ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။
၁ ကော 13:9 - Common Language Bible ငါတို့၏အသိပညာသည်မစုံလင်။ ဗျာဒိတ် တော်အားဖြင့်ဟောပြောနိုင်သောစွမ်းရည် သည်လည်းမစုံလင်။- Garrad Bible ငါ တို့ သည် မ စုံ မ လင် သိ လျက်၊ မ စုံ မ လင် ဟော ပြော လျက် နေ ရ သည် မှန်၏။ Judson Bible ယခုမူကား၊ ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက်ဉာဏ်နှင့် မစုံမလင် ဟောတတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် တစ်စိတ်တစ်ဒေသမျှသာသိကြပြီး တစ်စိတ်တစ်ဒေသမျှသာ ပရောဖက်ပြုဟောပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် တစ်စိတ်တစ်ပိုင်းကိုမျှသာ သိကြပြီး တစ်စိတ်တစ်ပိုင်းကိုမျှသာ ပရောဖက်ပြုဟောပြောကြသောကြောင့်ဖြစ်၏။ |
ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။
ကျွန်တော်မျိုး၏အကြောင်းကိုကိုယ်တော်ရှင် သိတော်မူပုံမှာအံ့သြဖွယ်ဖြစ်ပါ၏။ ထိုသို့သောအသိဉာဏ်သည်ကျွန်တော်မျိုး နားမလည်နိုင်အောင်နက်နဲလှပါ၏။
ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။
ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
ကျမ်းစာတော်က၊ ``အဘယ်သူသည်ထာဝရဘုရားရှင် အဘယ်သို့ စဉ်းစားဆင်ခြင်တော်မူသည်ကိုသိသနည်း။ အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်သနည်း။
သို့ရာတွင်စုံလင်သည့်အရာရောက်ရှိလာသော အခါ၌မူကား မစုံလင်သောအရာဟူသမျှ တို့သည်ကွယ်ပျောက်လိမ့်မည်။
ယခုအခါငါတို့သည်ကြေးမုံတွင်ပေါ်လာ သည့်ပုံသဏ္ဌာန်ကိုမြင်ရသကဲ့သို့မထင်မရှား တွေ့မြင်ရကြ၏။ ထိုအခါ၌မူကားမျက်ဝါး ထင်ထင်တွေ့မြင်ရလတ္တံ့။ ယခုအခါငါသည် စုံလင်စွာမသိမမြင်ရ။ ထိုအခါ၌ကား ဘုရားသခင်သည်ငါ့ကိုစုံလင်စွာသိမြင် တော်မူသကဲ့သို့ငါသည်စုံလင်စွာသိ မြင်ရလိမ့်မည်။
သို့သော်လည်းကျမ်းစာလာသည်အတိုင်း၊ ``ဘုရားသခင်သည်အဘယ်သူမျှမမြင်မကြား စဖူး၊ ဖြစ်နိုင်လိမ့်မည်ဟု အဘယ်သူမျှမထင်မမှတ်ဘူးသည့်၊အမှုအရာကို မိမိအားချစ်သောသူတို့အဖို့ပြင်ဆင်ထားတော် မူ၏။''
ငါသည်ဘုရားသခင်၏လူစုတော်တွင်အသိမ် ငယ်ဆုံးဖြစ်ပေသည်။ သို့ရာတွင်ကိုယ်တော်သည် ခရစ်တော်၏အတိုင်းမသိကြွယ်ဝချမ်းသာ ခြင်းဆိုင်ရာသတင်းကောင်းကိုလူမျိုးခြား တို့အားဟောပြောကြေညာရန်နှင့်၊-
ချစ်ဆွေတို့၊ ယခုအခါငါတို့သည်ဘုရား သခင်၏သားသမီးများဖြစ်ကြ၏။ သို့ရာ တွင်နောင်အခါအဘယ်သို့သောသူများဖြစ် မည်ကိုသေချာစွာမသိရကြသော်လည်း ခရစ်တော်ကြွလာတော်မူသောအခါကိုယ် တော်ဖြစ်တော်မူသည်အတိုင်းဖူးမြင်ရကြ မည်ဖြစ်၍ ငါတို့သည်ကိုယ်တော်နှင့်တူကြ မည်ကိုသိကြ၏။-