ကိုယ်တော်သည်လှည့်၍ပေတရုအား ``အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည်ငါ့ အတွက်ဆူးငြောင့်ခလုတ်သဖွယ်ဖြစ်၏။ သင် သည်ဘုရားသခင်၏ရှုထောင့်ကမတွေး၊ လူ ၏ရှုထောင့်ကသာတွေး၏'' ဟုမိန့်တော်မူသည်။
၁ ကော 3:1 - Common Language Bible ညီအစ်ကိုတို့၊ အမှန်အားဖြင့်ဆိုသော်ငါသည် သင်တို့အား ဝိညာဉ်တော်ကိုခံယူရရှိသူများ အနေဖြင့်ပြောဆို၍မဖြစ်။ လောကီသားများ သဖွယ်အနေဖြင့်လည်းကောင်း၊ ခရစ်ယာန်သက် တွင်ကလေးသူငယ်များအနေဖြင့်လည်းကောင်း ပြောဆိုရ၏။- Garrad Bible ညီ အစ် ကို တို့၊ ငါ လည်း သင် တို့ အား ဝိ ညာဉ် သက် ဝင် သူ များ အ ဖြစ် မ ကြား မ ပြော ရ ဘဲ ရုပ် စွဲ သူ ခ ရစ် တော်၌ နု သူ များ အ ဖြစ် ကြား ပြော ရ ၏။ Judson Bible ညီအစ်ကိုတို့၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့အားလည်းကောင်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အားလည်းကောင်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ညီအစ်ကိုတို့၊ ငါသည် သင်တို့ကို ဝိညာဉ်သဘောရှိသောသူများကဲ့သို့ ဟောပြော၍မရဘဲ သွေးသားဇာတိ၌ရှိသောသူများကဲ့သို့လည်းကောင်း၊ ခရစ်တော်၌ ကလေးသူငယ်များကဲ့သို့လည်းကောင်း ဟောပြောရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် ဝိညာဉ်တော်ကို ရရှိထားသောသူများအား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြော၍မရခဲ့ပေ။ လူ့ဗီဇစိတ်ရှိသောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း၊ ခရစ်တော်ကို ယုံကြည်သည့်သက်တမ်းတွင် မွေးကင်းစအရွယ်ကဲ့သို့သောသူတို့အား ဟောပြောသကဲ့သို့လည်းကောင်း ဟောပြောခဲ့ရ၏။ |
ကိုယ်တော်သည်လှည့်၍ပေတရုအား ``အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည်ငါ့ အတွက်ဆူးငြောင့်ခလုတ်သဖွယ်ဖြစ်၏။ သင် သည်ဘုရားသခင်၏ရှုထောင့်ကမတွေး၊ လူ ၏ရှုထောင့်ကသာတွေး၏'' ဟုမိန့်တော်မူသည်။
ပညတ်တရားသည်ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင်ငါသည်အပြစ် တရား၏ကျွန်ဖြစ်သည့်လူသားဖြစ်၏။-
ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။-
မိမိကိုယ်ကိုဘုရားသခင်၏ဗျာဒိတ်တော် ပြန်ကြားသူဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိညာဉ် ဆုကျေးဇူးရရှိသူဖြစ်သည်ဟူ၍လည်းကောင်း ယူဆသောသူသည် ယခုငါရေးလိုက်သော စကားတို့သည်သခင်ဘုရား၏ပညတ်ဖြစ် ကြောင်းသိမှတ်စေ။-
သို့သော်လည်းငါသည်ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဝိညာဉ်ရေးရင့်ကျက်သူတို့အား ပြောဆိုပါ၏။ သို့ရာတွင်ထိုဉာဏ်ပညာကား ဤလောကနှင့်မသက်ဆိုင်။ လောကီမင်းများ နှင့်လည်းမသက်ဆိုင်။ လောကီမင်းတို့၏ တန်ခိုးအာဏာကားလျော့နည်းလျက်နေ ပေသည်။-
ညီအစ်ကိုတို့လူတစ်ဦးတစ်ယောက်သည်မကောင်း မှုတစ်စုံတစ်ရာပြုသည်ကို သင်တို့တွေ့ရှိလျှင် ဝိညာဉ်ပါရမီရှိသောသင်တို့က နူးညံ့သိမ်မွေ့ စွာထိုသူကိုပြုပြင်ပေးရမည်။ သင်တို့သည် မိမိတို့ကိုယ်တိုင်လည်း စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်သတိပြုကြလော့။-
နို့ကိုသောက်သုံး၍အသက်ရှင်သူသည်နို့စို့ သူငယ်ဖြစ်၍ အမှန်နှင့်အမှားကိုကိုယ်တွေ့ သိရှိနားလည်သူမဟုတ်။-
သားသမီးတို့၊ သင်တို့သည်ခရစ်တော်အတွက် ကြောင့်အပြစ်လွတ်ပြီဖြစ်၍သင်တို့ထံငါ စာရေးလိုက်၏။-