ပေရသိဧကရာဇ်ဘုရင်ဇေရဇ်နန်းတက်စ၌ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်ကြသူတို့၏ရန်သူများသည် သူတို့အပေါ်၌စွပ်စွဲချက်တင်သွင်းကြ၏။
ဧသတာ 2:1 - Common Language Bible ထိုနောက်မင်းကြီးသည်အမျက်တော်ပြေ သောအခါ ဝါရှတိပြုခဲ့သည့်အမှုကို လည်းကောင်း၊ မိမိထုတ်ပြန်ကြေငြာခဲ့သည့် အမိန့်ကိုလည်းကောင်းသတိရတော်မူ၏။- Garrad Bible ထို နောက်၊ အာ ရွှေ ရု မင်း စိတ် ပြေ သော အ ခါ၊ ဝါ ရှ တိ နှင့် သူ ပြု သော အ မှု ကို လည်း ကောင်း၊ စီ ရင် ချက် ကို လည်း ကောင်း၊ သ တိ ရ သော်၊ Judson Bible တစ်ဖန် ရှင်ဘုရင်အာရွှေရုသည် စိတ်တော်ပြေသောအခါ၊ ဝါရှတိကိုလည်းကောင်း၊ သူပြုသောအမှုနှင့် သူ့တစ်ဖက်၌စီရင်သော အမှုကိုလည်းကောင်း အောက်မေ့တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အမျက်ပြေ၍ ဝါရှတိကိုသတိရလေ၏။ ဝါရှတိပြုမူခဲ့ပုံနှင့် သူ့အပေါ် အပြစ်ဒဏ်ချခဲ့ပုံတို့ကိုလည်း သတိရလေ၏။ |
ပေရသိဧကရာဇ်ဘုရင်ဇေရဇ်နန်းတက်စ၌ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်ကြသူတို့၏ရန်သူများသည် သူတို့အပေါ်၌စွပ်စွဲချက်တင်သွင်းကြ၏။
သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။