သို့ရာတွင်ယောရှ၏နန်းစံနှစ်ဆယ့်သုံးနှစ် မြောက်သို့ရောက်ရှိသည်တိုင်အောင် ဗိမာန်တော် တွင်မည်သည့်မွမ်းမံပြင်ဆင်မှုကိုမျှမပြု ရသေးသဖြင့်၊-
၁ ပေ 5:2 - Common Language Bible သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။- Garrad Bible သင် တို့ တွင် ရှိ သော ဘု ရား သ ခင့် သိုး တော် စု ကို ဘု ရား သ ခင့် အ လို တော် နှင့် အ ညီ မ လွှဲ မ ရှောင် သာ စိတ် ကင်း၍ စေ တ နာ ရှိ သူ အ နေ နှင့် လည်း ကောင်း၊ လော ဘ ကင်း ၍ စိတ် ထက် သန် သူ အ နေ နှင့် လည်း ကောင်း၊ Judson Bible သင်တို့နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ဘုရားသခင်အပ်ထားတော်မူသည့် သိုးစုကဲ့သို့သော လူတို့ကို အုပ်ထိန်းလော့။ မဖြစ်မနေအုပ်ထိန်းရခြင်းကြောင့် မဟုတ်ဘဲ ဘုရားသခင်အလိုတော်နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွားအတွက် မဟုတ်ဘဲ စိတ်အားထက်သန်စွာ အုပ်ထိန်းလော့။ |
သို့ရာတွင်ယောရှ၏နန်းစံနှစ်ဆယ့်သုံးနှစ် မြောက်သို့ရောက်ရှိသည်တိုင်အောင် ဗိမာန်တော် တွင်မည်သည့်မွမ်းမံပြင်ဆင်မှုကိုမျှမပြု ရသေးသဖြင့်၊-
ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
သူတို့သည်စား၍အားမရနိုင်၊ လောဘကြီး သည့်ခွေးများနှင့်တူကြ၏။ သူတို့သည်ကား အသိတရားကင်းမဲ့သည့်ခေါင်းဆောင်များ တည်း။ မိမိတို့နှစ်သက်ရာကိုကိုယ်စီကိုယ်ငှ ဆောင်ရွက်ကြလျက်ကိုယ်ကျိုးကိုသာလျှင် ရှာကြံတတ်ကြ၏။-
ထိုနောက်ထာဝရဘုရားက``ငါသည်အဘယ်သူကိုစေလွှတ်ရပါမည်နည်း'' ဟုမေးတော်မူ၏။ ငါကလည်း``ကျွန်တော်မျိုးသွားပါမည်။ ကျွန်တော်မျိုးအားစေလွှတ်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။
ထိုအခါသူတို့သည်အတိတ်ကာလ၊ ထာဝရ ဘုရား၏အစေခံမောရှေ၏ခေတ်ကိုအောက်မေ့ သတိရကြလျက်``မိမိလူမျိုးတော်၏ခေါင်း ဆောင်များကိုပင်လယ်မှကယ်တော်မူသော ထာဝရဘုရားသည်အဘယ်မှာနည်း။ မောရှေ အားထူးကဲသည့်တန်ခိုးကို ပေးတော်မူသော ထာဝရဘုရားကားအဘယ်မှာနည်း။-
အကယ်၍သင်တို့နားမထောင်ကြပါမူ ငါသည်သင်တို့၏မာန်မာနထောင်လွှားမှု အတွက် ကြိတ်၍ငိုကြွေးမည်။ ငါသည်ဝမ်းနည်းပက်လက်ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုတော်သည်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကိုခံရပြီဖြစ်၍ငါ့မျက်ရည်စီး ကျမည်။
ယေရုရှလင်မြို့၊ ကြည့်လော့။ သင်၏ရန်သူ များသည်မြောက်အရပ်မှလာလျက်ရှိ၏။ ကြည့်ရှုစောင့်ရှောက်ရန် သင့်အားငါပေး အပ်ထားသည့်လူများ၊ သင်တို့ဂုဏ်ယူ သည့်လူမျိုးတို့ကားအဘယ်မှာနည်း။-
ကြီးငယ်မဟူလူအပေါင်းတို့သည်မတရား စီးပွားရှာကြ၏။ ပရောဖက်များနှင့်ယဇ်ပု ရောဟိတ်များပင်လျှင်လူတို့ကိုလှည့်ဖြား ကြ၏။-
သို့ဖြစ်၍သူတို့လယ်ယာများကိုပိုင်ရှင် သစ်များသို့လည်းကောင်း၊ သူတို့ဇနီးများ ကိုအခြားသူတို့ထံသို့လည်းကောင်းငါ ပေးအပ်မည်။ ကြီးငယ်မဟူလူအပေါင်း တို့သည်မတရားစီးပွားရှာကြ၏။ ပရော ဖက်များနှင့်ယဇ်ပုရောဟိတ်များပင်လျှင် လူတို့ကိုလိမ်လည်ကြ၏။-
သူတို့၏တစ်ဦးတည်းသောသိုးထိန်းအဖြစ် ဖြင့် ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် အားခန့်ထားမည်။ သူသည်သူတို့အားစောင့် ထိန်းကြည့်ရှုလိမ့်မည်။-
``ငါ၏သိုးများ၊ ငါကျွေးမွေးပြုစုသည့် သိုးစု၊ သင်တို့သည်ငါ၏လူမျိုးတော်ဖြစ် ၍ငါသည်သင်တို့၏ဘုရားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထိုလူက``ဤမီးဖိုတို့ကား လူတို့ပူဇော်သည့် ယဇ်ကောင်များကိုဗိမာန်တော်အစေခံတို့ ပြုတ်သည့်မီးဖိုများဖြစ်၏'' ဟုငါ့အား ပြောပြ၏။
မြို့ကိုအုပ်ချုပ်သူတို့သည်တံစိုးလက်ဆောင် စား၍အုပ်ချုပ်ကြ၏။ ယဇ်ပုရောဟိတ်တို့ သည်အခကြေးငွေယူ၍စီရင်ဆုံးဖြတ် ကြ၏။ ပရောဖက်တို့သည်ငွေယူ၍ဗျာဒိတ် တော်ကိုဖွင့်ပြကြ၏။ ထိုသူအပေါင်းတို့ ကထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူသည်ဟုဆိုကြ၏။ သူတို့က``ငါ တို့တွင်ဘေးဥပဒ်မရောက်နိုင်၊ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ သည်'' ဟုပြောကြ၏။
ထိုဘုရင်ကြွလာသောအခါသူသည် ထာဝရ ဘုရားထံတော်မှရသောအစွမ်းသတ္တိနှင့် လည်းကောင်း၊ သူ၏ဘုရားသခင်ထာဝရ ဘုရား၏ဘုန်းတန်ခိုးတော်နှင့်လည်းကောင်း မိမိ၏လူစုကိုအုပ်စိုးလိမ့်မည်။ ကမ္ဘာတစ် ဝှမ်းလုံးတွင်ရှိသောလူအပေါင်းတို့သည် သူ ၏ကြီးမြတ်တော်မူခြင်းကိုဝန်ခံကြ သဖြင့် သူ၏လူမျိုးတော်သည်လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။-
အို ထာဝရဘုရား၊ ကိုယ်တော်ရွေးကောက်သော လူမျိုးတော်အားသိုးထိန်းသဖွယ်စောင့်ရှောက် တော်မူပါ။ သူတို့အားရှေးအခါကမြက်ပေါ များရာ ဗာရှန်ပြည်နှင့်ဂိလဒ်ပြည်များတွင် ကျက်စားစေသကဲ့သို့ယခုလည်းပြည် တော်တွင်နေထိုင်စေတော်မူပါ။
တန်ဖိုးမရှိသောသိုးထိန်းမိုက်သည်အမင်္ဂ လာရှိ၏။ သူသည်မိမိ၏သိုးစုကိုစွန့်ပစ် ထားလေပြီ။ စစ်မက်ဘေးဒဏ်ကြောင့်သူ၏ လက်ရုံးနှင့်ညာမျက်စိသည်ပျက်ပြုန်း၍ သွားလိမ့်မည်။ သူ့၏ညာလက်ရုံးသည်ရှုံ့တွ တွန့်လိမ်လျက်၊ ညာမျက်စိသည်လည်းအလင်း ကွယ်၍သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ ၏ယဇ်ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်မီးများ ကိုသင်တို့မထည့်နိုင်စေရန် ဗိမာန်တော် တံခါးများကိုပိတ်ထားမည့်သူရှိလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း။ ငါသည် သင်တို့ကိုမနှစ်သက်။ ငါ့ထံသို့သင်တို့ ယူဆောင်လာသောပူဇော်သကာကိုလည်း လက်မခံလို။-
သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။
``သိုးစုငယ်၊ မကြောက်နှင့်။ သင်တို့၏အဖ သည်သင်တို့အားနိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။-
ငါမရှိသည့်နောက်လူအချို့တို့သည်သင်တို့ ထံသို့ဝင်ရောက်၍ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများကဲ့သို့သိုးများကိုမညှာဘဲ ပြုမူကြမည်ဖြစ်ကြောင်းကိုငါသိ၏။-
ထိုအခါပေါလုက ``သင်တို့သည်အဘယ်ကြောင့် ဤသို့ငိုယိုကာ ငါ၏စိတ်နှလုံးကိုကြေကွဲစေ ကြပါသနည်း။ ငါသည်သခင်ယေရှု၏နာမ တော်အတွက် ယေရုရှလင်မြို့တွင်အချည်နှောင် ခံရန်သာမကအသေခံရန်ပင်အသင့်ရှိပါ သည်'' ဟုပြန်ပြော၏။
သတင်းကောင်းကိုရောမမြို့ရှိသင်တို့အား လည်းကြေညာရန် ငါသည်စိတ်အားထက် သန်လျက်ရှိ၏။
အဘယ်ဥယျာဉ်မှူးသည်မိမိစိုက်ပျိုးသည့် စပျစ်ဥယျာဉ်မှ စပျစ်သီးကိုမစားဘဲနေ သနည်း။ အဘယ်သိုးထိန်းသည်မိမိထိန်း ကျောင်းရသည့်သိုးများမှနို့ကိုမသုံး ဆောင်ဘဲနေသနည်း။
သေသောက်ကြူးသူမဖြစ်စေရ။ သူသည် ကြမ်းတမ်းသူမဟုတ်ဘဲနူးညံ့သိမ်မွေ့သူ၊ ငြိမ်းချမ်းမှုကိုလိုလားသူဖြစ်ရမည်။ ငွေ ကိုခုံမင်တပ်မက်သူမဖြစ်ရ။-
သင်းထောက်လူကြီးများသည်လည်းစာရိတ္တ ကောင်းမွန်၍ဟန်ဆောင်မှုမရှိသူများဖြစ် ရမည်။ သူတို့သည်သေသောက်ကြူးသူများ၊ ငွေကိုတပ်မက်သူများမဖြစ်စေရ။-
ထိုသူတို့၏နှုတ်ကိုပိတ်ရန်လိုအပ်လာပေ ပြီ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ငွေ ရရှိရေးရည်ရွယ်ချက်ဖြင့် မသွန်သင်သင့် သောအရာများကိုသွန်သင်ခြင်းအားဖြင့် အိမ်ထောင်စုများကိုကမောက်ကမဖြစ်စေ ကြသောကြောင့်တည်း။-
အသင်းတော်ကိုခေါင်းဆောင်သူသည်ဘုရား သခင်၏အမှုတော်ကိုတာဝန်ယူ၍ ဆောင်ရွက် ရသူဖြစ်သဖြင့်အပြစ်ဆိုစရာမရှိသူ ဖြစ်ရမည်။ သူသည်မောက်မာသူ၊ စိတ်တိုသူ မဖြစ်စေရ။ သေသောက်ကြူးသူ၊ ကြမ်းတမ်း သူ၊ ငွေကိုမက်မောသူမဖြစ်စေရ။-
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
တိုင်းပြည်အုပ်ချုပ်သူများနှင့်အာဏာပိုင်များ ၏အုပ်စိုးခြင်းကိုဝန်ခံ၍ သူတို့၏စကားကို နားထောင်ကြရန်လည်းကောင်း၊ ကောင်းမြတ်သော အမှုကိစ္စမှန်သမျှကိုဆောင်ရွက်ဖို့အသင့်ရှိ ကြရန်လည်းကောင်း သင်၏လူစုအားသတိ ပေးလော့။-
သို့ရာတွင်သင်၏သဘောတူညီချက်မရရှိ ဘဲအဘယ်အမှုကိုမျှငါမပြုလိုပါ။ ငါ့ကို ကူညီမစစေရန်သင့်အားအနိုင်အထက် မပြုလိုပါ။ သင်၏စေတနာအလျောက်သာ လျှင်မစစေလိုပါ၏။
ဘုရားသခင်၏ကျေးဇူးတော်ကိုအဘယ် သူမျှမငြင်းမပယ်စေနှင့်။ မြစ်ခါးပင်သည် မိမိ၏အဆိပ်ဖြင့်လူအများအားဒုက္ခ ပေးတတ်၏။ အဘယ်သူမျှထိုအပင်ကဲ့ သို့မဖြစ်စေနှင့်။-
ဤမိစ္ဆာဆရာတို့သည်လောဘကူးလျက် မဟုတ်မမှန်လုပ်ကြံပြောဆိုကာအမြတ် ထုတ်ကြလိမ့်မည်။ ရှေးကာလကပင်လျှင်သူတို့ အားတရားစီရင်မည့်အရှင်သည်အသင့်ရှိနေ တော်မူလေပြီ။ သူတို့အားသုတ်သင်ဖျက်ဆီး တော်မူမည့်အရှင်သည်အိပ်ပျော်လျက်နေ တော်မမူ။