``ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ငါ့ထံသို့လာ၍ ကယ်တင်ခြင်းကျေးဇူးကိုခံယူကြလော့။ တစ်ဆူတည်းရှိတော်မူသောဘုရားကား ငါပင်တည်း။
၁ တိ 2:4 - Common Language Bible လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။- Judson Bible လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင်အလိုတော်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာတရားကိုသိရှိခြင်းသို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားအားလုံး ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို သိရှိနားလည်စေလိုတော်မူသောကြောင့် ဖြစ်၏။ |
``ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ငါ့ထံသို့လာ၍ ကယ်တင်ခြင်းကျေးဇူးကိုခံယူကြလော့။ တစ်ဆူတည်းရှိတော်မူသောဘုရားကား ငါပင်တည်း။
ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။
ငါသည်ဆိုးညစ်သူသေသည်ကိုမြင်သော အခါ နှစ်ခြိုက်အားရခြင်းဖြစ်သည်ဟုသင် တို့ထင်မှတ်ကြသလောဟု အရှင်ထာဝရ ဘုရားမေးတော်မူ၏။ ကိုယ်တော်ကထိုသူ နောင်တရ၍အသက်ရှင်ရသည်ကိုသာ လျှင်ငါမြင်လို၏။
ငါသည်အဘယ်သူ့ကိုမျှမသေစေလို။ အပြစ်ဒုစရိုက်ကိုရပ်စဲ၍အသက်ရှင် ကြလော့'' ဟုမိန့်တော်မူ၏။
ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
ပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့% သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏% ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့်% လျက်နေလိမ့်မည်။
သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။-
ကိုယ်တော်၏လူစုတော်အားအပြစ်ဖြေလွှတ်၍ ကယ်တင်တော်မူမည်ဖြစ်ကြောင်းပြောကြားလိမ့်မည်။
အိမ်ရှင်က `ကျေးလက်တောရွာလမ်းများကို သွား၍အိမ်ပြည့်အောင်လူများကိုအနိုင် အထက်ခေါ်ခဲ့လော့။-
နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။-
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
သူတို့အားသမ္မာတရားအားဖြင့်ကိုယ်တော် ၏အတွက်သီးသန့်ဆက်ကပ်ထားတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည်သမ္မာတရား ဖြစ်ပါ၏။-
ခမည်းတော်ငါ့အားပေးအပ်တော်မူသောသူ အပေါင်းတို့သည် ငါ့ထံသို့လာကြလိမ့်မည်။ ငါ့ ထံလာသောသူကိုငါသည်ပစ်ပယ်လိမ့်မည် မဟုတ်။-
ငါသည်မိမိ၏အမျိုးသားများအားမနာ လိုစိတ်ကိုရှိစေခြင်းအားဖြင့် ၎င်းတို့အထဲ မှအချို့တို့သည်ကယ်တင်ခြင်းကိုရကောင်း ရလိမ့်မည်။-
ငါတို့သည်ကြိုးစားအားထုတ်လုပ်ဆောင်လျက် နေကြခြင်းမှာ လူအပေါင်းတို့၏ကယ်တင်ရှင် အထူးသဖြင့်ယုံကြည်သူတို့၏ကယ်တင်ရှင် ဖြစ်တော်မူ၍ အသက်ရှင်တော်မူသောဘုရား သခင်ကိုကိုးစားကြသောကြောင့်ဖြစ်၏။
မိမိအားဆန့်ကျင်ဘက်ပြုသူများကိုနူးညံ့ သိမ်မွေ့စွာဆုံးမတတ်သူဖြစ်ရမည်။ သူတို့သည် နောင်တရ၍သမ္မာတရားကိုသိရှိလာနိုင်ခွင့် ကိုဘုရားသခင်သည်သူတို့အားပေးကောင်း ပေးတော်မူလိမ့်မည်။-
သင်ကြားမှုကိုခံယူရန်အစဉ်ပင်လိုလားကြ သော်လည်း အဘယ်အခါ၌မျှသမ္မာတရားကို နားလည်နိုင်စွမ်းမရှိသူများဖြစ်ကြ၏။-
ဘုရားသခင်၏အစေခံနှင့်သခင်ယေရှု ခရစ်၏တမန်တော်ဖြစ်သူ ငါပေါလုသည် စာရေးလိုက်ပါသည်။ ဘုရားသခင်သည်မိမိရွေးကောက်တော်မူ သောလူစုတော်၏ ယုံကြည်ခြင်းကိုပြုစု ပေးစေရန်လည်းကောင်း၊ ငါတို့၏ဘာသာ တော်ကသွန်သင်သည့်သမ္မာတရားတော် အကြောင်းကို ထိုသူတို့သဘောပေါက်နား လည်ကြစေရန်လည်းကောင်းငါ့ကိုရွေး ချယ်စေလွှတ်တော်မူ၏။-
ဘုရားသခင်သည်လူသားအပေါင်းတို့အား ကယ်တင်ရန်အတွက် မိမိ၏ကျေးဇူးတော်ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။-
ငါတို့သည်သမ္မာတရားကိုသိရှိကြပြီးမှ တမင်သက်သက်ဆက်လက်အပြစ်ကူးနေ ကြမည်ဆိုပါမူ၊ ငါတို့၏အပြစ်များ အတွက်ပူဇော်ရန်ယဇ်ရှိတော့မည်မဟုတ်။-
သို့သော်အကယ်၍သင်တို့စိတ်နှလုံးတွင် နာကြည်းစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်း စိတ်များရှိလျှင်မိမိဉာဏ်ပညာအတွက် ကြွားဝါပြောဆိုခြင်းအားဖြင့်သမ္မာတရား ကိုမဆန့်ကျင်နှင့်။-
လူအချို့တို့ထင်မှတ်သကဲ့သို့ထာဝရ ဘုရားသည် မိမိ၏ကတိတော်ကိုအကောင် အထည်ဖော်ရန်နှောင့်နှေးလျက်နေတော်မူ သည်မဟုတ်။ မည်သူမျှမပျက်စီးဘဲလူတိုင်း နောင်တရစေရန်အလိုတော်ရှိ၍သင်တို့ ကိုသည်းခံတော်မူပေသည်။
အသက်ကြီးသူထံမှဘုရားသခင်ရွေးကောက် တော်မူခြင်းခံရသူနှင့် အမှန်ပင်ငါချစ်မြတ် နိုးသူအမျိုးသမီးကြီးနှင့် သူ၏သားသမီး များထံသို့စာရေးလိုက်သည်။ သင့်အားငါတစ် ဦးတည်းသာမက သမ္မာတရားကိုသိရှိသူ အပေါင်းတို့သည်ချစ်ကြပေသည်။-
ထိုနောက်ကောင်းကင်အလယ်တွင် ကောင်းကင် တမန်တစ်ပါးပျံဝဲလျက်နေသည်ကိုငါ မြင်ရ၏။ သူသည်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသူ လူအမျိုးအနွယ်ခပ်သိမ်းတို့အား ကြေညာ ရန်ထာဝရသတင်းကောင်းကိုယူဆောင် လာ၏။-