ငါတို့သည်ပစ္စည်းရှိသမျှကိုရေတွက်ချိန် တွယ်ကြ၏။ တစ်ချိန်တည်းမှာပင်စာရင်းမှတ် ယူကြ၏။
ဥရိသား ယဇ်ပုရောဟိတ် မေရမုတ်သည် ထိုရွှေငွေတန်ဆာရှိသမျှတို့ကို ရေတွက်ချိန်တွယ်၍ တစ်နေ့ချင်းတွင် အချိန်ပေါင်းကို မှတ်သားလေ၏။
ထိုပစ္စည်းအားလုံးကို ရေတွက်ချိန်တွယ်ပြီးသည်နှင့်တစ်ပြိုင်နက် အလေးချိန်စာရင်းကိုပါ ရေးမှတ်ထား၏။
သင်တို့သည်ဗိမာန်တော်သို့မရောက်မချင်း ထိုပစ္စည်းများကိုစောင့်ထိန်းလျက် ဗိမာန်တော် ရှိယဇ်ပုရောဟိတ်တို့၏အခန်းများတွင် ချိန်တွယ်၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်ခေါင်းဆောင်များ၊ ယေရုရှလင် မြို့ရှိဣသရေလပြည်သူတို့၏ခေါင်းဆောင် များလက်သို့ပေးအပ်ကြလော့'' ဟုမှာ ထား၏။-
ထိုနောက်စတုတ္ထနေ့၌ဗိမာန်တော်သို့သွား၍ ရွှေငွေနှင့်အသုံးအဆောင်များကိုချိန်တွယ် ကာ ဥရိယ၏သားယဇ်ပုရောဟိတ်မေရမုတ် လက်သို့ပေးအပ်ကြ၏။ သူနှင့်အတူဖိနဟတ် ၏သား ဧလာဇာနှင့်လေဝိအနွယ်ဝင်နှစ်ဦး ဖြစ်ကြသော ယောရှု၏သားယောဇဗဒ်နှင့် ဗိနွိ၏သားနောဒိတို့လည်းရှိကြ၏။-
ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားမီးရှို့ဆက်သရန် ပူဇော် သကာများကိုယူလာကြ၏။ ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် နွားတစ်ဆယ့် နှစ်ကောင်၊ သိုးထီးကိုးဆယ့်ခြောက်ကောင်၊ သိုး သားငယ်ခုနစ်ဆယ့်ခုနစ်ကောင်ကိုပူဇော် ကြ၏။ ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုလည်း အပြစ် ဖြေရာယဇ်အဖြစ်ပူဇော်ကြ၏။ ဤတိရစ္ဆာန် အားလုံးကိုထာဝရဘုရားအား မီးရှို့ရာ သကာအဖြစ်ပူဇော်ကြလေသည်။-