာ၊-
ထို့နောက်ဒါဝိဒ်သည်ဘုရားသခင်ကိုကြောက် ရွံ့တော်မူသဖြင့်``ယခုငါသည်ပဋိညာဉ် သေတ္တာတော်ကိုအဘယ်သို့လျှင်ယူဆောင် ရပါတော့မည်နည်း'' ဟုဆို၍။-
သို့ဖြစ်၍ဒါဝိဒ်မင်းနှင့်တကွဣသရေလ ခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာတပ်မှူး များသည်ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင် ရန်အတွက်သြဗဒေဒုံ၏အိမ်သို့သွားကြ ပြီးလျှင်ခမ်းနားသောပွဲလမ်းသဘင်တစ်ရပ် ကိုကျင်းပကြ၏။-
သူတို့၏ခေါင်းဆောင်မှာအာသပ်ဖြစ်၍သူ ၏လက်ထောက်မှာဇာခရိဖြစ်၏။ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗဒေဒုံနှင့်ယေလတို့သည် စောင်းများကိုတီးရကြ၏။ အာသပ်ကား လင်းကွင်းကိုတီးရ၍၊-
ရှေမာယ၊ ယောဇဗပ်၊ ယောအာ၊ စာကာ၊ နာသ နေလ၊ အမျေလ၊ ဣသခါ၊ ပုလသဲဟူသော သားရှစ်ယောက်ဖြင့်ထာဝရဘုရားကောင်း ချီးပေးသူသြဗဒေဒုံဆိုသူလည်းရှိ၏။
သြဗဒေဒုံ၏အိမ်ထောင်စုမှဤအလုပ် တာဝန်အတွက် အထူးအရည်အချင်းနှင့် ပြည့်စုံသူလူခြောက်ဆယ့်နှစ်ယောက်ရရှိ၏။