ကျွန်တော်မျိုးသည်ကျေနပ်ရောင့်ရဲလျက် မိမိစိတ်ကိုငြိမ်းအေးစေပါပြီ။ ကလေးငယ်သည်မိခင်၏ရင်ခွင်၌ ငြိမ်သက်စွာအိပ်နေသကဲ့သို့ ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ငြိမ်သက်လျက်ရှိပါပြီ။
၁ ပေ 3:4 - Common Language Bible မိမိတို့အတွင်းစိတ်နှလုံးနှင့်ဆိုင်သော နူးညံ့သိမ်မွေ့သည့်သဘောတည်းဟူသော ထာဝစဉ်လှပမှုပေါ်တွင်တည်စေကြလော့။ ယင်းလှပမှုသည်ဘုရားသခင်ရှေ့တော် မှောက်၌၊ အလွန်အဖိုးထိုက်ပေသည်။- Garrad Bible ဘု ရား သ ခင့် ရှေ့ တော်၌ ရ တ နာ မြတ် ဖြစ် လျက် မ ပျက် စီး နိုင် သော နူး ညံ့ သိမ် မွေ့ ခြင်း သ ဘော နှင့် ပုန်း ကွယ် သူ တည်း ဟူ သော စိတ် နှ လုံး ကို ဆင် ယင် ကြ လော့။ Judson Bible ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း နူးညံ့သိမ်မွေ့၍ တည်ငြိမ်သည့်စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့် စိတ်နှလုံးနှင့်ဆိုင်သော အတွင်းဝိညာဉ်လူ၏တန်ဆာဆင်ခြင်းဖြစ်စေကြလော့။ ဤသည်ကား ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးထိုက်သောအရာဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နူးညံ့သိမ်မွေ့ခြင်း၊ တည်ငြိမ်ခြင်းဖြစ်သည့် မပျက်စီးနိုင်သောအတွင်းစိတ်အလှတရားများဖြင့်သာ အလှဆင်ကြလော့။ ဤအရာသည် ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးတန်၏။ |
ကျွန်တော်မျိုးသည်ကျေနပ်ရောင့်ရဲလျက် မိမိစိတ်ကိုငြိမ်းအေးစေပါပြီ။ ကလေးငယ်သည်မိခင်၏ရင်ခွင်၌ ငြိမ်သက်စွာအိပ်နေသကဲ့သို့ ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ငြိမ်သက်လျက်ရှိပါပြီ။
ကိုယ်တော်သည်နိမ့်ကျသူတို့ကိုထူပင့်တော် မူ၍ ယုတ်မာသူတို့ကိုမူမြေသို့တိုင်အောင်လဲကျ စေတော်မူ၏။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား နှစ်သက်တော်မူ၏။ နိမ့်ကျသူတို့အားအောင်ပွဲခံစေခြင်းအားဖြင့် ချီးမြှင့်တော်မူ၏။
စိတ်နှလုံးနှိမ့်ချသူတို့အားလမ်းမှန်သို့ ပို့ဆောင်တော်မူလျက် ကိုယ်တော်၏အလိုတော်ကိုသွန်သင်တော်မူ၏။
မင်းသမီးသည်နန်းတွင်းသို့ရောက်လေပြီ။ သူသည်အလွန်လှပတင့်တယ်ပါသည်တကား။ သူ၏ဝတ်လဲတော်ကိုရွှေချည်ဖြင့် ရက်လုပ်ထားပေသည်။
ကိုယ်တော်ရှင်သည်သစ္စာတရားကို နှစ်သက်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး စိတ်နှလုံးကိုဉာဏ်ပညာဖြင့်ပြည့်ဝစေ တော်မူ၏။
ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
ဆင်းရဲသူများနှင့်နှိမ့်ချသောသူတို့သည် ဣသရေလအမျိုးသားတို့၏မြင့်မြတ် သောဘုရားသခင်ထာဝရဘုရားပေး တော်မူသော ရွှင်လန်းဝမ်းမြောက်မှုကိုတစ် ဖန်ပြန်၍ရရှိကြလိမ့်မည်။-
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
မာသေယ၏မြေး၊ နေရိ၏သားစရာယသည် ဇေဒကိမင်း၏အပါးတော်မြဲဖြစ်၏။ ယုဒ ဘုရင်ဇေဒကိနန်းစံစတုတ္ထနှစ်၌စရာယ သည်ဗာဗုလုန်မြို့သို့ရှင်ဘုရင်နှင့်အတူ သွားမည်ဖြစ်သဖြင့် ငါသည်သူ့အားအနည်း ငယ်ညွှန်ကြားလိုက်လေသည်။-
ငါသည်နူးညံ့သိမ်မွေ့၍စိတ်နှလုံးနှိမ့်ချ၏။ ထို ကြောင့်ငါတင်သောထမ်းပိုးကိုထမ်း၍ ငါ၏ထံတွင် နည်းနာခံယူကြလော့။ သင်တို့သည်သုခချမ်းသာ ရရှိကြလိမ့်မည်။-
မျက်မမြင်ဖာရိရှဲတို့၊ ပန်းကန်ခွက်ယောက်များ အတွင်းဘက်ကိုဦးစွာဆေးကြောကြလော့။ သို့ ပြုလျှင်ပြင်ပသည်လည်းသန့်ရှင်းစင်ကြယ် လာလိမ့်မည်။''
``စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကတိထားတော် မူသောကောင်းချီးကိုခံစားရကြလတ္တံ့။
အချင်းလူမိုက်တို့၊ ပြင်ပသဏ္ဌာန်ကိုဖန်ဆင်း တော်မူသောအရှင်သည် အတွင်းသဏ္ဌာန်ကို လည်းဖန်ဆင်းတော်မူသည်မဟုတ်လော။-
ကိုယ်တော်က ``သင်တို့သည်မိမိတို့ကိုယ်ကို သူတော်ကောင်းများဟုလူတို့အားထင်မြင် စေကြ၏။ သို့ရာတွင်ဘုရားသခင်သည်သင် တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ် တနိုးထားသောအရာသည်ဘုရားသခင်၏ ရှေ့တော်မှာစက်ဆုပ်ဖွယ်ဖြစ်၏။
သေခြင်းတရားကင်းသည့်ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မည့်အစားသေမျိုးဖြစ်သည့် လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ သို့မဟုတ်တွား တတ်သောသတ္တဝါ၏ပုံသဏ္ဌာန်ကိုဆောင်သော ရုပ်တုများကိုကိုးကွယ်ဝတ်ပြုကြလေ သည်။
ယုဒအမျိုးသားအစစ်အမှန်ကားစိတ်နှလုံး တွင် အရေဖျားလှီးခြင်းမင်္ဂလာကိုခံသူသာ လျှင်ဖြစ်ပေသည်။ ထိုသူကိုယုဒအမျိုးသား ဖြစ်စေသောအရာမှာအက္ခရာတင်ထားသည့် ပညတ်တရားမဟုတ်။ ဘုရားသခင်၏ဝိညာဉ် တော်ကသာလူကိုအတွင်းစိတ်သဘောအား ဖြင့် ယုဒအမျိုးသားဖြစ်စေတော်မူ၏။ ထို သို့သောသူသည်လူတို့ထံမှမဟုတ်၊ ဘုရား သခင်၏ထံတော်မှအချီးအမွမ်းကိုခံရ သတည်း။
ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။-
ဘုရားသခင်၏ပညတ်တရားတော်ကို ငါ၏ စိတ်နှလုံးကနှစ်သက်ဝမ်းမြောက်စွာလက်ခံ ၏။-
ခရစ်တော်၏စိတ်နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုတို့ ကိုအကြောင်းပြု၍ငါသည်သင်တို့အားမေတ္တာ ရပ်ခံပါ၏။ ငါကားသင်တို့ရှေ့မှောက်တွင်ပျော့ ညံ့၍သင်တို့မျက်ကွယ်တွင်မူရဲစွမ်းသတ္တိရှိ သူပေါလုပင်ဖြစ်ပေသည်။-
ဤအကြောင်းကြောင့်ငါတို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ကြ။ ငါတို့၏ကိုယ်ခန္ဓာသည်တဖြည်းဖြည်းယို ယွင်းပျက်စီးလျက်ရှိသော်လည်း ငါတို့၏ ဝိညာဉ်မူကားနေ့စဉ်နှင့်အမျှအသစ် ပြုပြင်ခြင်းကိုခံရ၏။-
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း တို့ပေတည်း။ ဤအရာများနှင့်ပတ်သက်၍ပြဋ္ဌာန်း ထားသည့်တရားဥပဒေဟူ၍မရှိ။-
အစဉ်စိတ်နှလုံးနှိမ့်ချကြလော့။ သိမ်မွေ့ နူးညံ့ကြလော့။ စိတ်ရှည်ကြလော့။ တစ်ဦး ကိုတစ်ဦးသည်းခံခြင်းအားဖြင့်မေတ္တာပြ ကြလော့။-
သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင်များ ဖြစ်ကြ၏။ ကိုယ်တော်သည်သင်တို့ကိုချစ်၍ မိမိ ပိုင်ဆိုင်သူများဖြစ်ရန်ရွေးချယ်တော်မူသဖြင့် ကရုဏာပြခြင်း၊ သနားကြင်နာခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း တို့ကိုဝတ်ဆင်ကြလော့။-
အဘယ်ကြောင့်ဆိုသော်သေပြီးသောသင်တို့ အသက်သည် ခရစ်တော်နှင့်အတူဘုရား သခင်၌ဝှက်ထားလျက်ရှိသောကြောင့်တည်း။-
သင်တို့သည်ယခင်ကငါတို့ညွှန်ကြားခဲ့သည့် အတိုင်းငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့် အရေးကိစ္စကိုဂရုစိုက်ရန်လည်းကောင်း၊ ကိုယ့် လက်ဖြင့်လုပ်ကိုင်ရန်လည်းကောင်းကြိုးစား အားထုတ်ကြလော့။-
ဤကဲ့သို့သောသူတို့အားငြိမ်ဝပ်စွာနေထိုင် ကာအလုပ်ကိုလုပ်၍အသက်မွေးဝမ်းကျောင်း ကြရန် ငါတို့သည်အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြုလျက်အမိန့်ပေး ၍တိုက်တွန်း၏။
ငါတို့သည်ဘုရားဝတ်၌မွေ့လျော်ကာ ငြိမ်းချမ်းသာယာစွာနေနိုင်ကြမည် အကြောင်း ရှင်ဘုရင်များနှင့်အာဏာပိုင် အပေါင်းတို့အတွက် ဆုတောင်းပတ္ထနာ ပြုကြလော့။-
မိမိအားဆန့်ကျင်ဘက်ပြုသူများကိုနူးညံ့ သိမ်မွေ့စွာဆုံးမတတ်သူဖြစ်ရမည်။ သူတို့သည် နောင်တရ၍သမ္မာတရားကိုသိရှိလာနိုင်ခွင့် ကိုဘုရားသခင်သည်သူတို့အားပေးကောင်း ပေးတော်မူလိမ့်မည်။-
မည်သူ့အကြောင်းကိုမျှမကောင်းမပြောဘဲ ငြိမ်းချမ်းခင်မင်စွာနေထိုင်ကြစေရန်နှင့် အစဉ်အမြဲလူခပ်သိမ်းတို့အားသိမ်မွေ့စွာ ဆက်ဆံကြစေရန်သူတို့အားပြောကြား လော့။-
သို့ဖြစ်၍သင်တို့သည်ညစ်ညမ်းသည့်အလေ့ အထနှင့်ဆိုးယုတ်သည့်အကျင့်မှန်သမျှတို့ ကိုပယ်ရှားကြလော့။ သင်တို့၏စိတ်အတွင်း ၌ဘုရားသခင်သွင်းပေးတော်မူသောတရား တော်သည် သင်တို့ကိုကယ်တင်နိုင်၏။ တရား တော်ကိုသိမ်မွေ့စွာခံယူကြလော့။
အဘယ်ကြောင့်ဆိုသော်သင်တို့သည်သေခြင်း တရားနှင့်ကင်းသောနိစ္စထာဝရအရှင်၏ သားသမီးများဖြစ်ကြပြီးအသက်ရှင်၍ ထာဝစဉ်တည်သောနှုတ်ကပတ်တော်အား ဖြင့်တစ်ဖန်မွေးဖွားလာသူများဖြစ်ကြပြီ။
သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-
သို့ရာတွင်ထာဝရဘုရားက``ထိုသူ၏ အရပ်အမောင်းကောင်းမှုနှင့်တင့်တယ် လှပမှုတို့ကိုမကြည့်နှင့်။ ငါသည်လူတို့ ကဲ့သို့အကဲဖြတ်သည်မဟုတ်။ သို့ဖြစ်၍ သူ့ကိုငါပယ်ပြီ။ လူသည်ပြင်ပသဏ္ဌာန်ကို ကြည့်တတ်၏။ ငါမူကားစိတ်နှလုံးကို ကြည့်၏'' ဟုမိန့်တော်မူ၏။