ဣဇာက်သည်စားသောက်ပွဲကိုပြင်ဆင်၍ သူ တို့အားလုံးအတူတကွစားသောက်ကြ လေသည်။-
၁ ရာချုပ် 12:39 - Common Language Bible သူတို့သည်မိမိတို့၏အမျိုးသားများပြင် ဆင်ကျွေးမွေးသောအစားအသောက်များကို စားသောက်ကာ သုံးရက်တိုင်တိုင်ဒါဝိဒ်နှင့် အတူနေကြ၏။- Garrad Bible ဣ သ ရေ လ ပြည် တွင် ဝမ်း မြောက် အား ရ ခြင်း ရှိ သည် ဖြစ်၍ အ မျိုး သား ချင်း တို့ ပြင် ဆင် နှင့် သည့် ပြင် ဣ သ ခါ၊ ဇာ ဗု လုန်၊ နဿ လိ နယ် တိုင် အောင် တော် စပ် သူ တို့ လည်း မြောက် မြား စွာ သိုး နွား နှင့် တ ကွ မုန့်၊ မုန့် ညက်၊ သ ဖန်း ပြဉ်၊ စ ပျစ် ခိုင်၊ စ ပျစ် ရည်၊ ဆီ၊ ရိက္ခာ များ ကို မြည်း၊ ကု လား အုပ်၊ လား များ နှင့် တင် ဆောင် လာ သည့် အ တိုင်း ထို သူ ရဲ တို့ သည် သုံး ရက် တိုင် တိုင် ဒါ ဝိဒ် မင်း အ ထံ တော်၌ စား သောက် ကြ လေ ၏။ Judson Bible ထိုသူအပေါင်းတို့သည် သုံးရက်ပတ်လုံး အထံတော်၌ စားသောက်လျက်နေကြ၏။ အမျိုးသားချင်းတို့သည် ပြင်ဆင်နှင့်ကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း အမျိုးသားချင်းတို့ ပြင်ဆင်ကျွေးမွေးသဖြင့် ထိုနေရာတွင် သူတို့သည် ဒါဝိဒ်နှင့်အတူ သုံးရက်တိုင်တိုင်စားသောက်ပွဲများ ကျင်းပကြ၏။ |
ဣဇာက်သည်စားသောက်ပွဲကိုပြင်ဆင်၍ သူ တို့အားလုံးအတူတကွစားသောက်ကြ လေသည်။-
သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။-
ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
ယုဒပြည်သားတို့က``မင်းကြီးသည်ငါတို့ အနွယ်ဝင်ဖြစ်သဖြင့် ငါတို့ထိုသို့ပြုကြ ခြင်းဖြစ်၏။ သို့ဖြစ်၍သင်တို့သည်အဘယ် ကြောင့်အမျက်ထွက်ရကြပါသနည်း။ ငါ တို့သည်မင်းကြီး၏ရိက္ခာတော်ကိုစား၍ ဆုလာဘ်တော်ကိုခံယူပါသလော'' ဟု ပြန်ပြောကြ၏။
ဣသရေလပြည်တွင်ရှိသမျှသောအမျိုး သားအမျိုးသမီးတို့အားမုန့်တစ်လုံး၊ အမဲ ကင်တစ်တုံးနှင့်စပျစ်ပျဉ်တစ်ပြားစီကို ဝေငှတော်မူ၏။ ထိုနောက်လူအပေါင်းတို့ သည်မိမိတို့၏အိမ်သို့ပြန်သွားကြ၏။
အောက်ပါတို့သည်ဒါဝိဒ်၏နာမည်ကျော် စစ်သူရဲများဖြစ်ကြ၏။ သူတို့သည်ထာဝရ ဘုရား၏ကတိတော်အတိုင်း ဒါဝိဒ်အားမင်း မြှောက်နိုင်ရန်အခြားဣသရေလပြည်သား တို့နှင့်အတူဝိုင်းဝန်းကူညီကာ မင်းကြီး ၏နိုင်ငံကိုလည်းတည်တံ့ခိုင်မြဲစေသူ များဖြစ်ကြ၏။
တိုက်ပွဲဝင်ရန်အသင့်ရှိသောဤစစ်သူရဲ အပေါင်းတို့သည် ဒါဝိဒ်အားဣသရေလနိုင်ငံ တစ်ဝှမ်းလုံးကိုအစိုးရသောဘုရင်အဖြစ်ဖြင့် ချီးမြှောက်ကြရန်သန္နိဋ္ဌာန်ပြုလျက်ဟေဗြုန်မြို့ သို့သွားကြ၏။ ကျန်ဣသရေလပြည်သား အပေါင်းတို့သည်လည်း ထိုရည်ရွယ်ချက် ဖြင့်တစ်စိတ်တစ်သဘောတည်းရှိကြ၏။-
ဝေးကွာသောဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်မှစသောမြောက်ပိုင်းအရပ်များ မှလူတို့သည်မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ် ရည်နှင့်သံလွင်ဆီတို့ကိုမြည်းများ၊ ကုလား အုတ်များ၊ လားများ၊ နွားများဖြင့်တင်ဆောင် လာကြ၏။ သူတို့သည်သတ်၍စားရန်အတွက် နွားများနှင့်သိုးများကိုလည်းယူဆောင်လာ လေသည်။ ဤအမှုအရာအပေါင်းအားဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိဣသရေလအမျိုးသား တို့ပျော်ရွှင်ကြပုံကိုထုတ်ဖော်၍ပြသတည်း။