သို့ဖြစ်၍ဟိတ္တိအမျိုးသားတို့ပိုင်သောမြေကွက်နှင့်ဂူသည်အာဗြဟံပိုင်သင်္ချိုင်းမြေဖြစ်လာလေသည်။
၁ ရာချုပ် 1:13 - Common Language Bible ခါနာန်၏သားအကြီးဇိဒုန်နှင့်သားငယ် ဟေသတို့မှဆင်းသက်လာသူများမှာ မိမိ တို့၏အမည်နာမအသီးသီးကိုဆောင် ကုန်သောအမျိုးသားများဖြစ်ကြ၏။- Garrad Bible ကာ သ လု ဟိမ် မှ ဖိ လိ တ္တိမ် ဆင်း သက်၏။ ခါ နာန့် သား များ ကား သား ဦး ဇိ ဒုန်၊ ဟေ သ။ Judson Bible ခါနာန်သားအကြီးကား ဇိဒုန်၊ ထိုနောက်ဟေသ၊ မြန်မာ့စံမီသမ္မာကျမ်း ခါနာန်၏သားဦးကား ဆီဒုန် ဖြစ်၏။ ဆီဒုန်မှ ဟေသလူမျိုး၊ |
သို့ဖြစ်၍ဟိတ္တိအမျိုးသားတို့ပိုင်သောမြေကွက်နှင့်ဂူသည်အာဗြဟံပိုင်သင်္ချိုင်းမြေဖြစ်လာလေသည်။
အာဗြဟံသည်အလောင်းရှိရာမှထ၍ဟိတ္တိအမျိုးသားတို့ထံသို့သွားပြီးလျှင်၊-
သူတို့က``ကျွန်ုပ်တို့အစီရင်ခံပါရစေ။ ကိုယ်တော်သည်ကျွန်ုပ်တို့တွင်တန်ခိုးကြီးသောအကြီးအကဲတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အကောင်းဆုံးသောသင်္ချိုင်းတွင်သင်၏မယားကိုမြှုပ်နှံပါ။ သူ၏အလောင်းကိုမြှုပ်နှံရန်အတွက်သင်္ချိုင်းကိုကျွန်ုပ်တို့ကဝမ်းသာစွာပေးပါမည်'' ဟုအာဗြဟံအားပြန်ပြောကြ၏။
ရေဗက္ကကဣဇာက်အား``ကျွန်မသည်ဧသော၏ အမျိုးချင်းမတူသောမယားများကြောင့် သေ ချင်အောင်စိတ်ညစ်ရသည်။ အကယ်၍ယာကုပ် သည်ဤအရပ်၌ရှိသော ဟိတ္တိအမျိုးသမီး တစ်ဦးဦးနှင့်အိမ်ထောင်ကျမည်ဆိုလျှင် ကျွန်မအသက်ရှင်မနေနိုင်တော့ပါ'' ဟု ပြောလေ၏။
ခါနာန်၏ဖခင်ဟာမသည်သူ၏ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမြင်ရလျှင် အပြင်သို့ထွက်၍အစ်ကိုနှစ်ယောက်တို့အားပြောပြလေ၏။-
ထိုအခါဒါဝိဒ်သည်``ဟိတ္တိအမျိုးသားဥရိယ အားငါ့ထံသို့စေလွှတ်လော့'' ဟုယွာဘထံသို့ လူလွှတ်မှာကြားတော်မူ၏။ သို့ဖြစ်၍ယွာဘ သည်ဥရိယအားဒါဝိဒ်ထံသို့စေလွှတ်လိုက် လေသည်။-
ပါသရုသိမ်၊ ကာသလုဟိမ်နှင့်ကတ္တောရိမ် အမျိုးသားများတည်း။ (ကတ္တောရိမ်အမျိုး သားများမှဖိလိတ္တိအမျိုးသားတို့ဆင်း သက်ပေါက်ပွားလာကြပေသည်။-)
ခါနာန်သည်ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊- ဟိဝိ၊ အာကိ၊ သိနိ၊- အာဝဒိ၊ ဇေမရိနှင့်ဟာမသိ အမျိုးသားများ၏ဘိုးဘေးများဖြစ်ကြ၏။
ဟိဝိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဟိတ္တိ အမျိုးသားတို့သည်ထိတ်လန့်တကြားဖြစ် ၍ထွက်ပြေးရကြလိမ့်မည်။-
ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-