အဗရှလုံမူကားမိမိ၏နှမတာမာကိုမ တော်မတရားပြုကျင့်သည့်အတွက် အာမနုန် အားလွန်စွာမုန်းသဖြင့်စကားမပြောဘဲ နေ၏။
၁ ယော 2:11 - Common Language Bible သို့ရာတွင်ညီအစ်ကိုကိုမုန်းသောသူသည် ကားအမှောင်တွင်ကျင်လည်သူဖြစ်၏။ အမှောင် တွင်ကျင်လည်၍မျက်စိမမြင်နိုင်သဖြင့်သူ သည်မိမိအဘယ်အရပ်သို့သွားသည်ကိုမသိ။ Garrad Bible ညီ အစ် ကို ချင်း မုန်း သူ မူ ကား မှောင် မိုက်၌ နေ ထိုင် သွား လာ လျက် မှောင် မိုက် ကြောင့် မျက် စိ ကွယ် သည့် အ လျောက် မည် သည့် အ ရပ် သို့ သွား သည် ကို မ သိ ချေ။ Judson Bible မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်း ကျင်လည်သွားလာ၏။ မှောင်မိုက်ကြောင့် သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကို ကိုယ်မသိ။- မြန်မာ့စံမီသမ္မာကျမ်း မိမိညီအစ်ကိုကိုမုန်းသောသူမူကား မှောင်မိုက်၌ရှိ၍ မှောင်မိုက်၌အသက်ရှင်လျှောက်လှမ်းနေ၏။ မှောင်မိုက်သည် သူ၏မျက်စိကိုကွယ်စေသဖြင့် သူသည် မိမိမည်သည့်အရပ်သို့သွားနေသည်ကို မသိ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် အမှောင်ထဲတွင် ရှိ၍ အမှောင်ထဲတွင် ကျင်လည်၏။ အမှောင်ထုသည် ထိုသူအား ကွယ်စေသောကြောင့် သူသည် မည်သည့်နေရာသို့ သွားနေသည်ကိုပင် မသိ။ |
အဗရှလုံမူကားမိမိ၏နှမတာမာကိုမ တော်မတရားပြုကျင့်သည့်အတွက် အာမနုန် အားလွန်စွာမုန်းသဖြင့်စကားမပြောဘဲ နေ၏။
မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
``သူတစ်ပါးအားရန်ငြိုးမထားနှင့်။ သူ့ ကြောင့်သင်သည်အပြစ်မကူးလွန်မိစေ ရန် သူနှင့်သဘောကွဲလွဲချက်များကိုတွေ့ ဆုံဖြေရှင်းလော့။-
သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက်ရှိခဲ့၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကိုဖတ်သည့်အခါတိုင်း သူတို့စိတ်နှလုံးသည်ယင်းပဝါဖြင့်ဖုံးအုပ် လျက်ရှိ၏။ ခရစ်တော်အားဖြင့်သာလျှင်ယင်း ပဝါကိုပယ်ရှားရ၏။-
ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-
ဤအရည်အချင်းများနှင့်ကင်းသူသည် အမြင်တို၍မျက်စိကန်းသူဖြစ်၏။ သူသည် ယခင်ကမိမိ၏အပြစ်များမှပြေလွတ်ခွင့် ရရှိသည်ကိုမေ့လျော့လေပြီ။
သို့ဖြစ်၍ငါတို့သည်ကိုယ်တော်နှင့်မိတ်သဟာ ယဖွဲ့ရကြလေပြီဟုဆိုလျက် အမှောင်တွင် ကျင်လည်နေကြပါမူနှုတ်အားဖြင့်လည်း ကောင်း၊ အကျင့်အားဖြင့်လည်းကောင်းလိမ်လည် သူများဖြစ်ကြ၏။-
ညီအစ်ကိုကိုချစ်သောသူသည်အလင်းတွင် ကျင်လည်သောသူဖြစ်၏။ သူသည်အဘယ်သို့ မျှသူတစ်ပါးတို့အားအပြစ်ကူးလွန်စေ လိမ့်မည်မဟုတ်။-
အလင်းတွင်ကျင်လည်ပါသည်ဟုဆိုလျက် မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည် ယခု တိုင်အောင်အမှောင်တွင်ကျင်လည်နေသေးသူ ဖြစ်၏။-
မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည်သူ သတ်သမားဖြစ်၏။ သူသတ်သမားသည် ထာဝရအသက်ကိုမရကြောင်းသင်တို့ သိကြ၏။-
ဘုရားသခင်ကိုချစ်ပါသည်ဟုဆိုလျက် ညီအစ်ကိုကိုမုန်းသောသူသည်လူလိမ်ဖြစ် ၏။ အဘယ်ကြောင့်ဆိုသော်မျက်စိဖြင့်မြင်ရသူ ညီအစ်ကိုကိုမချစ်နိုင်သောသူသည် မျက်စိ ဖြင့်မမြင်ရသည့်ဘုရားသခင်ကိုချစ်နိုင် မည်မဟုတ်သောကြောင့်တည်း။-
``ငါသည်ချမ်းသာကြွယ်ဝ၏။ ငါ့မှာလိုလေ သေးမရှိ'' ဟုသင်ဆို၏။ သို့ရာတွင်မိမိသည် အဘယ်မျှဆင်းရဲငြိုငြင်သနားစရာကောင်း သည်ကိုသင်သိ၏။ သင်သည်ချို့တဲ့လျက်၊ မျက် စိကန်းလျက်အဝတ်အချည်းစည်းဖြစ်လျက် နေပါသည်တကား။-