ရှောလုမင်းကွယ်လွန်တော်မူရခြင်းအကြောင်း မှာ သူသည်ထာဝရဘုရားအပေါ်သစ္စာဖောက် သောကြောင့်ဖြစ်၏။ သူသည်ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်ခဲ့၏။-
ထို သို့ ရှော လု မင်း သည် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို မ နာ မ ယူ ဘဲ ထာ ဝ ရ ဘု ရား၏ သ စ္စာ တော် ကို ဖောက် ကျော် သော ကြောင့် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ထံ မ မေး မ လျှောက်၊ က ဝေ မ ထံ မေး မြန်း သော ကြောင့် လည်း ကောင်း ကွယ် လွန် ရ၏။ ထာ ဝ ရ ဘု ရား ထို မင်း ကို ကွပ် မျက်၍ နိုင် ငံ တော် ကို ယေ ရှဲ သား၊ ဒါ ဝိဒ် သို့ လွှဲ အပ် တော် မူ၏။
ထိုသို့ရှောလုသည် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ လွန်ကျူး၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊
ရှောလုမင်းကြီးသည် ထာဝရဘုရားအပေါ် သစ္စာမစောင့်၊ ထာဝရဘုရား၏စကားတော်ကို မနာခံ၊ နတ်ဝင်သည်ထံ မေးမြန်းတိုင်ပင်၍
မိမိ၏သားတော်ကိုလည်း မီးရှို့ရာပူဇော်သကာ အဖြစ်ဖြင့်ယဇ်ပူဇော်၏။ နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုလေ့လာ၍ ဗေဒင်ဆရာနှင့် နတ်ဝင်သည်တို့ကိုတိုင်ပင်၏။ သူသည်ထာဝရ ဘုရားအား များစွာပြစ်မှား၍အမျက်တော် ကိုလှုံ့ဆော်လေသည်။-
ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အရေးမနိမ့်ကြပါ။ ကိုယ်တော်ရှင်အားတော်လှန်ပုန်ကန်ရန် ဝန်မလေးသူများသာလျှင်အရေးနိမ့် ကြရပါ၏။
ကိုယ်တော်ရှင်အားစွန့်ပစ်ကြသူတို့သည် အကယ်စင်စစ် သေကျေပျက်စီးရကြပါလိမ့်မည်။ ကိုယ်တော်ရှင်အားသစ္စာဖောက်သူတို့ကို ကိုယ်တော်ရှင်သည်သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။
``စုံးမအားသေဒဏ်စီရင်ရမည်။
အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။
ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။-
လူတို့သည်ဖတ်ရွတ်သရဇ္စျာယ်တတ်သူဗေဒင် ဆရာများနှင့် နတ်ဝင်သည်တို့အားစုံစမ်း မေးမြန်းရန်သင်တို့အားပြောကြလိမ့်မည်။ သူတို့က``လူတို့သည်အသက်ရှင်သူတို့ ကိုယ်စားသေသူတို့၏ဝိညာဉ်များကိုမေး မြန်းစုံစမ်းအပ်သည်'' ဟုဆိုကြလိမ့်မည်။
``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူ တို့ထံမှ အကြံဉာဏ်မတောင်းခံနှင့်။ ထိုသို့ပြု လျှင်သင်တို့သည် ဘာသာရေးထုံးနည်းအရ ညစ်ညမ်းကြလိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူတို့ထံမှ အကြံဉာဏ်တောင်းခံသူကိုငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာသောအခါ အာမလက် အမျိုးသားတို့ကဆီးတားကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့အားဒဏ်ခတ်တော် မူမည်။-
ကိုယ်တော်အားပုန်ကန်ခြင်းသည်စုံးအတတ် ကဲ့သို့ဆိုးရွား၍ မောက်မာထောင်လွှားခြင်း သည်လည်းရုပ်တုကိုကိုးကွယ်ခြင်းကဲ့သို့ ပင်အပြစ်ကြီး၏။ သင်သည်ထာဝရဘုရား ၏အမိန့်တော်ကိုပယ်သောကြောင့် ကိုယ်တော် သည်သင့်ကိုဘုရင်အဖြစ်မှပယ်တော်မူ ပြီ'' ဟုဆို၏။
မိမိအဘယ်သို့ပြုရမည်ကိုထာဝရဘုရား အားမေးလျှောက်လေသည်။ သို့သော်ထာဝရ ဘုရားသည်အိပ်မက်များအားဖြင့်သော်လည်း ကောင်း၊ ဥရိမ်နှင့်သုမိမ်အားဖြင့်သော်လည်း ကောင်း၊ ပရောဖက်များအားဖြင့်သော်လည်း ကောင်းလုံးဝဖြေကြားတော်မမူ။-