အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
၁ ကော 3:7 - Common Language Bible မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူသည် အဋ္ဌိကမဟုတ်။ အပင်ပေါက်စေတော်မူ သောသူတည်းဟူသောဘုရားသခင်သာ လျှင်အဋ္ဌိကဖြစ်တော်မူ၏။- Garrad Bible သို့ ဖြစ်၍ စိုက် ပျိုး သူ၊ ရေ လောင်း သူ၊ ပ ဓာ န မ ဟုတ်။ ကြီး ပွား စေ တော် မူ သော ဘု ရား သ ခင် သာ ပ ဓာ န ဖြစ်၏။ Judson Bible စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသောသူလည်း မတတ်နိုင်။ ကြီးပွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် စိုက်ပျိုးသောသူဖြစ်စေ၊ ရေလောင်းသောသူဖြစ်စေ ပဓာနမဟုတ်။ ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် ပဓာနဖြစ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် အဓိကမဟုတ်ပေ။ အပင်ကို ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် အဓိကဖြစ်၏။ |
အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
ကျွန်တော်မျိုးတို့၏ဘုရားဖြစ်တော်မူသော ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာကိုခံစားကြရပါစေသော။ ပြုလေသမျှသောအမှုတို့တွင်လည်း ကျွန်တော်မျိုးတို့အားအောင်မြင်ခွင့်ပေးတော်မူပါ။
ထိုဘုရားအားလုံးပင်လျှင်အရာမဝင်။ သူတို့သည်အဘယ်အမှုကိုမျှမပြုနိုင်။ သူတို့၏ရုပ်တုများသည်လည်းချည့်နဲ့၍ တန်ခိုးမရှိကြ။''
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
``ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့ကားအကိုင်း အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းလျှင်သင်တို့ သည်အဘယ်အရာကိုမျှမတတ်နိုင်ကြသော ကြောင့် မည်သူမဆိုငါ၌တည်နေ၍ငါသည် လည်းသူ၌တည်နေလျှင်များစွာသောအသီး ကိုသီးလိမ့်မည်။-
ငါသည်ဗျာဒိတ်တော်အားဖြင့်ဟောပြောနိုင် သော်လည်းကောင်း၊ နက်နဲသောအရာရှိသမျှ နှင့်အတတ်ပညာရှိသမျှတို့ကိုနားလည် တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှေ့ပြောင်းနိုင်သည့်ယုံကြည်ခြင်းရှိသော် လည်းကောင်းမေတ္တာမရှိလျှင်အချည်းနှီး ပင်ဖြစ်၏။-
ငါသည်မျိုးစေ့ကိုစိုက်၏။ အာပေါလုကား ရေလောင်း၏။ အပင်ပေါက်စေတော်မူသော အရှင်ကားဘုရားသခင်ပေတည်း။-
မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူတို့သည် တန်းတူရည်တူဖြစ်ကြ၏။ သူတို့သည်မိမိတို့ ၏အားထုတ်မှုနှင့်အညီအကျိုးကိုရရှိကြ ပေမည်။-
ငါသည်လူမိုက်ကဲ့သို့ပြုလေပြီ။ သို့ရာတွင် သင်တို့ကငါ့ကိုလူမိုက်ဖြစ်အောင်ပြုကြ၏။ သင်တို့သည်ငါ့ကိုထောက်ခံသင့်သူများ ဖြစ်ပေသည်။ ငါသည်မရေရာသောသူဖြစ် စေကာမူသင်တို့၏ထူးမြတ်သည့်တမန် တော်များထက်အဘယ်နည်းနှင့်မျှမညံ့။-
သို့ဖြစ်၍ငါသည်ခရစ်တော်၏တန်ခိုး တော်တွင်ခိုလှုံနိုင်ရန် ငါ၏အားနည်းချက် များကြောင့်အထူးဝမ်းမြောက်လျက်ဂုဏ် ယူဝါကြွား၏။-
အရေးပါအရာရောက်သူမဖြစ်ဘဲ မိမိကိုယ် ကိုအရေးပါအရာရောက်သူဟုထင်မှတ်သော သူသည် မိမိကိုယ်ကိုလှည့်စား၏။-