၁ ကော 5:5 - Common Language Bible တရားစီရင်တော်မူရာနေ့၌ထိုသူ၏ ဝိညာဉ်သည်ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏ခန္ဓာကိုဖျက်ဆီးပစ်ရန်စာတန်၏ လက်သို့ပေးအပ်ကြလော့။ Judson Bible ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ကိုယ်ခန္ဓာပျက်စီးဖို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူ၏ဝိညာဉ်သည် သခင်ဘုရား၏နေ့ရက်၌ ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏သွေးသားပျက်စီးဖို့ရန် ထိုသူကို စာတန်လက်သို့အပ်နှံလိုက်ပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ထိုသူ၏ ဗီဇစိတ်ကို ဖျက်ဆီးရန် သင်တို့သည် ထိုသူအား နှင်ထုတ်၍ စာတန်လက်သို့ အပ်ရမည်။ သို့မှသာ သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် သူ၏ဝိညာဉ်သည် ကယ်တင်ခံရနိုင်မည်ဖြစ်၏။ |
ကျွန်တော်မျိုး၏ရန်သူအားတရားစီရင်ရန် အဂတိလိုက်စားသောတရားသူကြီးကို ခန့်ထားရွေးချယ်ပေးတော်မူပါ။ သူ၏ရန်သူတစ်ယောက်ကပင်လျှင်သူ့အား ပြစ်တင်စွပ်စွဲစေတော်မူပါ။
ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေး၍ အနာနေရာတွင်အမွေးများမဖြူ၊ အနာ တွင်းလည်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေလျှင်ထိုသူအားခုနစ်ရက်ပတ်လုံး သီးခြားနေထိုင်စေရမည်။-
ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``ရှိမုန်၊ ရှိမုန်၊ စပါးကိုလှေ့ သကဲ့သို့သင်တို့အားလုံးကိုစစ်ဆေးရန် စာတန်ကအခွင့်ရလေပြီ။-
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
ငါတို့အရှင်ယေရှုခရစ်တရားစီရင်တော်မူရာ နေ့တွင် သင်တို့သည်အပြစ်နှင့်ကင်းစင်စေရန် ကိုယ်တော်သည်သင်တို့အားအဆုံးတိုင်အောင် တည်ကြည်စေတော်မူလိမ့်မည်။-
သို့ရာတွင်ငါတို့အားဤသို့ထာဝရဘုရား သခင်စီရင်တော်မူခြင်းမှာ ငါတို့အားလောကီ သားတို့နှင့်အတူအပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်သည်။
သင်တို့သည်ငါတို့စကားကိုအကြွင်းမဲ့လိုက် နာကြောင်းကိုသိသည့်အခါ၌ ငါတို့သည်မ လိုက်နာသူတို့အားအပြစ်ဒဏ်စီရင်ရန် အသင့်ရှိမည်။
ငါမြင်ရသည့်အံ့သြဖွယ်ရူပါရုံများ ကြောင့်ငါ့ကိုယ်ကိုအထင်မကြီးစေရန်ငါ သည်မိမိကိုယ်ခန္ဓာတွင်နာကျင်သော ဝေဒနာကိုခံစားနေရ၏။ ထိုဝေဒနာ သည်စာတန်၏စေတမန်သဖွယ်ငါ့ကို ဒဏ်ခတ်၍ငါ၏မာန်မာနကိုချိုးနှိမ်၏။-
သင်တို့နှင့်ဝေးကွာသည်ကာလဤစာကိုရေးရ ခြင်းမှာငါလာသောအခါ သခင်ဘုရားငါ့အား ပေးတော်မူသည့်အခွင့်အာဏာကိုပြင်းပြင်းထန် ထန်အသုံးမပြုရစေရန်ပင်ဖြစ်ပေသည်။ ထိုအခွင့် အာဏာသည်သင်တို့အားပြုစုပျိုးထောင်ပေးရန် အတွက်ဖြစ်၏။ ဖြိုဖျက်ပစ်ရန်အတွက်မဟုတ်။
သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။-
ထိုသူတို့အထဲတွင်ဟုမေနဲနှင့်အာလေ ဇန္ဒြုတို့လည်းပါကြ၏။ သူတို့သည်ဘုရား သခင်အားပြစ်မှားပြောဆိုမှုကိုမပြုရန် သင်ခန်းစာရစေအံ့ငှာ ငါသည်သူတို့ကို စာတန်၏လက်သို့ပေးအပ်လိုက်လေပြီ။
ဧဖက်မြို့တွင်သူသည်ငါ့အားအဘယ်မျှ ပြုစုသည်ကိုသင်ကောင်းစွာသိ၏။ တရား စီရင်တော်မူရာနေ့ရက်ကာလ၌သခင် ဘုရားသည်သူ့အားကရုဏာတော်ကို ခံစားခွင့်ပေးသနားတော်မူပါစေသော။
ညီအစ်ကိုတစ်စုံတစ်ယောက်သည်အသက် ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်မှလွဲ၍ အခြားအပြစ် တစ်စုံတစ်ရာကိုကူးလွန်ပါမူသူ့အတွက် ဘုရားသခင်ထံဆုတောင်းလော့။ ကိုယ်တော် သည်သူ့အားအသက်ကိုပေးတော်မူလိမ့်မည်။ အသက်ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်ကိုမကူး သူများအတွက်သာ ဤသို့ဆုတောင်းပေးရန် ဖြစ်သည်။ သို့ရာတွင်အသက်ဝိညာဉ်ဆုံးရှုံး မည့်အပြစ်ဟူ၍ရှိသည်။ ထိုအပြစ်မျိုးကို ကူးသူအတွက်ဆုတောင်းရမည်ဟုငါမဆို။-