မောရှေကသူတို့အား``တတိယနေ့တွင် အသင့်ရှိစေကြလော့။ ဤအတောအတွင်း မယားနှင့်မဆက်ဆံကြနှင့်'' ဟုပြော ကြားလေ၏။
၁ ကော 7:5 - Common Language Bible သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။ Garrad Bible သ ဘော တူ လျက် တစ် ဖန် ပေါင်း သင်း မည့် အ ကြံ နှင့် ခေ တ္တ အ တွင်း ပ ဌ နာ ပြု ခွင့် ရ အံ့ သော ငှာ မှ တစ် ပါး မ ချုပ် တည်း နိုင် က စာ တန် စုံ စမ်း မည် စိုး၍ အ ချင်း ချင်း ဝတ် ကို မ လွှဲ မ ရှောင် ကြ နှင့်။ Judson Bible အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကို ပြုရသောအခွင့် ရှိစေခြင်းငှာ၊ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကို မချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသောအခွင့် မရှိစေခြင်းငှာ၊ နောက်တစ်ဖန် အတူနေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဆုတောင်းခြင်းအတွက် အပြည့်အဝဆက်ကပ်နိုင်မည့်အကြောင်း ခေတ္တခဏခွဲခွာပြီးနောက် ပြန်၍ပေါင်းသင်းနေထိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်လျှင် အချင်းချင်း၏ခံစားခွင့်ကို မပေးဘဲမနေကြနှင့်။ သို့မဟုတ်လျှင် စာတန်သည် သင်တို့၏ မိမိကိုယ်ကိုမချုပ်တည်းနိုင်မှုအပေါ် အခွင့်ကောင်းယူ၍ သင်တို့အား ဖြားယောင်းသွေးဆောင်လိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လင်မယားဝတ်ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်တွင် အပြည့်အဝဆုတောင်းနိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့် သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယားဝတ်ကို ရှောင်လျှင် စာတန်သည် သင်တို့၏ မထိန်းချုပ်နိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ သင်တို့ကို သွေးဆောင်မည်ကို စိုးရသောကြောင့် အချိန်စေ့လျှင် လင်မယားဝတ်ကို ပြန်၍ ပြုကြလော့။ |
မောရှေကသူတို့အား``တတိယနေ့တွင် အသင့်ရှိစေကြလော့။ ဤအတောအတွင်း မယားနှင့်မဆက်ဆံကြနှင့်'' ဟုပြော ကြားလေ၏။
တစ်စုံတစ်ယောက်သောသူသည်ဒုတိယမိန်းမ တစ်ယောက်နှင့်စုံဖက်လျှင် ပထမဇနီးသည် အစားအစာ၊ အဝတ်အထည်နှင့်အခွင့် အရေးတို့ကိုယခင်အတိုင်းရရှိစေရ မည်။-
လူတို့ကိုခေါ်ယူစုဝေး၍မြင့်မြတ်သော စည်းဝေးပွဲ တစ်ရပ်ကိုပြင်ဆင်ကြလော့။ အသက်ကြီးသူများကိုခေါ်ဖိတ်၍ ကလေးသူငယ်များနှင့်၊နို့စို့ရွယ်များကိုပါ စုဝေးစေကြလော့။ ထိမ်းမြားမင်္ဂလာပြုပြီးခါစ ဇနီးမောင်နှံများပင်လျှင်မိမိတို့၏အခန်း များကို စွန့်ခွာလာရကြပေမည်။
(ဤနတ်မျိုးကိုဆုတောင်းပတ္ထနာပြုခြင်းနှင့် အစာရှောင်ခြင်းမှတစ်ပါးအခြားအဘယ် နည်းဖြင့်မျှနှင်ထုတ်၍မရ)'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က ``လူတိုင်းအိမ်ထောင်မပြုဘဲနေနိုင် သည်မဟုတ်။ ဘုရားသခင်ခွင့်ပြုသူများသာ လျှင်နေနိုင်ကြ၏။ လူတို့အိမ်ထောင်မပြုနိုင်ကြ သည်မှာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်၏။-
ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။
မယားသည်မိမိကိုယ်ခန္ဓာကိုမပိုင်။ လင်သာ လျှင်ပိုင်၏။ ထိုနည်းတူလင်သည်မိမိကိုယ်ခန္ဓာ ကိုမပိုင်။ မယားသာလျှင်ပိုင်၏။-
ထို့ကြောင့်ငါသည်တိမောသေကိုစေလွှတ်လိုက် ၏။ ငါသည်မစောင့်ဆိုင်းနိုင်တော့သဖြင့် သင်တို့ ၏ယုံကြည်ခြင်းခိုင်မြဲသည်မခိုင်မြဲသည်ကို သိလို၍ သူ့ကိုစေလွှတ်လိုက်၏။ သင်တို့သည် မာရ်နတ်၏စုံစမ်းသွေးဆောင်ရာသို့လိုက်ပါ သဖြင့် ငါတို့လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးဖြစ်မည်ကိုငါစိုးရိမ်မိ၏။