သူတို့သည်ထူးချွန်သောစစ်သူရဲများဖြစ် သဖြင့် ဒါဝိဒ်၏တပ်သားတို့ကိုအုပ်ချုပ်သူ အရာရှိများအဖြစ်ဖြင့်အမှုထမ်းရကြ ၏။ နောင်အခါ၌သူတို့သည်ဣသရေလ တပ်မတော်တွင်အရာရှိများဖြစ်လာကြ လေသည်။-
စစ် ခေါင်း မာ သော ရဲ ဗိုလ် ဖြစ် ကြ သ ဖြင့် အ နု ကြမ်း စီး သူ တို့ ကို ဒါ ဝိဒ် နှင့် အ တူ ကူ ညီ တိုက် ခိုက် ကြ ၏။
ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဗိုလ်ကြီးဖြစ်၍၊ ဓားပြလုပ်သော သူတို့တစ်ဖက်၌ ဒါဝိဒ်ကိုမစကြ၏။
သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သူများဖြစ်သောကြောင့် ဓားပြတို့ကို နှိမ်နင်းရာတွင် ဒါဝိဒ်ကို ကူညီကြ၏။ သူတို့သည် နောင်တွင် စစ်ဗိုလ်များ ဖြစ်လာကြ၏။
အောက်ပါတို့သည်ဒါဝိဒ်၏နာမည်ကျော် စစ်သူရဲများဖြစ်ကြ၏။ သူတို့သည်ထာဝရ ဘုရား၏ကတိတော်အတိုင်း ဒါဝိဒ်အားမင်း မြှောက်နိုင်ရန်အခြားဣသရေလပြည်သား တို့နှင့်အတူဝိုင်းဝန်းကူညီကာ မင်းကြီး ၏နိုင်ငံကိုလည်းတည်တံ့ခိုင်မြဲစေသူ များဖြစ်ကြ၏။
ဇိကလတ်မြို့သို့ဒါဝိဒ်ပြန်သွားချိန်၌မနာ ရှေအနွယ်ဝင်မှ သူ၏ဘက်သို့ဝင်ရောက်လာ သည့်စစ်သူရဲများမှာအာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု နှင့်ဇိလသဲတို့ဖြစ်ကြ၏။ သူတို့အားလုံး သည်မနာရှေအနွယ်တွင်တစ်ထောင်တပ် တပ်မှူးများဖြစ်ကြသတည်း။-
သူတို့သားချင်းစုခေါင်းဆောင်များမှာဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟော ဒဝိနှင့်ယာဒျေလတို့ဖြစ်ကြ၏။ ထိုသူတို့ အားလုံးသည်ထူးချွန်သောစစ်သူရဲများ ဖြစ်၍ မိမိတို့၏သားချင်းစုများပေါ်တွင် ထင်ပေါ်ကျော်စောသူများဖြစ်ကြ၏။