ထိုအခါဣဇာက်က``အမဲဟင်းကိုယူခဲ့ပါ။ ငါစားပြီးလျှင်သင့်အားကောင်းချီးပေးမည်'' ဟုဆိုလေ၏။ ယာကုပ်သည်ဖခင်ထံသို့ဟင်း ကိုယူခဲ့၏။ ဖခင်သောက်ရန်စပျစ်ရည်ကို လည်းယူခဲ့၏။-
ဧသတာ 5:4 - Common Language Bible ဧသတာက``အရှင်မင်းကြီးသဘောတူတော် မူပါလျှင် ယနေ့ညကျွန်တော်မပြင်ဆင်ထား သည့်ညစာစားပွဲသို့ဟာမန်နှင့်အတူကြွ ရောက်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။ Garrad Bible ဧ သ တာ က၊ ဘု ရင် မင်း သ ဘော တော် မြတ် ပါ မူ၊ ဘု ရင် မင်း အ ဖို့ ကျွန် မ ယင် သော စား သောက် ပွဲ သို့၊ ဟာ မန် နှင့် တ ကွ၊ ယ နေ့ ကြွ တော် မူ ပါ ဟု လျှောက် သော်၊ Judson Bible ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဖို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ ကြွတော်မူပါဟု လျှောက်သော်၊ မြန်မာ့စံမီသမ္မာကျမ်း ဧသတာကလည်း “အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် အရှင်မင်းကြီးအတွက် ယနေ့ ကျွန်တော်မျိုးမ ပြင်ဆင်ထားသောစားသောက်ပွဲသို့ ဟာမန်နှင့်အတူ ကြွရောက်တော်မူပါ”ဟု လျှောက်လေ၏။ |
ထိုအခါဣဇာက်က``အမဲဟင်းကိုယူခဲ့ပါ။ ငါစားပြီးလျှင်သင့်အားကောင်းချီးပေးမည်'' ဟုဆိုလေ၏။ ယာကုပ်သည်ဖခင်ထံသို့ဟင်း ကိုယူခဲ့၏။ ဖခင်သောက်ရန်စပျစ်ရည်ကို လည်းယူခဲ့၏။-
သင်တို့သည်ဧသောနှင့်တွေ့သောအခါ`ကိုယ်တော် ၏အစေခံယာကုပ်သည်ကျွန်ုပ်တို့နောက်မှလိုက် ပါလာပါသည်' ဟုပြောရမည်'' ဟူ၍မှာကြား ၏။ ယာကုပ်က``ယခုပေးလိုက်သောလက်ဆောင် များအားဖြင့် အစ်ကို၏စိတ်ကိုပြေစေ၍သူ နှင့်တွေ့ဆုံရသောအခါ ငါ့အပြစ်ကိုခွင့် လွှတ်ကောင်းခွင့်လွှတ်ပေလိမ့်မည်'' ဟု စိတ်ကူးမိလေ၏။-
ထိုအတောအတွင်း၌ဝါရှတိမိဖုရားသည် လည်းနန်းတွင်း၌ အမျိုးသမီးများအားစား သောက်ပွဲကြီးကိုတည်ခင်းကျွေးမွေးလျက် နေပေသည်။
မင်းကြီး၏အမိန့်တော်အရရှုရှန်မြို့တော် တွင်ဤအမိန့်တော်ကိုထုတ်ပြန်ကြေငြာ ကြ၏။ ထိုနောက်စာပို့လုလင်တို့သည်ကြေ ငြာချက်ကိုပြည်နယ်များသို့ယူဆောင်သွား ကြ၏။ ရှုရှန်မြို့တော်တွင်မငြိမ်မသက်ဖြစ် နေချိန်၌မင်းကြီးနှင့်ဟာမန်တို့သည်ထိုင် လျက်စပျစ်ရည်သောက်နေကြလေသည်။
မင်းကြီးက``မိဖုရားဧသတာ၊ အကြောင်း အဘယ်သို့ရှိသနည်း။ သင်တောင်းလိုသော ဆုကိုငါ့အားပြောကြားလော့။ ငါ၏အင်ပါ ယာနိုင်ငံတစ်ဝက်ကိုပင်တောင်းလျှင်ငါပေး မည်'' ဟုဆို၏။
ထိုနောက်မင်းကြီးသည်ဧသတာ၏အလို ပြည့်စေရန် ဟာမန်အားအလျင်အမြန်ခေါ် ယူတော်မူပြီးလျှင် သူနှင့်အတူဧသတာ ၏ညစာစားပွဲသို့ကြွတော်မူ၏။-
ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။
မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။
ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။-