၁ တိ 6:3 - Common Language Bible ကွဲလွဲသည့်အယူဝါဒကိုဟောပြောသွန်သင် ၍ ငါတို့အရှင်ယေရှုခရစ်၏ဟုတ်မှန်သည့် စကားကိုလည်းကောင်း၊ ငါတို့ဘာသာတရား တော်ကိုလည်းကောင်းဝန်မခံသူသည်ကား၊- Garrad Bible မည် သူ မ ဆို ခြား နား သော ဒေ သ နာ ကို သင် ကြား လျက်၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ဟော တော် မူ သော ကျန်း ခံ့ ရေး တ ရား ကို လည်း ကောင်း၊ ဘု ရား တ ရား ကြည် ညို ခြင်း နှင့် ညီ လျော် သော ဒေ သ နာ တော် ကိုလည်း ကောင်း သ ဘော မ ကျ လျှင်၊ Judson Bible ခြားနားသောဩဝါဒကို သင်ပေး၍၊ ငါတို့သခင် ယေရှုခရစ်၏စကားတည်းဟူသော စင်ကြယ်သော စကားကိုလည်းကောင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒကိုလည်းကောင်း ဝန်မခံသောသူမည်သည်ကား၊- မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် ခြားနားသောဩဝါဒကိုသွန်သင်လျက် ငါတို့သခင်ယေရှုခရစ်တော်၏မှန်ကန်ပြည့်စုံသောတရားစကားနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်ညီသောဩဝါဒတို့ကို မလိုက်နာလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ မှန်ကန်သောစကားကိုလည်းကောင်း၊ မှန်ကန်သောအယူဝါဒတို့ကိုလည်းကောင်း ဆန့်ကျင်သည့် အခြားအယူဝါဒများကို သွန်သင်သောသူသည် ဘဝင်မြင့်၍ |
သူတို့က ``ဧကရာဇ်၏ရုပ်ပုံ၊ ဧကရာဇ်ဘုရင်ကမ္ပည်း လိပ်စာဖြစ်ပါသည်'' ဟုပြန်လျှောက်ကြ၏။ ထိုအခါကိုယ်တော်က ``ဧကရာဇ်ဘုရင်ပိုင်သည့် အရာကိုဧကရာဇ်ဘုရင်အားဆက်ကြလော့။ ဘုရားသခင်ပိုင်သည့်အရာကိုဘုရားသခင် အားဆက်ကြလော့'' ဟုမိန့်တော်မူ၏။
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
ညီအစ်ကိုတို့၊ သင်တို့ခံယူရရှိသည့်သြဝါဒ များကိုဆန့်ကျင်လျက်လူတို့အားစိတ်ဝမ်းကွဲ စေခြင်း၊ လူတို့၏ယုံကြည်ခြင်းကိုမှောက်မှား လမ်းလွဲစေခြင်းကိုပြုသောသူတို့အားသတိ ပြုကြလော့။ ထိုသူတို့ကိုရှောင်ရှားကြလော့။-
သို့ဖြစ်၍ဤသွန်သင်ချက်ကိုမလိုက်လျှောက်သူ မည်သည်ကားလူကိုပစ်ပယ်သူမဟုတ်။ မိမိ၏ သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အားပေး တော်မူသောဘုရားသခင်ကိုပစ်ပယ်သူဖြစ် သတည်း။
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
မာကေဒေါနိပြည်သို့ငါထွက်ခွာစဉ်အခါ က သင့်အားငါမှာကြားခဲ့သည်အတိုင်း ဧဖက် မြို့တွင်ဆက်လက်နေထိုင်စေလို၏။ လူအချို့ တို့သည်မိစ္ဆာအယူဝါဒများကိုဟောပြော သွန်သင်လျက်ရှိကြပေသည်။ မကုန်မဆုံးနိုင် သောဒဏ္ဍာရီများနှင့်ဆွေစဉ်မျိုးဆက်စာရင်း များကို အပတ်တကုတ်အားထုတ်လေ့လာ တတ်သူတို့အား ထိုအမှုတို့ကိုရပ်စဲကြ စေရန်ပြောကြားလော့။ ထိုအမှုအရာများ သည်အငြင်းပွားမှုများကိုသာလျှင်ပြုစု ပေးတတ်၏။ ဘုရားသခင်၏အကြံအစည် တော်ကိုအကျိုးမပြုတတ်။ ယုံကြည်ခြင်း အားဖြင့်သာလျှင် ထိုအကြံအစည်တော် ကိုသိနိုင်လေသည်။-
လူအချို့တို့သည်ဆိုခဲ့သောသဘောမျိုးကို မကျင့်ဘဲ အကျိုးမဲ့ပြောဆိုငြင်းခုံမှုများ ပြု၍လမ်းလွဲသွားကြပြီ။-
ငါသွန်သင်သည့်မှန်ကန်သောသြဝါဒကို သင်လိုက်နာရန်စံနမူနာအဖြစ်စွဲမြဲစွာ ခံယူ၍ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့်ရရှိသည့် ယုံကြည်ခြင်းတရားနှင့်မေတ္တာတရားကို စွဲလမ်းလော့။-
လူတို့သည်မှန်ကန်သည့်သြဝါဒကိုနားမ ထောင်ဘဲကိုယ့်အလိုဆန္ဒများကိုလိုက်၍ မိမိ တို့ကြားနာလိုသည့်စကားများပြောဆိုမည့် ဆရာသမားများကိုရှာဖွေကြမည့်အချိန် ကာလရောက်လိမ့်မည်။-
ဘုရားသခင်၏အစေခံနှင့်သခင်ယေရှု ခရစ်၏တမန်တော်ဖြစ်သူ ငါပေါလုသည် စာရေးလိုက်ပါသည်။ ဘုရားသခင်သည်မိမိရွေးကောက်တော်မူ သောလူစုတော်၏ ယုံကြည်ခြင်းကိုပြုစု ပေးစေရန်လည်းကောင်း၊ ငါတို့၏ဘာသာ တော်ကသွန်သင်သည့်သမ္မာတရားတော် အကြောင်းကို ထိုသူတို့သဘောပေါက်နား လည်ကြစေရန်လည်းကောင်းငါ့ကိုရွေး ချယ်စေလွှတ်တော်မူ၏။-
သူသည်မှန်ကန်သည့်အယူဝါဒကိုစွဲမြဲစွာ ခံယူယုံကြည်ရမည်။ ဤနည်းအားဖြင့်သူသည် တရားစစ်တရားမှန်အားဖြင့်အားပေးတိုက် တွန်းနိုင်လိမ့်မည်။ ထိုတရားစစ်တရားမှန်ကို အတိုက်အခံပြုသူတို့၏အမှားကိုလည်း ထောက်ပြနိုင်လိမ့်မည်။
ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။-