၁ ရာ 4:3 - Common Language Bible
မသေဘဲကျန်ရှိနေသောတပ်သားတို့သည် တပ်စခန်းသို့ပြန်လည်ရောက်ရှိလာသောအခါ ဣသရေလခေါင်းဆောင်များက``ထာဝရ ဘုရားသည်အဘယ်ကြောင့်ငါတို့အားဖိလိတ္တိ အမျိုးသားတို့လက်တွင် ယနေ့အရေးရှုံးနိမ့် စေတော်မူပါသနည်း။ ငါတို့သည်သွား၍ ရှိလောမြို့မှထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုယူဆောင်လာကြကုန်အံ့။ သို့ မှသာလျှင်ကိုယ်တော်သည်ငါတို့နှင့်အတူ ချီတက်တော်မူ၍ ငါတို့အားရန်သူတို့လက် မှကယ်တင်တော်မူလိမ့်မည်'' ဟုဆိုကြ၏။-
အခန်းကိုကြည့်ပါ။
တပ် စ ခန်း သို့ စစ် သား တို့ ပြန် ရောက် လျှင် ဣ သ ရေ လူ ကြီး တို့ က ထာ ဝ ရ ဘု ရား သည် ဖိ လိ တ္တိ တို့ ရှေ့ ငါ တို့ ကို ယ နေ့ အ ဘယ် ကြောင့် ရှုံး နိမ့် စေ တော် မူ သ နည်း။ ငါ့ တို့ ထံ ရောက် လာ၍ ရန် သူ တို့ လက် တွင်း မှ ကယ် ဆယ် ရန် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ရှိ လော မြို့ မှ ပင့် ဆောင် ခဲ့ ကြ ကုန် အံ့ ဟူ၍ နှီး နှော ပြီး သည့် အ တိုင်း၊
အခန်းကိုကြည့်ပါ။
လူများတို့သည် တပ်ထဲသို့ရောက်သောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့်ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှာ၊ ရှိလောမြို့မှ ဆောင်ခဲ့ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း၊
အခန်းကိုကြည့်ပါ။
စစ်သည်တို့သည် တပ်စခန်းသို့ပြန်ရောက်လာကြသောအခါ အစ္စရေးသက်ကြီးဝါကြီးတို့က “ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူမျိုးတို့ရှေ့တွင် အဘယ်ကြောင့် ရှုံးနိမ့်စေသနည်း။ ရှိလောမြို့ရှိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ငါတို့ထံ ယူဆောင်လာကြစို့။ သို့ပြုလျှင် ကိုယ်တော်သည် ငါတို့နှင့်အတူကြွတော်မူ၍ ငါတို့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုကြ၏။
အခန်းကိုကြည့်ပါ။