သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာသော အခါရှောလု၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်ရာထာဝရဘုရား ၏ရှေ့တော်၌ ဒါဝိဒ်မင်းကခုန်လျက်နေသည် ကိုမြင်လေသော်မင်းကြီးအားရွံရှာမိ၏။-
ဧသတာ 1:17 - Common Language Bible အင်ပါယာနိုင်ငံတစ်ဝှမ်းလုံးရှိအမျိုး သမီးအပေါင်းသည် မိဖုရားပြုသည့်အမှု ကိုကြားသိလျှင် မိမိတို့ခင်ပွန်းများအား အထင်သေးကြပါလိမ့်မည်။ သူတို့က``ဇေရဇ် မင်းသည်ဝါရှတိမိဖုရားအားအမိန့်ပေး ၍ခေါ်ယူပါသော်လည်း မိဖုရားကအမိန့် တော်ကိုမနာခံပါဟုပြောဆိုကြပါ လိမ့်မည်။- Garrad Bible မိ ဖု ရား ဝါ ရှ တိ ကို ဘု ရင် အာ ရွှေ ရု မင်း ခေါ် ၍ မ လာ ဟု၊ အ နှံ့ အ ပြား ပြော ဆို ကြ သည့် ကာ လ၊ မိ ဖု ရား ပြု သော ဤ အ မှု ကို ခပ် သိမ်း သော မိန်း မ တို့ ကြား သိ လျှင်၊ ကိုယ့် ခင် ပွန်း အား မ ထီ လေး စား ပြု ကြ မည် သာ မ က၊ Judson Bible ရှင်ဘုရင်အာရွှေရုသည် မိဖုရားဝါရှတိကို ခေါ်၍၊ မိဖုရားမလာဟု အနှံ့အပြား ပြောကြသဖြင့်၊ မိဖုရားပြုသော ဤအမှုကို ခပ်သိမ်းသောမိန်းမတို့သည် ကြား၍ မိမိတို့ခင်ပွန်းကို မထီမဲ့မြင် ပြုကြပါလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း မိဖုရား၏အပြုအမူကို မိန်းမအပေါင်းတို့ကြားသိလျှင် ‘အာရွှေရုမင်းကြီးသည် မိဖုရားဝါရှတိကို ရှေ့မှောက်သို့ အခစားဝင်စေသည်ကိုပင် သူမဝင်’ဟု ပြောဆိုကြပြီး ကိုယ့်ခင်ပွန်းကို မထီမဲ့မြင်ပြုကြလိမ့်မည်။ |
သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာသော အခါရှောလု၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်ရာထာဝရဘုရား ၏ရှေ့တော်၌ ဒါဝိဒ်မင်းကခုန်လျက်နေသည် ကိုမြင်လေသော်မင်းကြီးအားရွံရှာမိ၏။-
ပေရသိဧကရာဇ်ဘုရင်ဇေရဇ်နန်းတက်စ၌ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်ကြသူတို့၏ရန်သူများသည် သူတို့အပေါ်၌စွပ်စွဲချက်တင်သွင်းကြ၏။
ထိုအခါမမုကန်သည်မင်းကြီးနှင့်မှူး မတ်တို့အား``ဝါရှတိမိဖုရားသည်ဘုရင် မင်းမြတ်ကိုသာလျှင်စော်ကားသည်မဟုတ် ပါ။ ဘုရင့်မှူးကြီးမတ်ရာတို့ကိုလည်းစော် ကားပေသည်။ အကယ်စင်စစ်သူသည်အင် ပါယာနိုင်ငံတစ်ဝှမ်းလုံးရှိအမျိုးသား အပေါင်းတို့ကိုစော်ကားပါ၏။-
မိဖုရား၏အပြုအမူကိုကြားသိရ သည့်ပေရသိနှင့် မေဒိမှူးမတ်ကတော်တို့ သည်နေမဝင်မီမှူးမတ်တို့အား ထိုအကြောင်း ကိုပြောကြားကြပါလိမ့်မည်။ အမျိုးသမီး များသည်မိမိတို့ခင်ပွန်းတို့အားမထီ မဲ့မြင်ပြု၍ အမျိုးသားတို့သည်မိမိတို့ ၏ဇနီးတို့အားဒေါသအမျက်ထွက်ကြ လိမ့်မည်။-
သို့ရာတွင်သင်တို့တစ်ဦးစီနှင့်လည်းသက်ဆိုင် ပေသည်။ လင်ဖြစ်သူသည်မယားကိုကိုယ်နှင့် အမျှချစ်ရမည်။ မယားဖြစ်သူသည်လည်း လင်ယောကျာ်းကိုရိုသေလေးစားရမည်။