ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
၁ တိ 2:1 - Common Language Bible သို့ဖြစ်၍ပထမဦးစွာလူအပေါင်းတို့ အတွက် ဘုရားသခင်အားလျှောက်ထား အသနားခံခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ တောင်းခံခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်း ခြင်းတို့ကိုပြုကြရန်ငါတိုက်တွန်း၏။- Garrad Bible ထို ကြောင့် ငါ ဦး စွာ နှိုး ဆော် သည် မှာ ငါ တို့ သည် ဘု ရား တ ရား ကို လုံး လုံး ကြည် ညို လျက် ငြိမ် ဝပ် ချမ်း သာ စွာ နေ ခွင့် ရ စေ ရန် ဘု ရင် မင်း များ၊ အ စိုး ရ မင်း များ မှ စ ၍ ခပ် သိမ်း တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း၊ တောင်း လျှောက် ခြင်း၊ အ သ နား တော် ခံ ခြင်း၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။ Judson Bible ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊ ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်းပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွပြုစေခြင်းငှာ ငါတိုက်တွန်း သွေးဆောင်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ လူအပေါင်းတို့အတွက်လည်းကောင်း၊ ရှင်ဘုရင်များနှင့် အထက်အာဏာပိုင်အားလုံးတို့အတွက်လည်းကောင်း အသနားခံခြင်း၊ ဆုတောင်းခြင်း၊ ကြားခံတောင်းလျှောက်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းတို့ကိုပြုရန် ပထမဦးစွာ ငါတိုက်တွန်းနှိုးဆော်ပါ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် လူသားအားလုံးအတွက် အသနားခံခြင်း၊ ဆုတောင်းပေးခြင်း၊ ကိုယ်စားပြုတောင်းလျှောက်ပေးခြင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းတို့ကို ဦးစားပေးဆောင်ရွက်ရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်၏။ |
ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
သင်တို့အားသုံ့ပန်းများအဖြစ်ငါပို့ဆောင် လိုက်သည့်မြို့ကိုကောင်းကျိုးပြုကြလော့။ ထို မြို့ကောင်းစားလျှင်သင်တို့လည်းကောင်းစား မည်ဖြစ်၍ ထိုမြို့အတွက်ငါ၏ထံသို့ဆု တောင်းပတ္ထနာပြုကြလော့။-
ဘုရားသခင်သည်မိမိကိုလူတို့မသိသည့် အချိန်ကာလများကိုရှုမှတ်တော်မမူခဲ့ သော်လည်း ယခုအခါ၌အရပ်ခပ်သိမ်းမှ လူအပေါင်းတို့အားနောင်တရစေခြင်း ငှာအမိန့်ပေးတော်မူပြီ။-
သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။-
သင်တို့သည်အခါတစ်ပါးကအပြစ်တရား ၏ကျွန်ဖြစ်ခဲ့ဖူးသော်လည်းယခုအခါ၌ မိမိ တို့ခံယူယုံကြည်သည့်ဘာသာတရားတော်ကို အကြွင်းမဲ့လိုက်နာကျင့်သုံးကြသည့်အတွက် ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။-
ငါသည်မိမိခံယူရရှိ၍သင်တို့အားပေး အပ်သည့်အရေးကြီးလှသောအကြောင်း အရာများမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည်ငါတို့အတွက်အသေခံ တော်မူကြောင်း၊-
သို့ဖြစ်၍စတင်တာဝန်ယူခဲ့သူတိတုအား ဤအလှူကိစ္စပြီးဆုံးအောင်သင်တို့ကိုကူညီ ဆောင်ရွက်ပေးရန်ငါသူ့ကိုတိုက်တွန်းခဲ့၏။-
သို့ဖြစ်၍သင်တို့အတွက်ငါခံရသောဒုက္ခ ဆင်းရဲခြင်းကြောင့်သင်တို့စိတ်မပျက်ကြ နှင့်။ သင်တို့၏အကျိုးအတွက်ငါခံရခြင်း ဖြစ်ပေသည်။
ငါတို့အရှင်ယေရှုခရစ်၏နာမတော်ကိုအမှီ ပြု၍ ခပ်သိမ်းသောအရာတို့အတွက်အဖဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်မပြတ်ချီး မွမ်းကြလော့။
သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-
သင်တို့အကြောင်းကိုသတိရသည့်အခါတိုင်း ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
အဘယ်အမှုကိုမျှမစိုးရိမ်ဘဲခပ်သိမ်း သောအမှုတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း ၍ ဆုတောင်းပတ္ထနာပြုလျက်သင်တို့လိုသော အရာများကိုဘုရားသခင်အားလျှောက် ထားကြလော့။-
မိမိတို့အချင်းချင်းနှင့်လူခပ်သိမ်းတို့ အပေါ် သင်တို့ထားရှိသောမေတ္တာသည် သင် တို့အပေါ် ငါတို့ထားရှိသည့်မေတ္တာတမျှ ကြီးမားလာစေရန် သင်တို့အားသခင် ဘုရားကူမတော်မူပါစေသော။-
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-
လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။-
တစ်ကိုယ်ရေတစ်ကာယဖြစ်သောမုဆိုးမသည် မိမိအားပြုစုမည့်သူမရှိသဖြင့်ဘုရား သခင်ကိုအားကိုးမျှော်လင့်လျက် နေ့ည မပြတ်ဆုတောင်းပတ္ထနာပြု၍ကိုယ်တော်၏ အကူအညီကိုတောင်းခံတတ်၏။-
သခင်ဘုရား၏အစေခံသည်ခိုက်ရန်မပြုဘဲ လူတိုင်းကိုသနားတတ်၍သည်းခံတတ်သောဋ္ဌမ္မ ဆရာကောင်းဖြစ်ရမည်။-
ဘုရားသခင်သည်လူသားအပေါင်းတို့အား ကယ်တင်ရန်အတွက် မိမိ၏ကျေးဇူးတော်ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။-
မည်သူ့အကြောင်းကိုမျှမကောင်းမပြောဘဲ ငြိမ်းချမ်းခင်မင်စွာနေထိုင်ကြစေရန်နှင့် အစဉ်အမြဲလူခပ်သိမ်းတို့အားသိမ်မွေ့စွာ ဆက်ဆံကြစေရန်သူတို့အားပြောကြား လော့။-
သင်တို့ရှိသမျှသည်နောက်ဆုံး၌မိမိတို့ ၏မျှော်လင့်ချက်ပြည့်စုံလာသည့်တိုင်အောင် ယခုအတိုင်းဆက်လက်၍နိုးကြားတက် ကြွကြစေရန်ငါတို့အလိုရှိကြ၏။-
သို့ဖြစ်၍သင်တို့အချင်းချင်းမိမိတို့၏ အပြစ်များကိုဖော်ပြဝန်ခံ၍ အချင်းချင်း အတွက်ဆုတောင်းသဖြင့်သင်တို့၏ရောဂါ များပျောက်ကင်းလိမ့်မည်။ သူတော်ကောင်း၏ ဆုတောင်းပတ္ထနာသည်အလွန်တန်ခိုးပါ၏။-