ထာဝရဘုရားသည်အမိန့်တော်ဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်ထွက်စကားအားဖြင့် နေ၊လ၊ကြယ်တာယာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။
၁ ယော 5:7 - Common Language Bible သက်သေသုံးပါးရှိလေသည်။- Garrad Bible သ မ္မာ အ နှစ် ဖြစ် သော ဝိ ညာဉ် တော် သည် သက် သေ ခံ တော် မူ ရာ၊ Judson Bible သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သက်သေသုံးပါးရှိ၏။ |
ထာဝရဘုရားသည်အမိန့်တော်ဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်ထွက်စကားအားဖြင့် နေ၊လ၊ကြယ်တာယာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။
သို့ရာတွင်သူသည်သင်၏စကားကိုနားမထောင် ပါမူသင်၏စွပ်စွဲချက်မှန်သမျှအတည်ဖြစ် စေရန် ကျမ်းစာလာသည်အတိုင်းအသိသက်သေ နှစ်ယောက်သုံးယောက်ကိုခေါ်လော့။-
သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။-
အို ခမည်းတော်၊ ကိုယ်တော်ရှင်၏နာမတော် အားဘုန်းအသရေထွန်းတောက်စေတော်မူ ပါ'' ဟုမြွက်ဆိုတော်မူ၏။ ထိုအခါကောင်းကင်မှ ``ငါသည်နာမတော် ကိုဘုန်းအသရေထွန်းတောက်စေပြီ။ နောက် တစ်ဖန်လည်းထွန်းတောက်စေဦးမည်'' ဟုအသံ တော်ပေါ်ထွက်လာ၏။
ထိုအရှင်သည်ဘုရားသခင်အကြောင်းဆိုင် ရာသမ္မာတရားကိုဖော်ပြသောဝိညာဉ်တော် ဖြစ်၏။ လောကသားတို့သည်ထိုဝိညာဉ်တော် ကိုမြင်လည်းမမြင်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ ထိုဝိညာဉ်တော်သည်သင်တို့ နှင့်အတူတည်နေတော်မူ၍ သင်တို့စိတ်နှလုံး တွင်ကျိန်းဝပ်တော်မူသဖြင့်ထိုအရှင်ကို သင်တို့သိကြ၏။
``ခမည်းတော်ထံမှကြွလာ၍ဘုရားသခင် အကြောင်းဆိုင်ရာသမ္မာတရားကို ဖော်ပြသည့် မစတော်မူသောအရှင်တည်းဟူသောဝိညာဉ် တော်သည်ရောက်လာတော်မူသောအခါ ငါ၏ အကြောင်းကိုပြောကြားတော်မူလိမ့်မည်။ ထို အရှင်ကိုခမည်းတော်ထံမှသင်တို့ထံသို့ ငါစေလွှတ်မည်။-
ခမည်းတော်မှာအသက်ပေးပိုင်သောတန်ခိုး ရှိတော်မူသည်နည်းတူ သားတော်တွင်လည်းရှိ စေရန်ထိုတန်ခိုးကိုသားတော်အားအပ်နှင်း ထားတော်မူ၏။-
ငါသည်ကိုယ့်အကြောင်းကိုသက်သေခံ၏။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်ကလည်း ငါ့အကြောင်းကိုသက်သေခံ၏'' ဟုမိန့်တော် မူ၏။
သခင်ယေရှုက ``ငါသည်မိမိကိုယ်ကိုချီး မြှောက်ပါမူငါ၏ဘုန်းအသရေသည်အချည်း နှီးပင်ဖြစ်၏။ ငါ့ကိုချီးမြှောက်သူကားငါ၏ ခမည်းတော်တည်း။ ထိုအရှင်ကိုသင်တို့၏ ဘုရားသခင်ဟုဆိုကြ၏။-
ကိုယ်တော်သည်ဘုရားသခင်၏လက်ယာတော် ဘက်တွင်စံပယ်ရန်ချီးမြှင့်ခြင်းခံတော်မူပြီး နောက် ခမည်းတော်ကတိထားတော်မူသည့်သန့် ရှင်းသောဝိညာဉ်တော်ကိုခံယူ၍ သင်တို့ယခု တွေ့မြင်ကြားသိနေကြသည့်ဝိညာဉ်တော်ကို ငါတို့အပေါ်သို့သွန်းလောင်းတော်မူသတည်း။-
ဤအမှုအရာများနှင့်ပတ်သက်၍ ငါတို့ သည်အသိသက်သေဖြစ်ကြ၏။ ဘုရားသခင် ၏အမိန့်ကိုနာခံသူတို့အားချပေးတော်မူ သည့်ဆုကျေးဇူးတည်းဟူသော ဝိညာဉ်တော် သည်လည်းအသိသက်သေဖြစ်တော်မူ၏'' ဟု ပြန်၍ပြောကြားကြ၏။
သခင်ယေရှု၏ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်၏မိတ် သဟာယတော်သည်သင်တို့အပေါင်းနှင့်အတူ ရှိပါစေသော။ ကောရိန္သုသြဝါဒစာဒုတိယစောင်ပြီး၏။
``အို ဣသရေလအမျိုးသားတို့ ဤအချက် ကိုမမေ့နှင့်။ ထာဝရဘုရားသာလျှင် ငါတို့ ၏ဘုရားဖြစ်တော်မူ၏။-
အသက်တော်တည်းဟူသောနှုတ်ကပတ်တော် အကြောင်းကိုငါတို့စာရေးလိုက်၏။ ထိုနှုတ် ကပတ်တော်သည်အစမူလကတည်းကပင် ရှိနေတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်ကို ငါတို့ကြားခဲ့ကြ၏။ ငါတို့ကိုယ်တိုင်မျက်စိ ဖြင့်မြင်ခဲ့ကြ၏။ ငါတို့လက်ဖြင့်စမ်းသပ် ကြည့်ရှုခဲ့ကြ၏။-
ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။-
ယင်းတို့ကားဝိညာဉ်တော်၊ ရေနှင့်သွေးတို့ဖြစ် ကြ၏။ ထိုသုံးပါးတို့သည်တညီတညွတ် တည်းသက်သေခံကြ၏။-
ထိုအရှင်သည်သွေးတွင်နှစ်သည့်အဝတ်ကို ဝတ်ဆင်ထား၏။ သူ၏နာမတော်မှာ``ဘုရား သခင်၏နှုတ်ကပတ်တော်'' ဟူ၍ဖြစ်၏။-