သူသည်ပါသဒမ္မိမ်တိုက်ပွဲတွင်ဒါဝိဒ်နှင့် အတူ ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက် ခဲ့သူဖြစ်၏။ ဣသရေလအမျိုးသားတို့ တပ်လှန့်စပြုသောအခါသူသည်မုယော စပါးလယ်ပြင်တစ်ခုတွင်ရှိ၏။-
ပါ သ ဒ မ္မိမ် အ ရပ် ရှိ မ ယော မြေ ကွက်၌ ဖိ လိ တ္တိ သူ ရဲ တို့ စစ် တိုက် ရန် စု ရုံး စဉ် တပ် တော် သား တို့ ဆုတ် ပြေး ကြ သည့် ကာ လ ထို သူ သည် ဒါ ဝိဒ် မင်း နောက် တော် ပါ သည် နှင့် အ ညီ၊
ဖိလိတ္တိလူတို့သည် စစ်တိုက်ခြင်းငှာ မုယောစပါးစိုက်သော လယ်ကွက်၌စုဝေး၍ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးကြသော်လည်း၊
ဧလာဇာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ပါသဒမ္မိမ်အရပ်ရှိ မုယောစပါးအပြည့်စိုက်ထားသောလယ်ကွက်၌နေစဉ် ဖိလိတ္တိလူမျိုးတို့ စစ်တိုက်ရန် စုဝေးချီတက်လာကြ၏။ ကျန်စစ်သည်များ ဖိလိတ္တိလူမျိုးတို့ရှေ့မှ ထွက်ပြေးကုန်သော်လည်း
သူသည်မဆုတ်ခွာဘဲလက်အံသေ၍ဋ္ဌား ကိုလက်နှင့်ခွာမရသည့်တိုင်အောင် ဖိလိတ္တိ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။ ထို နေ့၌ထာဝရဘုရားသည်အောင်ပွဲကြီး ကိုခံစေတော်မူသဖြင့်တိုက်ပွဲပြီးဆုံး သွားသောအခါဣသရေလအမျိုးသား တို့သည်ကျဆုံးသည့်သူများထံမှလက် နက်တန်ဆာများကိုသိမ်းယူရန်ဧလာ ဇာရှိရာသို့လာရောက်ကြ၏။
သို့ဖြစ်၍သူသည်မိမိ၏အဖော်များနှင့် လယ်ပြင်အလယ်တွင်ရပ်လျက် ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ခိုက်လေသည်။ ထာဝရ ဘုရားသည်သူ့အားကြီးစွာသောအောင်ပွဲ ကိုပေးတော်မူ၏။
ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်ရှောခေါ မြို့တွင်စုရုံးကာ ထိုမြို့နှင့်အဇေကာမြို့စပ် ကြားဧဖက်ဒမိမ်အရပ်တွင်တပ်ချထား ကြ၏။-