သို့ဖြစ်၍ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သူတို့သည် ဘုရားသခင်၏အပြစ် ဒဏ်စီရင်ခြင်းနှင့်ယခုကင်းလွတ်ကြ၏။-
၁ ကော 2:12 - Common Language Bible ငါတို့သည်ဤလောကနှင့်သက်ဆိုင်သည့် ဝိညာဉ်ကိုခံယူကြရသည်မဟုတ်။ ဘုရား သခင်ပေးသနားတော်မူသမျှကိုသိခြင်း ငှာ ကိုယ်တော်စေလွှတ်တော်မူသည့်ဝိညာဉ် တော်ကိုခံယူကြရပြီ။ Garrad Bible ငါ တို့ မှာ မူ ဘု ရား သ ခင် သ နား တော် မူ သော ဆု တော် များ ကို သိ မှတ် ခွင့် ရှိ စေ ရန် ဤ လော က ဆိုင် ရာ ဝိ ညာဉ် ကို မ ဟုတ်။ ဘု ရား သ ခင့် အ ထံ တော် မှ သက် ရောက် သော ဝိ ညာဥ် တော် ကို ခံ ရ ကြ၏။ Judson Bible ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှာ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် လောကီဝိညာဉ်ကို ခံယူရရှိကြသည်မဟုတ်ဘဲ ငါတို့အား ဘုရားသခင်ပေးသနားတော်မူသောအရာတို့ကို သိရှိနိုင်ရန် ဘုရားသခင်ထံမှလာသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဤလောက၏ဝိညာဉ်ကို ရရှိကြသည်မဟုတ်။ ဘုရားသခင်ရက်ရောစွာပေးတော်မူသောအရာကို သိမြင်နိုင်ရန်အတွက် ဘုရားသခင်ထံမှလာသော ဝိညာဉ်တော်ကို ရရှိကြ၏။ |
သို့ဖြစ်၍ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သူတို့သည် ဘုရားသခင်၏အပြစ် ဒဏ်စီရင်ခြင်းနှင့်ယခုကင်းလွတ်ကြ၏။-
မိမိ၏သားတော်ရင်းကိုပင်မနှမြောဘဲငါ တို့ရှိသမျှအတွက် ယဇ်အဖြစ်ပူဇော်တော် မူသောဘုရားသခင်သည်ဆန့်ကျင်မည်မဟုတ်။ ငါတို့အတွက်သားတော်ကိုပူဇော်သောအရှင် သည်အရာခပ်သိမ်းကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။-
သို့ရာတွင်ဘုရားသခင်သည်ပညာရှိတို့ အရှက်ရစေရန် လောကတွင်မိုက်မဲမှုဟု ယူဆရသည့်အရာများကိုရွေးချယ်တော် မူ၏။-
သို့သော်လည်းငါသည်ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဝိညာဉ်ရေးရင့်ကျက်သူတို့အား ပြောဆိုပါ၏။ သို့ရာတွင်ထိုဉာဏ်ပညာကား ဤလောကနှင့်မသက်ဆိုင်။ လောကီမင်းများ နှင့်လည်းမသက်ဆိုင်။ လောကီမင်းတို့၏ တန်ခိုးအာဏာကားလျော့နည်းလျက်နေ ပေသည်။-
ပေါလု၊ အာပေါလု၊ ပေတရုတို့ကိုလည်းကောင်း၊ ဤကမ္ဘာလောကကြီးကိုလည်းကောင်း၊ အသက် ရှင်ခြင်းနှင့်သေခြင်းတို့ကိုလည်းကောင်း၊ မျက် မှောက်ကာလနှင့်အနာဂတ်ကာလတို့ကို လည်းကောင်းသင်တို့ပိုင်ကြ၏။-
ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
လောက၏အပြစ်လမ်းစဉ်အတိုင်းလိုက်လျှောက် ခဲ့ကြ၏။ အာကာသရှိဝိညာဉ်တန်ခိုးများကို အုပ်စိုးသောမင်းကိုနာခံသူများဖြစ်ခဲ့ကြ၏။ ဘုရားသခင်၏အမိန့်တော်ကိုမနာခံသူ တို့သည် ယခုအခါ၌ထိုသူ၏စိုးမိုးအုပ် ချုပ်ခြင်းကိုခံလျက်နေကြရ၏။-
ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။-
သို့ရာတွင်ခရစ်တော်သည်သင်တို့အပေါ်သန့် ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ သည်ဖြစ်၍ သင်တို့အပေါင်းသည်သမ္မာတရား ကိုသိကြပေသည်။-
သင်တို့မူကားခရစ်တော်သည်မိမိ၏ဝိညာဉ် တော်ကိုသင်တို့အပေါ်သို့သွန်းလောင်းတော်မူ ပြီ။ ဝိညာဉ်တော်သည်သင်တို့စိတ်နှလုံးတွင် ကိန်းအောင်းလျက်နေတော်မူသမျှကာလ ပတ်လုံးသင်တို့အားအခြားအဘယ်အရာမျှ သွန်သင်ပေးစရာမလို။ အဘယ်ကြောင့်ဆို သော်ကိုယ်တော်၏ဝိညာဉ်တော်သည်သင်တို့အား ခပ်သိမ်းသောအမှုအရာတို့ကိုသွန်သင်ပေး တော်မူသောကြောင့်ဖြစ်၏။ ဝိညာဉ်တော်သွန်သင် တော်မူသောအရာတို့သည်မှန်ကန်၍အမှား မရှိ။ ထို့ကြောင့်သင်တို့သည်ဝိညာဉ်တော်သွန် သင်သည့်အတိုင်းလိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်ကြ လော့။
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
ထိုနောက်ကောင်းကင်တမန်ကငါ့အား``ဤစကား သည်သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက်တို့အားဝိညာဉ်တော်နှင့်ပြည့်ဝစေ တော်မူသောထာဝရအရှင်ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အမှုအရာများကို မိမိ၏အစေခံတို့အားဖော်ပြရန်ကောင်းကင် တမန်ကိုစေလွှတ်တော်မူပြီ'' ဟုပြော၏။