နေဝင်ပြီးလျှင်သူသည်သန့်စင်လာသဖြင့် သူ၏စားစရာဖြစ်သောပူဇော်သကာ ကိုစားနိုင်သည်။-
၁ ကော 9:4 - Common Language Bible ငါ၏လုပ်ဆောင်မှုအတွက်ငါ့မှာစားသောက် ပိုင်ခွင့်မရှိသလော။- Garrad Bible ငါ တို့ သည် အ စား အ သောက် ရ ခွင့် မ ရှိ ကြ လော။ Judson Bible ငါတို့သည် စားသောက်ခြင်းအခွင့် မရှိသလော။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့တွင် စားသောက်ရသောအခွင့်မရှိသလော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သင်တို့အိမ်၌ စားသောက်ပိုင်ခွင့် မရှိသလော။ |
နေဝင်ပြီးလျှင်သူသည်သန့်စင်လာသဖြင့် သူ၏စားစရာဖြစ်သောပူဇော်သကာ ကိုစားနိုင်သည်။-
အလှူခံလွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့်တောင် ဝှေးတို့ကိုမယူကြနှင့်။ အဘယ်ကြောင့်ဆိုသော် လုပ်သားသည်ရိက္ခာကိုရထိုက်သောကြောင့်ဖြစ်၏။
သင်တို့သည်ထိုအိမ်မှာနေ၍အိမ်ရှင်ကျွေးမွေး သည်တို့ကိုစားသောက်ကြလော့။ အဘယ်ကြောင့် ဆိုသော်အလုပ်သမားသည်အခကိုခံစား ထိုက်သောကြောင့်ဖြစ်၏။ အိမ်တစ်အိမ်မှအခြား တစ်အိမ်သို့မပြောင်းမရွှေ့ကြနှင့်။-
တရားတော်ကိုသင်ယူသူသည်သင်ပေးသော သူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
ငါတို့သည်ခရစ်တော်၏တမန်တော်များ အနေဖြင့်သင်တို့ထံတွင်အခွင့်အရေးများ ကိုတောင်းဆိုနိုင်၏။ သို့သော်သင်တို့၏အချီး အမွမ်းကိုသော်လည်းကောင်း၊ အခြားသူတို့ ၏အချီးအမွမ်းကိုသော်လည်းကောင်းခံ ရစေရန်ငါတို့မကြိုးစား။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ်အခါက သား သမီးများအားယုယစွာပြုစုသည့် မိခင်ကဲ့သို့သင်တို့အားပြုစုခဲ့ကြ၏။-
ညီအစ်ကိုတို့၊ ငါတို့သည်အဘယ်မျှပင်ပန်း စွာလုပ်ဆောင်ခဲ့ကြသည်ကိုသင်တို့သတိ ရလိမ့်မည်။ သင်တို့ဝန်မလေးစေရန်ငါတို့ သည်မိမိတို့အသက်မွေးဝမ်းကျောင်းအလုပ် ကို နေ့ရောညပါအားထုတ်လုပ်ကိုင်လျက် ဘုရားသခင်ထံတော်မှသတင်းကောင်းကို ကြေညာဟောပြောခဲ့ကြ၏။