ဒါဝိဒ်သည်ဣသရေလဘုရင်အဖြစ်ချီး မြှောက်ခြင်းကိုခံရကြောင်းဖိလိတ္တိအမျိုး သားတို့ကြားသိကြသဖြင့်သူ့ကိုဖမ်းဆီး ရန်ချီတက်လာကြ၏။ ထိုသတင်းကိုဒါဝိဒ် ကြားသောအခါခံတပ်ရှိရာသို့ကြွတော် မူ၏။-
၁ ရာချုပ် 11:16 - Common Language Bible ထိုအချိန်၌ဒါဝိဒ်သည်အခိုင်အမာခံ တပ်တည်ထားသောတောင်ကုန်းတစ်ခုပေါ် တွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စုကလည်း ဗက်လင်မြို့ကိုဝင်ရောက်သိမ်းပိုက်၍ထား ကြ၏။- Garrad Bible ဒါ ဝိဒ် သည် ခိုင် လုံ သော ဥ မင် တွင် နေ ၍ ဖိ လိ တ္တိ ကင်း တပ် လည်း ဗက် လင် မြို့ မှာ စွဲ ခိုက်၊ Judson Bible ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိလူတို့သည် ဗက်လင်မြို့၌လည်း တပ်ချကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိမြို့စောင့်တပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။ |
ဒါဝိဒ်သည်ဣသရေလဘုရင်အဖြစ်ချီး မြှောက်ခြင်းကိုခံရကြောင်းဖိလိတ္တိအမျိုး သားတို့ကြားသိကြသဖြင့်သူ့ကိုဖမ်းဆီး ရန်ချီတက်လာကြ၏။ ထိုသတင်းကိုဒါဝိဒ် ကြားသောအခါခံတပ်ရှိရာသို့ကြွတော် မူ၏။-
ဒါဝိဒ်မင်းသည်ပြည်တော်ကိုလွမ်းဆွတ် တော်မူသဖြင့်``ငါ့အားဗက်လင်မြို့တံခါး အနီးရှိရေတွင်းမှသောက်ရေတစ်ပေါက် လောက်ယူဆောင်ပေးမည့်သူရှိလျှင် အဘယ် မျှကောင်းလိမ့်မည်နည်း'' ဟုတောင့်တပြော ဆိုတော်မူ၏။-
ကူမတော်မူရန်ငါသည်ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ ကိုယ်တော်၏ထံတော်တွင်အသနားခံပါ၏။
ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။-
ဖိလိတ္တိအမျိုးသားတို့ကစစ်သည်တပ်သား တစ်စုကိုစေလွှတ်၍ မိတ်မတ်တောင်ကြားလမ်း ကိုကာကွယ်စေကြ၏။
ဖိလိတ္တိတပ်မှူးအားရှောလုသတ်ဖြတ်လိုက် ကြောင်းနှင့် ဖိလိတ္တိအမျိုးသားတို့သည် ဣသရေလအမျိုးသားတို့အားမုန်းတီး ကြောင်းကို ဣသရေလအမျိုးသားတို့ကြား သိရသဖြင့် ရှောလု၏ဆင့်ဆိုချက်အတိုင်း ဂိလဂါလမြို့သို့လာရောက်စုရုံးကြ၏။
ဒါဝိဒ်သည်ဂါသမြို့မှထွက်ပြေးပြီးလျှင် အဒုလံမြို့အနီးရှိဂူသို့သွား၏။ ဤအကြောင်း ကိုသူ၏အစ်ကိုများနှင့်အခြားဆွေမျိုးတို့ သိကြသောအခါသူနှင့်အတူလာ၍နေ ကြ၏။-
သို့ဖြစ်၍ဒါဝိဒ်သည်မိဘနှစ်ပါးကိုမောဘ ဘုရင်၏ထံတွင်ထားခဲ့၏။ မိဘနှစ်ပါးသည် ဂူထဲတွင် ဒါဝိဒ်ပုန်းအောင်း၍နေရသမျှ ကာလပတ်လုံးမောဘဘုရင်၏ထံတွင်နေ ထိုင်ကြ၏။
ထိုနောက်ပရောဖက်ဂဒ်သည်ဒါဝိဒ်ထံသို့ လာ၍``သင်သည်ဤအရပ်တွင်မနေနှင့်။ ယုဒပြည်သို့ချက်ချင်းထွက်၍သွားလော့'' ဟုဆို၏။ ထို့ကြောင့်ဒါဝိဒ်သည်ဟာရက် တောသို့ထွက်သွားလေသည်။
ရှောလုနှင့်စစ်သည်တပ်သားတို့သည်ဒါဝိဒ် ကိုရှာရန်ထွက်လာကြ၏။ သို့ရာတွင်ထို အကြောင်းကိုဒါဝိဒ်ကြားသိရလျှင် မောန တောကန္တာရရှိကျောက်တောင်သို့သွားရောက် ပုန်းအောင်းလေသည်။ ဤအကြောင်းကို ကြားသောအခါ ရှောလုသည်ဒါဝိဒ်ရှိ ရာသို့လိုက်၍ရှာတော်မူ၏။-