သခင်ကလည်း `ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီး သောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့် အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
၁ တိ 4:9 - Common Language Bible ဤစကားသည်သစ္စာစကားဖြစ်သဖြင့် အကြွင်းမဲ့လက်ခံယုံကြည်ရပေမည်။- Garrad Bible သ စ္စာ တည် ရာ၊ အ ကြွင်း မဲ့ ခံ ယူ ထိုက် ရာ စ ကား တည်း။ Judson Bible အရာရာ၌ အကျိုးကိုပေးတတ်သည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သော စကားလည်းဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ဤစကားသည် သစ္စာစကားဖြစ်ပြီး အပြည့်အဝလက်ခံထိုက်သောစကားဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤစကားသည် အပြည့်အဝလက်ခံထိုက်သည့် မှန်သောစကား ဖြစ်၏။ |
သခင်ကလည်း `ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီး သောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့် အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
ဤလောကသို့ခရစ်တော်ယေရှုကြွလာတော် မူသည်မှာအပြစ်ကူးသူတို့အား ကယ်တင်ရန် ဖြစ်၏ဟူသောစကားသည်သစ္စာစကားဖြစ်၍ ခြွင်းချက်မရှိလက်ခံယုံကြည်ရပေမည်။ ငါ သည်အပြစ်ကူးသူတို့တွင်အဆိုးဆုံးဖြစ်၏။-